၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ စစ်ကိုင်းမြို့၌ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ဘုရားစေတီ ပုထိုးများနှင့် အဆောက်အအုံများ ပြန်
စစ်ကိုင်း၊ ဧပြီ ၂၉
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး နှင့် တာဝန်ရှိသူများသည် ဧပြီ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၌ မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် မဟာစေတီလှဘုရားကြီးအား ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက် နေမှု၊ ကောင်းမှုတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် သန့်ရှင်းရေးဆောင်ရွက်နေမှု၊ သမဝါယမ နှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ပြိုကျပျက်စီးခဲ့သည့် စာသင်ဆောင်များ ပြန်လည် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး နှင့် တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ရင်ပြင်တော်၊ ဥမင်သုံးဆယ်ဘုရား၊ လေးကျွန်းမာရ်အောင်ဘုရားနှင့် သုတေသကသီလရှင်စာသင်တိုက် ပြန်လည်ရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။
စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များအား ပြန်လည် ရှင်းလင်းရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက စက်ယန္တရားများ၊ လုပ်ငန်းသုံးယာဉ်များဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။









စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၅) အစည်း အဝေး ကျင်းပ
မုံရွာ၊ ဧပြီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၅) အစည်းအဝေးကို ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင် ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မ တီ အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည့်အတွက် စစ်ကိုင်းမြို့ နှင့်စစ်ကိုင်းတောင်ရိုးပေါ်တွင်တည်ရှိသည့် ဘုရားစေတီ၊ပုထိုးများ၊ သာသနိကအဆောက် အဉီများ၊ လူနေအိမ်တိုက်တာအဆောက်အဦများစွာနှင့် လမ်းတံတားများစွာ မထင်မှတ် ထားလောက်အောင် ပြိုကျပျက်စီးဆုံးရှုံးမှုများ ကြီးမားခဲ့ပါကြောင်း၊ ခရီးသွားဇုန်(၆)ဇုန် အနက် အားအထားရဆုံးဖြစ်သည့် စစ်ကိုင်းခရီးသွားဇုန် ခရီးသွားလုပ်ငန်းသည် လောလော ဆယ်ရပ်တန့်ထားရသည့် အနေအထားလို့ သိရှိရပါကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း အထွေထွေပျက်စီးဆုံးရှုံးမှုများအားကုစား၍ အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရန်နှင့် တိုင်းဒေသကြီးခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးထူထောင်နိုင် ရေးအတွက် ယခုအစည်းအဝေးသို့ တက်ရောက်လာသူအားလုံးမှ အကြံပြုဆွေးနွေးသွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၃/၂၀၂၅ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင် ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရ မည့်ကိစ္စရပ် များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီး သွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



