slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေး ခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်

မုံရွာ၊ ဧပြီ ၂၄

နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာ ဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေး၊ စားသောက်ရေးများ အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဧပြီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်း တွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အငြိမ်းစားဝန်ထမ်းများအားနံနက်စာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးဖြင့်အား ပေးစကားများ ပြောကြားကာ တာဝန် ရှိသူများနှင့်အတူ အငြိမ်းစားဝန်ထမ်း ၂၁၀ ဦးအား အဟာရဖြည့်စွက်စာ ကြက်ဉများအား လက်ရောက်ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်း၌ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှအငြိမ်းစားဝန်ထမ်းများအား ဆီးချို/သွေးချို ရောဂါ၊ သွေးတိုးရောဂါ၊အကြောနာ အကြောတက်ရောဂါ၊ နှလုံးရောဂါ၊ ချောင်းဆိုးရင် ကြပ်ရောဂါများအား စစ်ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အဆိုပါခန်းမဝန်းအတွင်း၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ အငြိမ်း စားဝန်ထမ်းများအား အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ စားသုံးဆီနှင့် ဟင်းသီး ဟင်းရွက်များအား ဈေးနှုန်းသက် သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

20250425 01

20250425 01

20250425 01

20250425 01

မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ လူနေအိမ်တိုက်တာများ ပြိုကျ ပျက်စီးနေမှုများ ပြန်လည်ရှင်းလင်းဖယ်ရှား ရှင်းလင်း

မုံရွာ၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၂၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ လေးကျွန်းမာရ်အောင် စေတီ တော်မြတ်ကြီးသို့ ရောက်ရှိရာ ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်ကြီးထံ သာသနာရေး ဆိုင်ရာများလျှောက်ထားပြီး ဆရာတော်ကြီးနှင့်အတူ မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးခဲ့သည့် လေးကျွန်းမာရ်အောင်စေတီတော်ကြီးအား လိုက်လံ ကြည့်ရှုခဲ့ကြပြီး ပြိုကျပျက်စီးထိခိုက်ခဲ့သည့် စေတီတော်ကြီးအား အမြန်ရှင်းလင်းဖယ်ရှားရေးနှင့် ပြန် လည် မွန်းမံရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့် စစ်ကိုင်းမြို့ မရှိခဏ စေတီတော်မြတ်ကြီးနှင့် မဟာစေတီကြီးအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များမှ ပူးပေါင်း၍ပြန်လည်ရှင်းလင်း ဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် မန္တလေးငလျင်ကြီးကြောင့် စကုမှော်ငလျင်ဘေးဒဏ်သင့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိရာ ငလျင်ဘေး ဒဏ်သင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်ပြီး ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများပြိုကျပျက်စီးခဲ့ရာ ပြန်လည်ရှင်းလင်း ဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ရှိ ဓါတ်ပေါင်းစေတီဂန္ဓကုဋိတိုက်ဘုရားကြီး ထိခိုက်ပျက်စီးပြိုကျခဲ့မှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များမှပူးပေါင်း၍ပြန်လည်ရှင်းလင်း ဖယ် ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင် ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊မြို့မဈေးကြီးအတွင်းရှိ အန္တရာယ်ရှိသည့် ဈေးရုံအဆောက်အဦများ အမြန်ရှင်းလင်းဖယ်ရှားရေးနှင့် ဈေးအမြန်ဆုံးဖွင့်လှစ်နိုင်ရေးတို့အားတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးကာ ထိခိုက်ပျက်စီးခဲ့ သည့် ဈေးရုံအဆောက်အဦများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် ဧပြီလ ၂၁ ရက်၊ ညနေပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့ သည့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီးသို့ ရောက်ရှိရာ သီတဂူ ဆရာတော်ကြီးနှင့် ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့် ဆွမ်းဦးပုည ရှင်စေတီတော်ကြီးနှင့် သာသနိကအဆောက်အဦများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မန္တလေးငလျင် ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ခရိုင်တရား ရုံး၊ ခရိုင်ဥပဒေရုံး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနရုံး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့် ခရိုင်စီမံကိန်း၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)ရုံး အဆောက်အဦများနှင့် ဝန်ထမ်းနေအိမ်များ ထိခိုက် ပျက်စီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

20250423 01

20250423 01

20250423 01

20250423 01

20250423 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.