slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးဆိုင်ရာ လျှောက်ထားခြင်း အခမ်းအနား ကျင်းပ

မုံရွာ၊ မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ ရေးဆိုင်ရာ လျှောက်ထားခြင်း အခမ်းအနားကို မတ်လ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်ကြီးရှိ သန်းကုဋေအောင်သာသနာ့ ဗိမာန် တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြ ပြီး မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇမဟာရဌ ဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်း တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ ပထမပြန်စာမေးပွဲ ကျင်းပရေး ဉက္ကဌ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော် ကြီးမှ ၂၀၂၅-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်၍ လည်းကောင်း၊ မုံရွာမြို့၊ ရန်ကင်းပရိယတ္တိစာသင်တိုက် နာယက၊ အစိုးရ ဓမ္မာစရိယစာမေးပွဲ ကျင်းပရေး ဉက္ကဌ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တတေဇနိယ ဆရာတော်ကြီးမှ ၂၀၂၅-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေး ဆိုင်ရာများနှင့် ပတ်သက်၍ လည်းကောင်း၊ မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက် ကြီးတိုက်အုပ်နာယက စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဉက္ကဌ၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တပညာတိက္ခ ဆရာတော်ကြီးမှ ၂၀၂၅-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေး ဆိုင်ရာများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်း မိန့်ကြားကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးဆိုင်ရာများအား လျှောက်ထားသည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ပင့်သံဃာဆရာတော် ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက “ ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20250326 01

20250326 01

20250326 01

20250326 01

20250326 01

20250326 01

20250326 01

20250326 01

20250326 01

20250326 01

20250326 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂ ဗေဒဘာသာရပ်ဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုအားပေး

မုံရွာ၊ မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်နှင့် တိုင်ဒေသကြီး/ခရိုင်/မြို့နယ် ပညာရေး မှူးများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါ လျက်မတ်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှိ သတ်မှတ်ကျောင်းဆောင်များတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်း သာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂ ဘာသာရပ်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘာသာရပ်အလိုက် ဖြေဆိုခဲ့သည့် အဖြေလွှာများအား စနစ်တကျသိမ်းဆည်းသွားကြရန်နှင့် သက်မှတ်စာစစ်ဌာနများသို့ လုံခြုံမှုရှိစွာဖြင့် အချိန်မီရောက်ရှိရေးတို့အား ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက် သွားကြရန် တာဝန်ရှိသူများအား မှာကြားကာ ကြီးကြပ်ရေးမှူးများနှင့်ဆရာ/ဆရာမ များအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် စာစစ်ဌာန ၃၅ ဌာနတွင် ဇီဝဗေဒဘာသာရပ် ဖြေဆိုသူကျောင်းသား/ကျောင်းသူ စုစုပေါင်း- ၃၉၀၇ ဦးနှင့် ဘောဂ ဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ – ၅၉၅၅ ဦး၊ စုစုပေါင်း – ၉၈၆၂ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း- ၉၅.၇၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရ သည်။

20250325 27

20250325 27

20250325 27

20250325 27

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.