slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမ များ၊ကျောင်းသားမိဘများနှင့် တွေ့ဆုံ

မုံရွာ၊ ဧပြီ ၂၈

၂၀၂၅-ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကြီးအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၂၁ မြို့ နယ်ဖြေဆိုခဲ့ရာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန် ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ် စဉ် ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်အပါအဝင်(၁၃)မြို့နယ် စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၈၂၀၂ ဦး၏ တက္ကသိုလ်ဝင်တန်း အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက်၊ နံနက်ပိုင်း မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက် တန်းရှိ မြတ်သလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမြတ်ကျော်က မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ကျောင်းများတွင် စခန်းသွင်းသင်ကြားနေချိန်ကာလအတွင်း စိတ်အေးချမ်းသာစွာဖြင့် နေထိုင်စားသောက်မှုလုပ်ငန်းများ လိုအပ်ချက်မရှိဘဲ ပြည့်စုံလုံလောက်အောင် တာဝန်ရှိသူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စခန်းသွင်းသင်ကြားနေချိန်အတွင်း သောက်သုံးရေ၊ လျှပ်စစ်မီးပျက်တောက်မှုမရှိစေရေး၊ ကျန်းမာစောင့်ရှောက်လုပ်ငန်းများပေးထားရေး၊ အိပ်ဆောင်၊ စားဆောင်၊ စာသင်ဆောင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း လုံခြုံအေးချမ်းစွာ အောင်မြင်စွာဖြေဆိုနိုင်ရေးတို့ အား တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်သွားကြမည့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကော လိပ်များမှ ဆရာ၊ဆရာမများအနေဖြင့် သင်ကြားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နာ ၄ နာ စိတ်ဓါတ်အပြည့်ဖြင့် သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျောင်းသား၊ကျောင်းသူများ စခန်းသွင်းသင်ကြားပေးသွားမည့် အစီအစဉ်များနှင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပသွားမည့် အခြေအနေများအားလည်းကောင်း၊ မုံရွာ တက္ကသိုလ်ပါမောက္ခချုပ်မှ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် မေးခွန်းထုတ်ဝေသွားမည့် အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်စွာ ကျင်းပ ဖြေဆိုနိုင်ရေးအတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ အနေများအား လည်းကောင်း ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် လာကြသည့် ကျောင်းအုပ် ကြီး၊ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများမှ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲ စခန်းသွင်းသင်ကြားသွားမည့် အခြေအနေများအပေါ် လိုအပ်သည်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စခန်းသွင်းသင်ကြားနေချိန်ကာလ အတွင်း ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းအုပ်ဆရာမ ကြီးထံ ငွေကျပ် သိန်း – ၁၀၀၀ အား လည်းကောင်း၊ ကျောင်းသား၊ကျောင်းသူ ၄၅၄ ဦး အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ် ခဲ့ပြီး ကျောင်းအုပ်ကြီး၊ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ၏ ဆွေး နွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း(အလုံ)သို့ ရောက်ရှိရာ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာ မေးပွဲအားဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပဖြေဆိုနိုင်ရေးအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေ အနေများအား ရှင်းလင်းပြောကြား သည်။

ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူး၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မိမိတို့ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီး၊ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများမှ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲ စခန်းသွင်းသင်ကြားသွားမည့် အခြေအနေများအပေါ် လိုအပ်သည်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စခန်းသွင်းသင်ကြားနေချိန်ကာလ အတွင်း ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းအုပ်ဆရာမ ကြီးထံ ငွေကျပ် သိန်း ၁၀၀၀ အား လည်းကောင်း၊ ကျောင်းသား၊ကျောင်းသူ ၂၄၈ ဦး အတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ် ခဲ့ပြီး ကျောင်းအုပ်ကြီး၊ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ၏ ဆွေး နွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250429 22

20250429 22

20250429 22

20250429 22

20250429 22

20250429 22

စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်းအမြစ် အရည် အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၂)ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မုံရွာ၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်းအမြစ် အရည် အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားသို့ ဧပြီလ ၂၈ ရက်၊ နံနက် ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြုလုပ်ရာ ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက် ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံ e-Government ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များအား Myanmar e-Government Master Plan 2030 ၏ လမ်းပြမြေပုံတွင် ဖော်ပြထားသည့် အဆင့်များအတိုင်း အောင်မြင်စေရန် တာဝန်ရှိအားလုံးမှ တစိုက်မတ်မတ် ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ယခုသင်တန်းသည် မိမိတို့တိုင်းဒေသကြီး၏ လုပ်ငန်းဆောင်တာများအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရန် ဦးတည်သည့်ခရီးစဉ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ဖွမ်း ဆောင်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုအဆင့် မြင့်မား လာစေမည့် အစီအစဉ်ဖြစ်သည့် ဉာဏ်ရည်ဉာဏ်သွေး မြှင့်တင်ပေးခြင်းနှင့် လေ့ကျင့်သင် ကြားပေးခြင်း လုပ်ငန်းစဉ်အား စဉ်ဆက်မပြတ်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ဖွင့်လှစ် ပေးရခြင်း ဖြစ်ပါကြောင်း၊သင်တန်းသား၊သင်တန်းသူ များအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးသွား မည့်သင်ခန်းစာများအား အပတ်တကုတ် ကြိုးစားလေ့လာသွားကြရန်နှင့် မိမိတို့၏ကြိုး စားအားထုတ်မှုဖြင့် တိုင်းဒေသကြီး၏ e-Government စနစ်အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးခိုင်က e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သင်တန်းသား၊သင်တန်းသူများနှင့် လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ဆရာ၊ ဆရာမများနှင့် လည်းကောင်း အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေး သင်တန်းသို့ တိုင်းဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလ ရက်သတ္တပတ် ၄ ပတ် ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

20250429 16

20250429 16

20250429 16

20250429 16

20250429 16

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.