၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
ဟုမ္မလင်းမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း ( ၁/ ၂၀၂၅)ဆင်းပွဲအခမ်းအနားကျင်းပ
ဟုမ္မလင်း၊မတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည် အခြေခံစာကြည့်တိုက်ပညာသင်တန်း( ၁/ ၂၀၂၅) ဆင်းပွဲအခမ်းအနားကို မတ် ၃၁ ရက် နံနက်ပိုင်းက အဆိုပါဌာနရှိစာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းနိုင်နိုင်ကျော် က အခြေခံစာကြည့်တိုက်ပညာသင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်း သားများသည် စာကြည့်တိုက်၏အဓိကအခန်းကဏ္ဍကနေ ဆောင်ရွက်ရမည့်သူများဖြစ်ကြောင်း၊ သင် တန်းကသင်ကြားပို့ချခဲ့သည်များကို မိမိတို့စာကြည့်တိုက်မှာ လက်တွေ့အသုံးချဖို့လိုကြောင်း၊ စာကြည့် တိုက်သင်တန်းကရရှိသည့် စာကြည့်တိုက်ပညာတွေကို ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေမှာ အကျိုးရှိစွာ အသုံးပြုကြရန်၊ ပြည်သူတွေ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် စည်းရုံးဆောင်ရွက်ပေးကြရန်နှင့် စာ ကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်လာအောင် စီစဥ်ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ရပ်ကွက်/ကျေးရွာနှင့်ကျောင်းစာကြည့်တိုက်များအတွက်သုတ/ရသစာအုပ်စာစောင်များကို ၊တိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းနိုင်နိုင်ကျော် ကထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသားနှစ်ဦးကလက်ခံရယူခဲ့ပြီး သင်တန်းဆင်းလက်မှတ်များအား၊ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးရဲဝင်းက ပေးအပ် ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးကလက်ခံရယူခဲ့သည်။
ထို့နောက်သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခြေခံစာကြည့်တိုက် ပညာသင်တန်းကို မတ် ၂၄ ရက်မှ ၂၈ ရက်ထိ စာကြည့်တိုက်မိတ်ဆက်၊ စာစု/စာပြုလုပ်ငန်း၊ မျိုးတူစု လုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှု/ထိန်းသိမ်းမှုစနစ်၊ ကတ်တလောက်လုပ်ငန်း၊ စာငှားလုပ်ငန်း စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်းနှင့်သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခြေခံစာကြည့်တိုက်ပညာသင်တန်း ( ၁/ ၂၀၂၅)ဆင်းပွဲအခမ်းအနားသို့စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊တိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းနိုင်နိုင်ကျော်၊ဟုမ္မလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးရဲဝင်း၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းဇော်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသင်တန်းသား(၂၀)ဦး၊တို့တက်ရောက် ခဲ့ကြပြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၌ခင်းကျင်းပြသထားသော၊ဟုမ္မလင်းမြို့နယ်အတွင်းရှိသမိုင်းဝင်နှင့်အထင်ကရဘုရားစေတီဓါတ်ပုံမှတ်တမ်းများ၊လူထုအခြေပြုဗဟိုဌာန၌ဖွင့်လှစ်ခဲ့သောသင်တန်းမှတ်တမ်းပုံများ၊စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများပြသထားသည့်ပြဘုတ်များ၊ကလေးအလုပ် သမားပပျောက်ရေးဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးအသိပညာပေးနံရံကပ်စာစောင်နှင့်ဒေသခံတိုင်းရင်းသားတို့၏ရိုးရာဓလေ့အသုံး အဆောင်ပစ္စည်းများဟုတ/ရသစာအုပ်စာစောင်များကို အခမ်းအနားတက်ရောက်လာသူများကကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။









စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများသို့ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ မတ် ၃၁
စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ရှိ ငလျင်ဘေး ဒဏ်သင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် မိသားစုသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေ သကြီးအစိုးရအဖွဲ့အနေဖြင့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဘုရားစေတီပုထိုးများ၊ သာသနာရေးဆိုင်ရာ အဆောက်အဦများ၊ ဌာနဆိုင်ရာနှင့်လူနေတိုက်တာ အဆောက်အဦများတွင် ရှာဖွေကယ်ဆယ်ခြင်း၊ ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးက စစ်ကိုင်းမြို့ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် မိသားစု သုံးပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက် ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်း မြို့၊ ငလျင်ဘေးဒဏ်သင့် ပြည်သူများသို့ ထောက်ပံ့ငွေကျပ် – ၂၁၇,၈၅၀,၀၀၀ (ကျပ်သိန်းပေါင်း နှစ်ထောင်တစ်ရာ ခုနှစ်ဆယ် ရှစ်သိန်းငါးသောင်း)ကျပ်နှင့် မိသားစုသုံးပစ္စည်းများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ငလျင်ဘေးဒဏ်သင့် ပြည်သူများသို့ မိသားစု သုံးပစ္စည်းများအား လည်း ကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရက်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ ဆုံရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ကြပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရက်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရက်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ရဟန်း/ သံဃာ၊သီလရှင်နှင့် ပြည်သူများ၏ စားသောက်နေထိုင်ရေးနှင့် လူမှုစီးပွားဘဝအား အမြန် ဆုံးပုံမှန်ပြန်လည် ရောက်ရှိရေးနှင့် လည်ပတ်နိုင်ရေးအတွက် ကျရာတာဝန် များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မတ်လ ၂၉ ရက်၊ ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်း ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရက်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့ပေါ်ရှိ ဘုရားစေတီပုထိုး၊ သာသနိကအဆောက်အဦများနှင့် ဌာနဆိုင်ရာ၊ လူနေအိမ်အဆောက် အဦများ ရှာဖွေကယ်ဆယ်ခြင်း၊ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့်အခြေအနေများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ ကြောင်းသိရှိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



