၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ မေ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၁၆ ရက်၊ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခန္တီး-ဆင်သေ-လဟယ်လမ်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်တွင်ဆောင်ရွက်မည့် မိုင်တိုင်အမှတ် ၃၃-၃၄ ကြား မျက်ကွယ်ကုန်းဖြတ်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့်နေရာ၊ အမြင့်ပေ ၄၉၉၇ ပေရှိ ထိန်ညိုတောင်ရှုခင်းသာဗျူးပွိုင့် ဆောင်ရွက်မည့်နေရာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လဟယ်မြို့အဝင် မိုင်တိုင်အမှတ် ၅၁-၅၂ ကြား လမ်းတာချဲ့ခြင်းလုပ် ငန်းပြီးစီးမှုအခြေ အနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုကြမည့် လဟယ်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၃၀ ဦးအား လဟယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စခန်းသွင်း သင်ကြားပေးနေမှုများနှင့် လဟယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံ ပညာမူလတန်းကျောင်းများမှ ဆရာ/ဆရာမများအား ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း သင်ကြားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား နေ့လည်စာကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း ဝန်းအတွင်းရှိ ချယ်ရီမြိုင်ခန်းမတွင် လဟယ်မြို့နယ်ရှိ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေကြသည့် ဆရာ၊ဆရာမများ၊ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာ မေးပွဲ ပြန်လည်ဖြေဆိုရခြင်းအတွက် နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် စခန်းသွင်းသင်ကြားနေစဉ်ကာလအတွင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် အုပ်ချုပ်၊ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေ အနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်ပညာရေးမှူးထံ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် စခန်းသွင်းသင်ကြားနေစဉ်ကာလအတွင်း စားသောက်စရိတ် ငွေကျပ်သိန်း- ၂၀၀ ကျပ် အားလည်းကောင်း၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေ ကြသည့် ဆရာ/ဆရာမများအတွက် ငွေကျပ်- ၃၀ သိန်းတို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးကလည်းကောင်း၊ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေကြသည့် ဆရာ/ဆရာမများ ကိုယ် စား ဆရာမတစ်ဦးက လည်းကောင်း ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ဟွေထိုက်ချောင်းပေါ်တွင် ရေထိန်းတမံ တစ်ခုတည်ဆောက်၍ ရေသိုလှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကိုအသုံးပြုလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ နှစ်စဉ်လျှစ်စစ်ဓာတ်အား ၂၀.၃၈၁ ကီလိုဝပ်နာရီသန်း ပေါင်း ထုတ်လုပ်နိုင်မည့် ဟွေထိုက်အသေးစားရေအားလျှပ်စစ် စီမံကိန်းရှင်းလင်းဆောင် သို့ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂)တည် ဆောက်ရေး၊ တာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန် စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ ကုန်ကြမ်းပစ္စည်းများလုပ် ငန်းခွင်သို့ အချီန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ် ငန်းများပြီးစီးအောင် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ တည်ဆောက် ရေးလုပ် ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံတိုင်းရင်းသားများ အား တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြပြီး ဆေးရုံအုပ်ကြီး ထံ ဆရာဝန်/သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများအတွက် ငွေကျပ် – ၁၀ သိန်းအား ပေး အပ်ခဲ့ကြောင်း သိရသည်။










စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ နန္နဝန် အရာထမ်း ဝန်ထမ်း အိမ်ရာအတွင်းရှိ “နန္နဝန်အားမာန်” ဖူဆယ်အားကစား ဘောလုံးကွင်းဖွင့်ပွဲ အထိန်း အမှတ် ဝန်ထမ်းပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အိမ်ရာအတွင်း ဖွံ့ဖြိုးရေးလုပ
