၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးရုံးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ ၊ စစ်ကိုင်းမြို့ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ ဇက်ကူးတို့ဖြင့် သယ်ယူပို့ ဆောင်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေး
မုံရွာ၊ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးရုံးချုပ် (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ မဟာစေတီကြီးဘုရားသို့ ရောက်ရှိရာ ငလျင်ဒဏ်ကြောင့် စေတီတော်ကြီးနှင့် အရန်စေတီ တော်များ၊ သာသနိကအဆောက်အဦများ ပြိုကျပျက်စီးခဲ့ရာ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများအား ကြည့်ရှု အားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် အဆိုပါစေတီတော်ကြီး၏ ဩဝါဒစရိယ ဆရာတော်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြိုကျပျက်စီးခဲ့သည့် စေတီတော်ကြီးနှင့် အရန်စေတီတော်များ၊ သာသနိက အဆောက်အဦများအား ပြန်လည်ဖယ်ရှားရှင်းလင်းရေးနှင့် စေတီတော်ပရဝဏ်အတွင်း၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်စေရေး စေတီတော်ကြီး ပတ် ဝန်းကျင်ရှိ မလိုအပ်သည့်အဆောက်အဦများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် ငလျှင်လှုပ်ခတ်မှုကြောင့် ဧရာဝတီမြစ်ကူးတံတား(ရတနာပုံ)တံတားကြီးနှင့်ချဉ်းကပ်လမ်းများ အပ်ကွဲမှုများဖြစ်ပွားခဲ့ပြီး အဆိုပါတံတားကြီးအား ကြံ့ခိုင်မှုများစစ် ဆေးနေစဉ်ကာလအတွင်း တံတားကြီးပေါ်သို့ ခရီးသည်တင်မော်တော်ယာဉ်များ၊ အိမ်စီး မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များသာ ဖြတ်သန်းသွားလာခွင့်ပြုပေးထားရာ ကုန်တင်ယာဉ်မော်ယာဉ်ကြီးများနှင့် စက်သုံးဆီ တွဲကားမော်တော်ယာဉ်ကြီးများ ဖြတ် သန်းသွားလာမှုအဆင်ပြေစေရန်အတွက် စစ်ကိုင်းမြို့၊ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ ဇက်ကူတို့ဖြင့် သယ်ယူပို့ဆောင်နေမှုများနှင့် ဇက်ကူတို့အတက် အဆင်းလမ်းများ ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့ သစ်ဆိပ်မြစ်ကမ်းမှ မန္တလေးမြို့၊ ရွှေကြက်ကျမြစ်ကမ်းသို့ ဇက်ကူတို့ ဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဇက်ကူတို့ သယ်ယူပို့ဆောင်ရေးကော်မတီအဖွဲ့ဝင် များနှင့် တွေ့ဆုံကာ ကုန်တင်ယာဉ်ကြီးများနှင့် တွဲကားကြီးများပို့ဆောင်ရာတွင် အချိန် နှင့်တစ်ပြေးညီ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ လမ်းများပေါ်တွင် ယဉ်ကြောပိတ်ဆို့မှု များမဖြစ်စေရေးနှင့် ဆောင်ရွက်နေသည့်လုပ်ငန်းများအပေါ် အန္တရာယ်ကင်းစွာ ပူးပေါင်း ဆောင်ရွက်သွားရေးတို့အား မှာကြားခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ သစ္စာစေတီ၊ ပန်းပဲတန်းရပ်ကွက်ရှိ ရတနာဆင်များရှင်စေတီ၊ ပိုး တန်းရပ်ကွက်ရှိ ထူပါရုံစေတီများနှင့် သာသနိကအဆောက်အဦများ၊ အရန်စေတီများ ပြိုကျပျက်စီးမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြန်လည်ရှင်းလင်းဖယ်ရှား ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းခရိုင် မီးသက်ဦးစီးဌာနရုံး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာ များပြိုကျပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေးအဖွဲ့များနှင့် လူမူရေးအသင်းများမှ စုပေါင်း၍ ပြန်လည်ဖယ်ရှားရှင်းလင်းပေး နေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပေါ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် မြန်မာ နိုင်ငံကြက်ခြေနီ အသင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနရုံးတို့မှ ဧရာဝတီ မြစ်ရေကိုသန့်စင်၍ သောက်သုံးရေဖြန့်ဝေပေးနေမှုများအား ကြည့်ရှုအားပေးကာ လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





စစ်ကိုင်း ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက် စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက်တွင် ဆွမ်းကွမ်းအခက်အခဲမရှိစေရေး ဆွမ်းဆန်၊ ဆီ၊ ပဲများ ဆက်ကပ်လှူဒါန်း
မုံရွာ၊ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ဧပြီလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့ သည့် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက် များရှိ ဆရာတော်၊သံဃာတော်များနှင့်သီလရှင်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေး အတွက် သီတဂူဆရာတော်ကြီးထံ ဆွမ်းဆန် ၅၀၀ အိတ်၊ စားသုံးဆီ ၅၀၀ ပိဿာ၊ ပဲ အိတ် ၃၀၀ တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သီတဂူအာယုဒါနဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည့် စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော် ကြီးများ၊ ဆရာတော်/သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား စားသောက်ဖွယ်ရာများလိုက်လံ ဆက်ကပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ ကျောင်းခန်းမ၊ ရုံးခန်း၊ စာသင်ဆောင်များနှင့် ဝန်ထမ်းအိမ်များ ပြိုကျပျက်စီးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုကျပျက်စီးခဲ့သည့် အဆောက် အဦများ ပြန်လည်ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျောင်းအုပ်ကြီး၊ ဆရာ/ဆ ရာများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းဆောင်အဆေက်အဦများ တာဝန်ရှိသူများနှင့်အတူ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကျောင်းဝန်းအတွင်း ယာယီကယ်စခန်းရှိ ငလျင်ဘေး သင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားကာ ကယ်ဆယ် ရေးပစ္စည်းများအား တာဝန်ရှိသူများအတူ ထောက်ပံ့ပေးအပ်ကာ ကယ်ဆယ်ရေးပစ္စည်း များရောက်ရှိစုပုံထားရှိမှုနှင့် ယာယီဆေးခန်းဖွင့်လှစ်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ထူပါရုံ)၊ ချင်းစုရပ်ကွက်ရှိ အခြေခံပညာအလယ် တန်းကျောင်းခွဲနှင့် ဇေယျာကွက်သစ်ရှိ အခြေခံပညာအလယ်တန်းကျောင်းများသို့ သွား ရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းဆောင်အဆေက်အဦ များပြိုကျပျက်စီးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



