၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တိုင်းဒေသကြီးဝန်ကြီးများ စစ်ကိုင်းမြို့၊ ငလျင်ဘေးကယ်ဆယ်ရေးစခန်းများအား ကြည့်ရှုစစ်ဆေး ငလျင်ဘေးကြုံတွေ့ခဲ့ရသည့် ပြည်သူများအား တွေ့ဆုံအားပေး
စစ်ကိုင်း၊ မေ ၂
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး နှင့် တာဝန်ရှိသူများသည် မေလ (၂)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စကုမှော် ငလျင်ဘေး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး ငလျင်ဘေး ကြုံတွေ့ခဲ့ရသည့် ပြည်သူများ တွေ့ဆုံ၍ အားပေး စကား ပြောကြာခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေးကျွန်း မာရ်အောင်စေတီတော် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ဆောင် ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)တွင် အဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးမှုအခြေ အနေအား ကြည့်ရှုစစ်ဆေးရာ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်) မှ တာဝန်ရှိသူများက ငလျင်ကြောင့် ပျက်စီးမှုများအား ပြန်လည်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ ကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ဘောလုံးကွင်းရှိ ငလျင်ဘေးကယ်ဆယ် ရေးစခန်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်း များသို့ ရောက်ရှိပြီး ငလျင်ဘေး ကြုံတွေ့ခဲ့ရသည့် ပြည်သူများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။











စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ၊ မေ ၁
(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို မေလ ၁ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ကျင်းပပြုပ်လုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးတို့က (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသည့် ဆိုင်းဘုတ်အား ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အဆိုပါဆိုင်းဘုတ်ရှေ့ တွင်တာဝန်ရှိသူများအတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ အကျယ်မြေ ဧက ၃၀ တွင် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာ များမှပြည်သူများအားလပ်ရက်များတွင် အပန်းဖြေအနားယူနေနိုင်ရန်အတွက် မုံရွာမြို့ နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်နေသည့် ပြည်သူ့ဉယျာဉ်တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြည်သူ့ဉယျာဉ်မျက်နှာစာနှင့် ရင်ပြင်အတွင်း နိုင်လွန် ကတ္တရာခင်းခြင်းလုပ်ငန်း၊ အုတ်စီရေမြောင်းပြုလုပ်ပြီးစီးခြင်းလုပ်ငန်း၊ အခြေခံအလွှာပြု ပြင်ပြီးစီးခြင်းလုပ်ငန်းနှင့် မုခ်ဦးတည်ဆောက်ပြီးစီးမှုလုပ်ငန်းများနှင့် ပတ်သက် ၍ ရှင်း လင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ဆောင်ရွက်သည့်လုပ်ငန်းများအပေါ် စေတနာထားကာ ဆောင်ရွက်ကြရန် မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါပြည်သူ့ရင် ပြင်အတွင်း ပန်းအလှပင်များစိုက်ပျိုးနေမှု၊ ရင်ပြင်အတွင်းနိုင်လွန်ကတ္တရာခင်းကျင်းနေမှု၊ အများသုံးသန့်စင်ခန်းနှင့် ရုံးအဆောက်အဦများ တည်ဆောက်ပြီးစီးမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့ပြနှင့်အိမ် ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာအတွင်း နေထိုင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းနှင့် မိသားစုများ ဈေးဝယ်ယူရာတွင် လွယ်ကူစွာဝယ်ယးနိုင်ရေးနှင့် မိသားစုများ၏ အလုပ် အကိုင်အခွင့်အလမ်းများ အဆင်ပြေစေရေးအတွက် ရည်ရွယ်ကာ ဈေးဆိုင်အခန်းပေါင်း ၄၀ ခန်းပါဝင်သည့် အလျား – ၆၀ ပေ၊ အနံ – ၄၀ ပေ တည်ဆောက်ပြီးစီးမှုနှင့် ဈေး ရောင်းချနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အိမ်ရာ အတွင်းရှိ နန္ဒဝန်အားမာန် ဖူဆယ်အားကစားကွင်း တည်ဆောက်ပြီးစီးမှုနှင့်မြတ်စေတနာအလင်းရောင် စာကြည့်တိုက်အတွင်း သုတ/ရသစာအုပ်စာစောင်များ စနစ်တကျထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး စာရင်းစစ်ဦးစီးဌာရုံးရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ GRF ငွေလုံးငွေရင်းအသုံးစရိတ်မှ တည်ဆောက်ခဲ့သည့် စားဖိုဆောင် အဆောက်အဦတည်ဆောက်ပြီးစီးနှင့် ဝန်ထမ်းအိမ်ရာ များကြံ့ခိုင်မှုရှိစေရေးတို့အား လည်းကောင်း၊ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် အဆောက်အဦများ ကြံ့ခိုင်မှုရှိ စေရေးတို့အား လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



