slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေး

စစ်ကိုင်း၊ မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများအား ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့်နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးက အခြေခံပညာအထက် တန်းကျောင်းခွဲ(ရန်နိုင်)အတွင်းရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်းတွင် One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက မေလ (၁၄)ရက်၊ ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေးတို့က ငလျင်ဘေးသင့် ပြည်သူများအား ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ငလျင်ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် အခြေခံပညာမူလတန်းကျောင်း (ထုံးဘို)၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဇေယျာ)၊ ဝါကြိတ်စက်ရုံ(စစ်ကိုင်း)နှင့် မရှိခဏဘုရား၊ မဟာစေတီလှဘုရာကြီးတို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နှစ်(၇၀၀) ဘောလုံးကွင်းတွင် ငလျင်ဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲတွင် ဘိလပ်မြေ၊ အုတ်၊ ကပ်၊ ဝါးထရံ၊ သွပ်၊ ပိုက်နှင့်ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အခြားအိမ်ဆောက်ပစ္စည်း များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

20250515 12

20250515 12

20250515 12

20250515 12

20250515 12

20250515 12

20250515 12

20250515 12

20250515 12

20250515 12

20250515 12

20250515 12

20250515 12

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးစစ်ကိုင်း မြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

စစ်ကိုင်း၊ မေ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန် ရှိသူများက မေလ (၁၄)ရက်၊ နံနက်ပိုင်း တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် ရာဇမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ ရောက်ရှိရာ ထိခိုက် ပျက်စီးခဲ့သည့် ကျောင်းဆောင်များအား ပြန်လည်ရှင်းလင်းပြုပြင်နေမှုအခြေအနေများကို တာဝန်ရှိသူ များက ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင်စေတီတော်၊ ပတ္တမြားစေတီတော်၊ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်နှင့် ရှင်ပင်နံကိုင်းစေတီတော်တို့တွင် ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်ဖွဲ့ဝင်များအား အချိုရည်ဘူးများ၊ ရေသန့်ဘူး များနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဧရာဝတီမြစ် ဇက်ကူးတို့ဆိပ်တွင် ကုန်တင်ယာဉ်ကြီးများ၊ ဆီသယ်ယာဉ်များ အဆင်ပြေစွာ ဖြတ်သန်သွားလာနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

20250515 01

20250515 01

20250515 01

20250515 01

20250515 01

20250515 01

20250515 01

20250515 01

20250515 01

20250515 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.