၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ သက်ကြီးအဘိုး အဘွားများကန်တော့ပွဲနှင့် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
မုံရွာ၊ ဧပြီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အသက် ၈၀ နှစ်အထက် သက်ကြီး အဘိုး အဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်သစ်အခါသမယ မြန်မာတို့ ၏ရိုးရာအစဉ် အလာဖြစ်သော သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် များက သက်ကြီးအဘိုး အဘွားများအား ဂါရဝတရားဖြင့် ရှိခိုးကန်တော့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက သက်ကြီးအဘိုး အဘွားများအား အာမိသပူဇာပစ္စည်းများဖြင့် လက်ရောက်ပေး အပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြိးအဘိုး၊အဘွား များကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သခြင်းနှင့် ဝမ်းမြောက်စကားပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ သက်ကြီးအဘိုးအဘွားများ ပူဇော်ကန်တော့ပွဲ အခမ်းအနားတွင် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးအဘိုး/အဘွား ၁၈၀ ဦးအား တစ်ဦးလျင်ငွေကျပ် ၁ သိန်းနှုန်း ဖြင့်ငွေကျပ်- ၁၈၀၀၀၀၀၀ (တစ်ရာရှစ်ဆယ်သိန်း)ကျပ်အား လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီး မှူးကျင်းပသည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့် လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ ပဓာနနာ ယက အဘိဓဇမဟာရဌဂုရု ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိတ်သက်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများနှင့် ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်၊ သံဃာတော်များနှင့် အခမ်းအနားသို့ တက် ရောက်လာသူများမှ ပဌာန်း ၂၄ ပစ္စည်း ပစ္စယုဒ္ဒေသပါဠိတော်အား ရွတ်ဖတ်ပူဇော်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇ မဟာရဌဂုရု ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနု မောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓ သာသနံ စိရံတိဌ တု ” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အလှည့်ကျဆရာတော်မှ ပဌာန်းစတင်ရွတ်ဖတ်ပူ ဇော်ပြီး ပဌာန်းဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ သင်္ကြန် အတက်နေ့ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပ
မုံရွာ၊ ဧပြီ ၁၆
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်အတွင်း နစ်နာဆုံးရုံးခဲ့ရသည့် ပြည်သူအများအပြားရှိခဲ့ရာ ယခုနှစ်မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်အား အပျော်အပါး သီဆိုကခုန်မှုများမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ နိုင်ငံတော်မှအေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် လမ်း လျှောက်သင်္ကြန်ပွဲတော်အား စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာကန်အနီး၌ ကျင်းပလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ဧပြီလ ၁၆ ရက်၊ သင်္ကြန်ပွဲတော် အတက်နေ့ အေးသင်္ကြန်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော် သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နေပြည်သူများနှင့် သင်္ကြန်ချစ်မြတ်နိုးသူများမှ လာရောက်ဆင်နွဲကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ဌာနဆိုင်အသီးသီးမှ အမျိုးသမီးငယ်များမှ သပြေခက်နှင့်အမွှေးနံ့သာရေများဖြင့် ပတ်ဖျန်းကြိုဆိုကြပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသူက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာဆိုင်ရာများနှင့် သင်္ကြန်ချစ်မြတ်နိုးသူများအား အမွှေးနံ့သာရေများ ပြန်လည်ပတ်ဖြန်း ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက အေးသင်္ကြန်အဖြစ် လမ်းလျှောက် သင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွဲကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ကျောင်း၊ မြို့နေပြည်သူများနှင့် သင်္ကြန်ချစ်မြတ်နိုး သူများအား အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုကျွန်းနှင့်လမ်းလျှောက်သင်္ကြန်ကျင်းပ နေသည့် လမ်းတစ်လျှောက်ရှိ စတုဒီသာမဏ္ဍများမှ ထမင်းနှင့်ဟင်းများ၊ ကော်ဖီ၊မုန့်များ၊ မုန့်ဟင်းခါးများ၊ မုန့်တီသုတ်များနှင့် သင်္ကြန်ရာသီစာများဖြစ်သည့် မုန့်လုံးရေပါ်၊ မုန့်လက်ဆောင်များဖြင့် ကျွေး မွေးဧည့်ခံနေမှုများအား လိုက်လံကြည့်ရှုခဲ့ ကြပြီး အေးသင်္ကြန်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လာရောက်ဆင်နွဲကြသည့် မြို့နေပြည်သူများနှင့် သင်္ကြန်ချစ်မြတ်နိုးသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး မုံရွာ မြို့ပေါ်ရှိ ကျောက္ကာလမ်း၊ သာစည်လမ်းနှင့် ဗိုလ်ချုပ်လမ်းများရှိ မြို့နေပြည်သူများ အေးချမ်းစွာဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားနေမှုများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



