slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ တို့သည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ လူနေအိမ်တိုက်တာများ ပြိုကျ ပျက်စီးနေမှုများနှင့် ပြ

မုံရွာ၊ ဧပြီ ၂၁

နိုင်ငံတော်သြဝါဒါစရိယ၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ သောဠသမရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၂၁ရက်၊နံနက်ပိုင်းတွင် မန္တလေးငလျင် ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီး အက် ကွဲကြောင်းများဖြစ်ပေါ်သွားမှုနှင့် သာသနိကအဆောက်အဦများ ပြိုကျပျက်စီးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီးစေတီတော်ကြီးနှင့် ပရဝုဏ် အတွင်းရှိ သာသနိက အဆောက်အဦများ ရှေးယခင်မူလအတိုင်း ပြန်လည်ပြင်ဆင် တည်ထားကိုးကွယ်သွားမည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် သီတဂူဝိပဿနာကမ္မဌာန်းဌာန၌ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြို ကျခဲ့သည့် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်များရှိ ဆရာတော်၊သံဃာ တော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေးများ ဆွမ်း၊ကွမ်းအခက်အခဲမရှိစေရေးအတွက် သီတဂူဆရာတော်ကြီးထံ တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဒုတိယအကြိမ် ဆွမ်းဆန် ၅၀၀ အိတ်၊ စားသုံးဆီ ၅၀၀ ပိဿာ၊ ပဲ အိတ် ၃၀၀ တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းအတွင်းရှိ မလေးရှားနိုင်ငံမှ ယာယီဆေးကုသရေးစင်တာသို့ ရောက်ရှိရာ ဆေးကုသရေးစင်တာမှ တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် မြို့နေပြည်သူများအား ဆေးကုသရေး လုပ်ငန်းများဆောင်ရွက်ပေးနေမှုနှင့် စမ်းသပ်ခွဲစိတ်သွားမည့် လုပ်ငန်းအခြေအနေများ အားလိုက်လံရှင်းလင်းပြသကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတို့က ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဆေးကုသမှုခံယူနေသည့် လူနာများအား ရင်းရင်း နှီးနှီးအားပေးစကားများ ပြောကြားခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် မန္တလေးငလျင်ကြီးကြောင့်စစ်ကိုင်းမြို့ပေါ်ရှိလူနေအိမ်တိုက် တာများ ပြိုကျပျက်စီး ခဲ့မှုများအား ပြန်လည်ရှင်း လင်းဖယ်ရှားနေမှုများကို လိုက်လံကြည့်ရှုခဲ့ကြပြီး အဆောက် အဦပိုင်ရှင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများ ကူညီရေးစခန်းသို့ ရောက်ရှိရာ ယာယီနေအိမ်အဆောက်အဦများ တည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် ပြည်သူ များ နေထိုင်စားသောက်ရေးများ အဆင်ပြေစေရန်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် ဧပြီလ ၂၀ ရက်၊ မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး၊ မဟာစေတီ၊ ဉမင်ကိုးဆယ်ဘုရားများနှင့် သာသနိ ကအဆောက်အဦများ ပြိုကျပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ များမှ ပူးပေါင်း၍ ပြန်လည်ရှင်း လင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် မန္တလေးငလျင်ကြီးကြောင့် မရှိခဏစေတီတော်၊ စေတီလှစေတီတော်ကြီးများနှင့် သာသနိကအဆောက်အဦများ ပြိုကျပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ပြန် လည်ရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းအတွင်းရှိ မလေးရှားနိုင်ငံမှ ယာယီဆေးကုသရေးစင်တာ ပြင်ဆင်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုခဲ့ ကြပြီးစင်တာမှတာဝန်ရှိသူများနှင့်တွေ့ဆုံကာကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ငလျင်ဒဏ်သင့် ရဟန်း/သံဃာ၊ သီလရှင်များ နှင့်ပြည်သူများအား အခမဲ့ ဆေးကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

20250422 52

20250422 52

20250422 52

20250422 52

20250422 52

20250422 52

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဉီးမြတ်ကျော် ရာပြည့်ကပ်ကျော်စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအားဗုဒ္ဒါဘိသေကအနေကဇာ တင်ခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်း အခမ်းအနားများ တက်ရောက်

မုံရွာ ဧပြီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ရာပြည့်ကပ် ကျော်စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဒါဘိသေကအနေကဇာ တင်ခြင်းအခမ်းအနားကို ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းတွင်အဆိုပါစေတီတော်ကြီး၌ ကျင်း ပရာ အခမ်အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီးတရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ တက် ရောက်ကြသည်။

ဦးစွာ ပင့်သံဃာဆရာတော်၊ သံဃာတော်များက ရာပြည်ကပ်ကျော်စေတီတော် မြတ်ကြီးအား ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ ဝဋ္ဋသုတ်၊ မေတ္တာသုတ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။

ယင်းနာက် အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံ ကျောင်းတိုက်၊ ပဓာနနာ ယက အဘိဓဇမဟာရဌဂုရုဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ရှစ်ပါးသီလခံယူဆောက် တည် ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများထံတိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်ဇနီး၊တိုင်းဒေသကြီးတရားသူကြီး ချုပ်နှင့်ဇနီး၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများကလှူဖွယ်ဝထ္တုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်း တိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒ နာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာ သနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာ ဝန်ရှိသူများသည် မုံရွာမြို့၊ အရှ့ဘက်ကန်သာယာကန်တွင် ကျင်းပပြုလုပ်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဇီဝိတ ဒါနငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရာတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဆုမျိုးသွယ်က ငါးသားပေါက်များ လွှတ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက်ကန်သာ ယာကန်အတွင်း နှစ်လက်မအရွယ်နှင့်အထက် ငါးမြစ်ချင်းနှင့် ထိုင်းငါးခုံးမကြီး စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းအား ဇီဝိတဒါနအဖြစ် ကန်အတွင်းသို့ လွှတ်ပေးခဲ့ ကြောင်း သိရသည်။

20250422 44

20250422 44

20250422 44

20250422 44

20250422 44

20250422 44

20250422 44

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.