မုံရွာ၊ မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္နဝန်အရာထမ်း ဝန်ထမ်းအိမ်ရာအတွင်းရှိ “နန္နဝန်အားမာန်” ဖူဆယ်အားကစား ဘောလုံးကွင်းဖွင့်ပွဲ အထိန်းအမှတ် ဝန်ထမ်းပေါင်း စုံဖူဆယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၁၅ ရက်၊ နံနက်ပိုင်းတွင် အဆိုပါ အိမ်ရာအတွင်းရှိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အိမ်ရာ အတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ/မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် နန္နဝန်အိမ်ရာနေ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ ရုံးချိန်ပြင်ပတွင် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရန်အတွက် Out door/ Fitness အားကစားပစ္စည်းများအား ထားရှိဆောင်ရွက်ပေးခြင်း၊ မူလအားကစားကွင်းနေရာ အား ဘက်စုံသုံးအားကစားကွင်းနှင့် ဖူဆယ်ဘောလုံးကွင်းတို့အား အဆင့်မြှင့်အားကစား ကွင်းများအဖြစ် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းအိမ်ရာများ၏ အင်္ဂါရပ်များနှင့်အညီ အမြင်တင့်တယ်၍ သန့်ရှင်းသပ်ရပ်သည့် အသိုက် အဝန်းတခုဖြစ်ပေါ်ရေးအတွက် ဌာနမှအဓိကထား ဆောင်ရွက်နေသကဲ့သို့ အိမ်ရာများတွင် နေထိုင်ကြသည့် ဝန်ထမ်းများနှင့်မိသားစုများမှလည်း ကျန်းမာကြံ့ခိုင်ပြီး သာယာပျော်ရွှင် ဖွယ်ကောင်းသည့် လူ့အသိုက်အဝန်းနှင့် စိတ်ဓါတ်မြင့်မား၍ နွေးထွေးလုံခြုံမှုရှိသည့် အိမ်ရာ တစ်ခုအဖြစ် နေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ဖူဆယ်အားကစားပြိုင်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ဝန်ထမ်းများနှင့်မိသားစုဝင်များမှလည်း အားကစားသမားကောင်း တစ် ယောက်စိတ်ဓါတ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစား အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲဝင်အားကစားအသင်းများမှ ကွင်းအတွင်းမှပြန် လည်ထွက်ခွာကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဖူဆယ်အားကစား ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် နန္နဝန်လူငယ်အသင်းနှင့် မြသလ္လာအသင်းတို့ ယှဉ်ပြိုင်ကစားနေမှု များအား ကြည့်ရှုအားပေးကြရာ နန္နဝန်အသင်းမှ မြသလ္လာအသင်းအား ၅ ဂိုး ၂ ဂိုးဖြင့် အနိုင် ရရှိသွားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန္နဝန်အိမ်ရာ အတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း/အမှုထမ်းများနှင့် မိသားစုဝင် များ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အိမ်ရာအတွင်းရှိ “မြတ်စေတနာအလင်းရောင်”စာကြည့်တိုက်သို့ ရောက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စာကြည့်တိုက်တာဝန်ခံထံ သုတရသစာအုပ်/စာစောင်များ ဝယ်ယူနိုင်ရန်အတွက် ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ခဲ့ကြပြီး စာကြည့်တိုက်အတွင်း သုတရသ စာအုပ်စာစောင် များစနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာအတွင်း နေထိုင်ကြသည့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းနှင့် မိသားစုများ ဈေးဝယ်ယူရာတွင် လွယ်ကူစွာဝယ်ယူနိုင်ရေးနှင့် မိသားစုများ၏ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်ရွယ်ကာ မုံရွာမြို့နယ်၊ စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့သည့် စေျးဆိုင်အခန်းပေါင်း ၄၀ ခန်းပါဝင်သည့် အလျား – ၆၀ ပေ၊ အနံ – ၄၀ ပေ၊ ဈေးရုံအဆောက် အဦ တည်ဆောက်ပြီးစီးမှုနှင့် ဈေး ရောင်းချနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးရောင်းချနေသူများနှင့် ဈေးလာရောက်ဝယ်သူများအား ရောင်းဝယ်ရေးအခြေအနေများအား မေးမြန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုကြမည့် ခန္တီးမြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၃၇၀ ဦးအား ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စခန်းသွင်း သင်ကြားပေးနေမှုများနှင့် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံပညာမူ လတန်းကျောင်းများမှ ဆရာ/ဆရာမများအား ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာ သင်တန်း သင်ကြားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ကြီးထံ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် စခန်းသွင်းသင်ကြားနေစဉ်ကာလအတွင်း စားသောက်စရိတ် ငွေကျပ်သိန်း- ၃၀၀ ကျပ်နှင့် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက် ရောက်နေကြသည့် ဆရာ/ဆရာမများအတွက် ငွေကျပ်- ၃၀ သိန်းတို့အား ပေးအပ်ချီးမြှင့် ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား နေ့လည်စာကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရ သည်။












သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



