၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းအင်းဝတံတား အဟောင်းကြီး ပြိုကျပျက်စီးမှု ပြန်လည်ဆည်တင် ၊ စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ လူနေအိမ်တိုက်တာများ ပြိုကျ ပျက်စီးနေမှုများပြန်လည်ရှင်းလင်း
မုံရွာ၊ မေ ၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မေလ ၃ ရက်၊ နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ဧရာဝတီ မြစ်ကူး စစ်ကိုင်းအင်းဝတံတားအဟောင်းကြီး၏ ဂုံး ၁၀ ဂုံးရှိသည့်အနက် ဂုံး ၆ ဂုံး ပြိုကျ ပျက်စီးခဲ့ရာ မြန်မာစီးပွားရေးကော်ပရေးရှင်းမှ စက်ယန္တရားများ၊ လူအင်အားများဖြင့် ရေလမ်းကြောင်းကောင်းမွန်စေရန်အတွက် တံတားကြီး၏ဂုံး အမှတ် ၄ မှစတင်၍ တံတားကြီးအားပြန်လည်ဆည်တင်နေမှု လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ရှိသူများမှ တံတားကြီး ဆည်တင်နေမှုလုပ်ငန်းများအား လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့က လုပ်ငန်း များဆောင်ရွက်နေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တံတား ကြီးဆည်တင်နေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
၂၀၂၅-ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကြီးအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၂၁ မြို့နယ်ဖြေဆိုခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန် ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ် စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၃)မြို့နယ် စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၈၂၀၂ ဦး၏ တက္ကသိုလ်ဝင်တန်း အဖြေလွှာ များ မီးလောင်ဆုံးရှုံးခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုကြမည့် စစ်ကိုင်းမြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၁၅၀၀ ဦးကျော်အား ပညာရေးတက္ကသိုလ် (စစ်ကိုင်း)ရှိ သက်မှတ်ကျောင်းဆောင် စာသင်ခန်းများတွင် စိတ်အေးချမ်းသာစွာ ပညာ သင်ကြားနေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ပညာ ရေးမှူးတို့က ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် စခန်းသွင်း စာသင်ကြားချိန်ကာလအတွင်း နေထိုင်စားသောက်ရေးနှင့် ကျောင်းသုံးစာအုပ်များ၊ စာ ရေးကိရိယာများ ထောက်ပံ့ပေးအပ်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့သည် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်သို့ ထမင်းစားဆောင်များတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ နေ့လည်စာသုံးဆောင်နေမှုများ အားလိုက်လံကြည့်ရှုခဲ့ကြပြီး ဆရာ/ဆရာမများနှင့်အတူ နေ့လည်စာအတူတကွ သုံး ဆောင်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့သည် မန္တလေး ငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်နှင့် စစ်ကိုင်းတောင်ရိုးပေါ်ရှိ ရာဇမဏိစူဠာ ကောင်းမှု တော်စေတီတော်၊ ဆွမ်းဦးပုညရှင်စေတီတော်၊ ရတနာထွဋ်ခေါင်စေတီတော်၊ ဉမင်သုံး ဆယ်စေတီတော်၊ လေးကျွန်းမာရန်အောင်စေတီတော်၊ မရှိခဏစေတီတော်၊ စေတီလှ စေတီတော်မြတ်ကြီးများရှိ စေတီတော်ကြီးများနှင့် သာသနိကအဆောက်အဦများ ပြို ကျပျက်စီးနေမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများ အား သွားရောက်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊အမှတ်(၃) အခြေခံ ပညာအထက်တန်း ကျောင်းရှိ စာသင်ဆောင်များအား လည်းကောင်း၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမ ပြိုကျပျက်စီးမှုများအား လည်းကောင်း တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ပြန်လည် ရှင်းလင်းဖယ်ရှားနေမှုများအားသွားရောက် ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများ ပြိုကျ ပျက်စီးခဲ့မှုများအား ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား တပ်မတော်သားများ၊ မြန် မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအားသွားရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဆရာတော် ကြီးများထံ နိုင်ငံတော်ဆိုင်ရာ ဘွဲ့လက်မှတ်တော်နှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
မုံရွာ၊ မေ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာ တော်၊သံဃာတော်များ စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာပွားများနိုင်စေရန်နှင့် ဆွမ်းကွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်းပွဲကို မေလ ၂ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဇောင်ကြမ်းပင် ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမျာနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ ဇောင်ကြမ်းပင် ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော်သံဃနာယက အဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္တ ဝါစက ဘဒ္ဒန္တ ကုမာရသိရီ ဆရာတော်ကြီးအား နိုင်ငံတော်မှ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ (သာသနာပြု ပထမဆင့်)ဘွဲ့လက်မှတ်တော်အား ဇောင်ကြမ်းပင် ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ မာနိတ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ မှ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ် လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ သဒ္ဒမ္မပဇ္ဇောတာရုံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ဆရာ တော်ကြီးများထံ တာဝန်ရှိသူများနှင့်အတူ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ တိပိဋကလင်္ကာရသာမဏေကျော် ဘုန်းတော်ကြီးသင် ပညာ ရေးကျောင်းသို့ ရောက်ရှိရာ ဘဒ္ဒန္တ ကောဝိဒ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော်များ ထံ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ် လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ သည်။
ဆက်လက်ပြီး ဆရာတော်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် အဆိုပါ ကျောင်းတိုက်ကြီးအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘိလပ်မြေအိတ် – ၅၀၀၀ (ငါးထောင်)လှူဒါန်းမှုဖြင့် ရွှေရတုပညာပါရမီစာသင်ကျောင်းဆောင် အလျား – ၁၃၀ ပေ၊ အနံ – ၄၄ ပေ၊ RC ၃ ထပ်ကျောင်းဆောင် အဆောက်အဦသစ်အား လိုက်လံကြည့် ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



