၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များလိုက်လံကြည့်ရှု စစ်ဆေး
မုံရွာ၊ မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့၊ နံနက်ပိုင်း တွင် ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဓမ္မာရုံကျောင်းတိုက်သို့ ရောက်ရှိရာ မြို့နယ်သံ ဃနာယကအကျိုးတော်ဆောင်၊ အဂ္ဂမဟာကမဌာနာစရိယ ဘဒ္ဒန္တထေရဝံသ ဆရာတော် ကြီးထံ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အတူ လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက်ကပ်လှူ ဒါန်းခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ဘိုး ဘွားရိပ်သာသို့ ရောက်ရှိရာ ရုံးခန်းမတွင် ဘိုးဘွားရိပ်သာဦးဆောင်ကော်မတီ အဖွဲ့ဝင်များ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံရာ ကော်မတီအဖွဲ့ဝင်များမှ ရိပ်သာရှိအဘိုး၊အဘွားများအား ပြုစု စောင့်ရှောက်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရိပ်သာရှိအဘိုး၊အဘွားများအား သက်ရှည်ကျန်းမာစွာဖြင့် စားသောက်နေထိုင် သွားလာနိုင်စေရေးတို့အတွက် လိုအပ် သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တာဝန်ရှိသူများ နှင့်အတူ အဘိုး၊အဘွားများအား အဟာရဖြည့်စားသောက်ဖွယ်ရာများ လိုက်လံပေးအပ်ခဲ့ ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ဧရိပ်မွန် အမျိုးသမီးမိဘမဲ့ဂေဟာသို့ ရောက်ရှိရာ ကလေးငယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံ၍နှုတ်ဆက်စကားများပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ ကျောင်းအုပ်ဆရာမကြီးထံ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများ၊ ဂုဏ်ပြုချီးမြှင့် ငွေများနှင့်ဆန်များ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ ကုတင် ၂၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံးအုပ်ကြီး၊ ဆရာဝန်၊ သူနားပြု များနှင့် ဆေးရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံရာ ဆေးရုံအုပ်ကြီးထံ ဆေးရုံဝန် ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တာဝန်ရှိသူများနှင့်အတူ ဆေးကုသမှု ခံယူနေကြသည့် ဒေသခံပြည်သူများအား အဟာရဖြည့်စွက်စာများ လိုက်လံပေးအပ်ခဲ့ကြ ပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက် ရောက်
မုံရွာ၊ မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ ညနေပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ပညာ ရေးမှူးများတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မတ်လ ၁၇ ရက်နေ့တွင် ကျင်းပပြု လုပ်မည့် Grade 12 စာမေးပွဲကြီးအား ရာနှုန်းပြည့်ဖြေဆိုနိုင်ရေး တာဝန်ရှိသူအားလုံးမှ အလေးထားဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ မြို့နယ်များအားလုံးသို့ မေးခွန်းများရောက်ရှိနေပြီဖြစ်ပြီး မေးခွန်းများလုံ ခြုံမှုရှိအောင် ထိန်းသိမ်းသွားရေး၊ ဖြေဆိုပြီးအဖြေလွှာများအား စနစ်တကျပြန်လည်ထိန်း သိမ်းရေး၊ အဖြေလွှာများအား စာစစ်ဌာနများသို့ သက်မှတ်အချိန်၊ သက်မှတ်ရက်တွင် လုံခြုံမှုရှိအောင်ပို့ဆောင်ရေး၊ ဖြေဆိုမည့်ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေ ချိန်ကာလတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးထားရေးတို့အား ဌာနများပူးပေါင်း ကာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ရည်မှန်းချက်အတိုင်း Grade 12 စာမေးပွဲကြီးအား အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးအသိ၊သတိတို့ ဖြင့်လုပ်ငန်းများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် Grade 12 စာမေးပွဲကြီးအောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများနှင့် ဖြေဆိုနေချိန်ကာလအတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့်တင်ပြကြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ခရိုင်အတွင်း ရှိမြို့နယ်များ၌ Grade 12 စာမေးပွဲကြီးအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများက တိုင်းဒေသကြီးအတွင်း Grade 12 စာမေးပွဲကြီးအောင်မြင်စွာဖြေဆိုနိုင်ရေး အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူ များ၏ အသီးသီး ဖြည့်စွက်ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



