၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ရင်ပြင်နှင့်ပတ်ဝန်းကျင်အား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
မုံရွာ၊ ဧပြီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမျှော်ကြမည့် ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် တရားဘာဝနာပွားများနိုင်စေရန်အတွက် ဧပြီလ ၂၆ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရင်ပြင်နှင့် ပတ်ဝန်းကျင်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်း အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဂေါပကအဖွဲ့ ဝင်များစုပေါင်း ၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့် စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၄၀၀ ဦး ကျော်ဖြင့် ဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။


မုံရွာမြို့၊ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋ ကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဓမ္မစကူလ်းဖောင်ဒေး ရှင်း(ဗဟို)ဉက္ကဌ၊ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်ကြီး၏ အန္တိမအဂွိစျာပန သာဓုကီဠန သဘင် အခမ်းအနား ကျင်းပ
မုံရွာ၊ ဧပြီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရကျောင်းတိုက်ကြီးတို့၏ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ပညာဝံသ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း(ဗဟို)ဉက္ကဌ၊ သက်တော်(၇၂)နှစ်၊ သိက္ခာတော် (၅၂)ဝါ၏ အန္တိမအဂွိစျာပနသာဓုကီဠန သဘင် အခမ်းအနားကို ဧပြီလ ၂၅ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစရှိသည့် ၃ ဂါထာရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ မဟာလယ်တီကျောင်း တိုက်၊ နိုင်ငံတော် သံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တကေသဝ ဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက် တည်ကြသည်။
ယင်းနောက် မုံရွာမြို့၊ ဇောတိကာရာမကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တ ဝိဇ္ဇေဒရ ဆရာတော်ကြီးမှ ဿရဏိရသန္ဒေသကကထာမြွက် ကြားပြီး တိုင်းဒေသကြီး သာသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဝမ်းနည်းကြောင်းသဝဏ် လွှာအား ဖတ်ကြားပူဇော်သည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များမှ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ သဒ္ဒမ္မပဇ္ဇောတာရုံကျောင်း တိုက်၊ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ ဇောတိပါလာ လင်္ကာရ ဆရာတော်ကြီးမှ သံဝေဂဓမ္မကထာဟောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဧည့်ပရိတ်သတ်များက ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် ရန်ကင်းပရိယတ္တိစာသင်တိုက်နှင့် ရွှေတောင်ဦး တိပိဋကဓမ္မပါလ မဟာဝိဟာရ ကျောင်းတိုက်ကြီးတို့၏ ပဓာနနာယက၊ ဓမ္မစကူလ်းဖောင်ဒေးရှင်း (ဗဟို) ဉက္ကဌ၊ ဘဒ္ဒန္တ ပညာဝံသ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင်များက ဗဟိုစံကျောင်းတော် သို့ပင့်ဆောင်ခဲ့ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



