slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဧပြီ ၂၅

၂၀၂၅ခုနှစ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၅ ရက်၊ နံနက် ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေနှင့် မြန်မာ့အား ကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအား အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီအနဖြင့် ပြိုင်ပွဲ စ၊ လယ်၊ ဆုံး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စနစ်တကျ စီမံဆောင် ရွက်သွား ကြရန်လိုအပ်သကဲ့သို့ ဒိုင်လူကြီးများမှလည်း တရားမျှတစွာ ကြီးကြပ်ဆောင်ရွက်ပေးသွား ကြရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့်ပြိုင်ပွဲဝင်ကစားသမားများမှလည်း ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများအားတိကျစွာ လေး စားလိုက်နာကြသွားကြရန်နှင့် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အား လေးစားလိုက်နာကြပြီး မိမိဘဝအတွက် ရည်မှန်းချက် ပန်းတိုင်များထားပြီး မိမိတို့ ၏ခြေစွမ်းခြေစ အရည်အချင်းအား ပေါ်လွင်အောင် အားကစား စိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ် ပြိုင်ပြီး အရည်အချင်းပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစား သမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆို ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အသင်း အုပ်ချုပ်သူများထံ လေ့ကျင့်ရေးဘောလုံးများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း(အလုံ)မှ ဘင်ခရာ/ ပန်းပွားအဖွဲ့များမှ တီးမှုတ်ကပြဖျော်ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန် ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများမှ Fitness Dance ကပြဖျော်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များမှ တီးမှုတ်ကပြဖျော်ဖြေခဲ့ကြသည့် ဘင်ခရာ/ပန်းပွားအဖွဲ့၊ Fitness Dance အဖွဲ့နှင့် အလံကိုင်/ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာသူများ မှ ဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် မုံရွာခရိုင်ဘောလုံးအသင်းနှင့် ကလေးခရိုင်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားကြရာ မုံရွာခရိုင်အသင်းမှ ကလေး ခရိုင်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲအား ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်း ဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်း၊ အသင်းအုပ်ချုပ်သူနှင့် ပြိုင်ပွဲဝင်အားကစားသမား ၂၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

20250428 01

20250428 01

20250428 01

20250428 01

20250428 01

20250428 01

20250428 01

20250428 01

20250428 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီလ ၂၄ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ ၊ မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ၊ ၄၀၀၊ မီတာ ၈၀၀၊ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲများနှင့် မီတာ ၁၀၀၊ မီတာ ၁၁၀ တန်းကျောင်းပြိုင်ပွဲများနှင့် သံလုံးပစ်/သံပြားပစ်/လှံတံပစ်/အမြင့်ခုန်/ အလျားခုန်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား/အမျိုးသမီး တံခွန်စိုက်ဆုရရှိသည့် ဟုမ္မလင်းမြို့နယ်အသင်းအား တံခွန်စိုက် ဆုဖလားပေးအပ်ချီးမြှင့်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် လှံတံ ပစ်ပြိုင်ပွဲတွင် ၅၈.၃၅ ဖြင့်စံချိန်သစ်တင်ခဲ့သည့် မောင်ချစ်မင်းအောင်အား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်ပြီး အမျိုးသားပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ ကြသည့်မြို့နယ်များအား ငွေသားဆုနှင့်ဒိုင်း ဆုများအားပေးအပ်ချီးမြှင့်ကာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် မြို့နယ်များအား ငွေသားဆုနှင့်ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစား သမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများက အမျိုးသား/အမျိုးသမီး သံလုံးပစ်/ သံပြားပစ်/ လှံတံပစ်/ အလျားခုန်/ သုံးဆင့်ခုန်/ အမြင့်ခုန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသား ဆုများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက မီတာ ၁၀၀/ မီတာ ၂၀၀/ မီတာ ၄၀၀/ မီတာ ၈၀၀/ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

20250425 06

20250425 06

20250425 06

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.