slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းမြို့ ပေါ်ရှိ ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ လူနေအိမ်တိုက်တာများ ပြို ကျပျက်စီးနေမှုများ ပြန်လည်ဖယ်ရှားရှင်းလင်းနေမှုများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု

မုံရွာ၊ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယမန်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည့်၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မလေးရှားနိုင်ငံမှ ရောက် ရှိလာကြ သည့်ကူညီရှာဖွေကယ်ဆယ်ရေးအဖွဲ့အား ရင်းရင်းနှီးနှီးသွားရောက်နှုတ်ဆက် ၍ခဲ့ကြပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ပေါ် ရှိ “ရတနာသိင်္ဂီ” ပရဟိတသီလရှင်သင် ပညာရေးကျောင်း တိုက်၊ “သကျဓီတာ” သီလရှင် စာသင်တိုက်နှင့် “မြတ်”ကိုယ်ပိုင်အထက်တန်းကျောင်း ပြိုကျပျက်စီးနေမှုများနှင့် အဆောက်အဦအတွင်း ပိတ်မိနေသည့် သီလရှင်ဆရာလေးများ၊ ဆရာမများနှင့် ကျောင်း သား/ကျောင်းသူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများမှ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင်စစ်ကိုင်းတောင်ရိုးရှိ ငလျှင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် “ပတ္တမြား” စေတီ နှင့် “ကောင်းမှုတော်” စေတီများရှိ အာရုံခံတန်ဆောင်းများနှင့် ပရိဝုဏ်အတွင်းရှိ သာသနိကအဆောက်အဦများ ပြိုကျပျက်စီးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး စေတီ တော်ရင်ပြင်နှင့်ပတ်ဝန်းကျင်ရှိ အပျက်အစီးမျာအား အမြန်ရှင်းလင်းဖယ်ရှားရေးအား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချူပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာ အဆောက်အဦများနှင့် စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ “မြတ်ဇေယျာ”အစည်းအဝေးခန်းမ ပြိုကျပျက်စီးနေမှုများအား သွားရောက်ကြည့် ရှုစစ်ဆေးပြီး ပြိုကျပျက်စီးမှုများအား အမြန်ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများနှင့် ပတ်သက် ၍လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဝန်ထမ်းများနှင့် ရင်းရင်းတွေ့ဆုံနှုတ်ဆက်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်း တွင် စစ်ကိုင်းမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရက်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ရှာဖွေကယ် ဆယ်ခြင်း အပျက်အစီးများ ရှင်းလင်းဖယ်ရှားခြင်း၊ သွားလာဆက်သွယ်မှု လွယ်ကူချော မွေ့စေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် သောက်သုံးရေနှင့်စားရေရိက္ခာ ဖူလုံစွာရရှိရန် ကြီးကြပ်သူများညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ဦးစွာ စစ်ကိုင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရက်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများက မိမိတို့ဆောင်ရွက်နေသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မိမိတို့တာဝန်ယူ ဆောင် ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးဒဏ်ဖြစ် ပွားခဲ့သည့်နေရာများအား ဌာနဆိုင်ရာများနှင့် လူမူရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူအားလုံးမှ ပူးပေါင်းဆောင်ရွက်ကာ ပြိုကျပျက်စီးခဲ့မှုများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်သွားရေး၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများ စားသောက်ရေးနှင့် နေထိုင်မှုများအဆင်ပြေစေရေးနှင့် သောက်သုံးရေမပြတ်လပ်စေရေး တို့အား အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

20250401 006
20250401 007

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ဘေးသင့်ပြည်သူ များ သောက်သုံးရေ ဖြန့်ဝေပေးနေမှုနှင့်စားသောက်ကုန်များ၊ စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုများ ကြည့်ရှုအားပေး

မုံရွာ၊ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ဧပြီလ ၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရွေ့လျားမော်တော် ယာဉ်ဖြင့် တစ်ရက်လျှင် ရေဂါလံ ၆၀၀ အား ဧရာဝတီမြစ်မှဆည်တင်ကာ သန့်စင်၍ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ သန့်ရှင်းသောသောက်သုံးရေ သောက် သုံးနိုင်ရေးအတွက် ဖြန့်ဝေပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြပြီး ငလျှင် ဘေးဒဏ်သင့်ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စကုမှော်ကျောင်းတိုက်အတွင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများအား တန်ဘိုးသင့်စား သောက်ကုန်များနှင့် စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများ သွား ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ၃ ထပ် အဆောက်အဦ ပြိုကျပျက်စီး နေမှုများအား ပြန်လည်ရှင်းလင်းနေမှုများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား လည်းကောင်း၊ လေးကျွန်းမြေအုဠ်ကျောင်းရှိ ဆွမ်းစားဆောင် ၃ ထပ် အဆောက်အဦ ပြိုကျပျက်စီးမှု ပြန်လည်ရှင်းလင်းနေမှုများအား လည်းကောင်း၊ သကျ ဓီတာသီလရှင်စာသင်တိုက် ပြိုကျပျက်စီးနေမှု ပြန်လည်ရှင်းလင်းနေမှုများအား လည်း ကောင်း၊ “မြတ်”ကိုယ်ပိုင်အထက်တန်းကျောင်း ပြိုကျပျက်စီးနေမှုများ၊ ပြန်လည်ရှင်း လင်းနေမှုများနှင့် မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် အဆောက်အဦ အတွင်း ပိတ်မိနေသည့် ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများမှ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက် ကြည့်ရှုအားပေးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ငလျှင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ် ရာရရှိခဲ့ကြသည့် ရဟန်း/သံဃာ/သီလရှင်များနှင့် ဒေသခံပြည်သူများအား ဆေးကုသပေး နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အား ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ အသင်္ခရာရိပ်သာဧည့်ခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့၊ ငလျှင် ဘေးဒဏ်သင့်ပြည်သူများအလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အလှူရှင်များအနေဖြင့် ယခုလို ငလျှင်ဘေးဒဏ်ထိခိုက်ခဲ့ရသည့် စစ်ကိုင်းမြို့ရှိ ဒေသခံပြည်သူများကိုယ်စား ကျေးဇူးစကားပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံ အလှူငွေကျပ် သိန်း ၆၆၀ အား ပေးအပ်လှူ ဒါန်းသည်။

ဆက်လက်၍ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌထံ အလှူရှင်များက အလှူငွေကျပ် စုစုပေါင်း ငွေကျပ်သိန်း ၁,၃၃၄,၁၀၂,၅၀၀ (သိန်းပေါင်း တစ်သောင်း သုံးထောင် သုံးရာလေးဆယ် တစ်သိန်း နှစ် ထောင့်ငါးရာ)ကျပ်အား အသီးသီး ပေး အပ်လှူဒါန်းကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာသူများ မှ ၂၀၂၅-ခုနှစ်၊ မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရုံးမှုများနှင့် ပျက်စီးဆုံးရုံးမှုများအတွက် စာနာနားလည်မှုများနှင့်တူ ထပ်တူ ခံစားချက် ဝမ်းနည်းခြင်း၊ အထိမ်းအမှတ် ၁ မိနစ်ငြိမ်သက်ကာ ဦးညွတ်အလေးပြုခဲ့ကြောင်းသိရသည်။

20250401 001
20250401 002
20250401 003
 
20250401 004
20250401 005

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.