၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူ တော်မင်္ဂလာအခမ်းအနား ကျင်းပ
မုံရွာ၊ မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ၁၀ ရက်၊ မွန်းလွဲပိုင်းက မုံရွာမြို့၊ ချင်းတွင်း ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဖနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒုလ္လဘရဟန်းခံနှင့် မောင်ရင်လောင်းများ၏ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုလ္လဘရဟန်းခံမည့်ပုဂ္ဂိုလ်(၅၉)ဦး၊ မောင်ရင်လောင်း(၄၉)ဦး စုစုပေါင်း ၁၀၈ ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ မိဘဆွေမျိုးများမှ ဆံချခြင်းမင်္ဂလာ ပြု လုပ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆံချခြင်းမင်္ဂလာပြု လုပ်ပေးနေမှုများအား ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ အဆိုပါခန်းမအတွင်း ဒုလ္လဘရဟန်းခံမည့်ပုဂ္ဂိုလ်(၅၉)ဦး၊ မောင်ရင် လောင်း(၄၉)ဦး စုစုပေါင်း (၁၀၈)ဦးတို့အား ရှင်သာမဏေပြုခြင်း အခမ်းအနားကို ကျင်းပ ရာအခမ်းအနားသို့ တက်ရောက်လာသူများက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် မုံရွာမြို့၊ တော်ဝင်ဘုံစံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒိယ ဆရာတော်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီခလခံယူဆောက်တည်ကြပြီး ရှင်သာမဏေပြုခြင်းကိစ္စရပ်များ ဆက်လက် ဆောင်ရွက်နိုင်ပါရန် အခမ်းအနားမှူးမှ တော်ဝင်ဘုံစံကျောင်းတိုက် ဆရာတော်ထံ လျှောက်ထားလွှဲပြောင်းသည်။
ထို့နောက် ဆရာတော်နှင့် ပင့်သံဃာဆရာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက အခမ်းအနားအား “ဗုဒ္ဓ သာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ စုပေါင်း ရဟန်းခံရှင်ပြု မင်္ဂလာအခမ်းအနား၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေုပ်ချုပ်ရေး ဦးစီးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေပဲဆီသန့် ၅၀ ကျပ်သားစီအား အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ် ကြီး ရင်ပြင်နှင့်ပတ်ဝန်းကျင်အား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေး
မုံရွာ၊ မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီးသို့ လာရောက် ဖူးမျှော်ကြမည့် ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် တရားဘာဝနာပွားများနိုင် စေရန်အတွက် မေလ ၁၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး ရင်ပြင်နှင့်ပတ် ဝန်းကျင်အား အ ထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဂေါပကအဖွဲ့ ဝင်များစု ပေါင်း၍သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ဌာနဆိုင် ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံး ဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၀၀၀ ဦး ကျော်ဖြင့် ဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



