slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

ကလေးမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင် တန်း(၁/၂၀၂၅) ဖွင့် ပွဲအခမ်းအနားကို မတ်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် ကလေးမြို့၊ ကလေးခရိုင်၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား၊သင်တန်းသူများတက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်အတွက်ဒေသဆိုင်ရာအာဏာပိုင်များ ၏ အား၊ စာကြည့်တိုက်ကော်မတီဝင်များ၏ အား၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အားနှင့် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များ၏အားဆိုသည့် အား လေးအားကလည်း အဓိကကျသကဲ့သို့ ဗဟုသုတများစွာပေးစွမ်းနိုင်သည့် စာကြည့်တိုက် များစနစ်တကျလည်ပတ်ရန်အတွက် စာကြည့်တိုက်မှူးများသည် အရေးပါလှပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာအောင်ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ရပ်ကွက် /ကျေးရွာစာကြည့် တိုက်များအတွက် သုတရသစာအုပ် ၁၀၀ အုပ်အား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးခင်မောင်ချိုက အခြေခံစာကြည့်တိုက် ပညာသင်တန်းအတွက် ငွေကျပ် – ၃၇၅၀၀၀ (သုံးသိန်းခုနှစ်သောင်းငါးထောင်)ကျပ်အားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးထံ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာ ဝန်ရှိသူများက သင်တန်းသား/ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်း သား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးရှိ ကွန်ပျူသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွင်း ကလေးစာဖတ်ခန်းအတွင်း ဒေသခံ ပြည်သူများနှင့် ကလေးသူငယ်များ စာပေဖတ်ရှုလေ့လာနေမှုများနှင့် ပြတိုက်ငယ်တို့အား လိုက်လံကြည့်ရှုခဲ့ကြပြီးတာဝန်ရှိသူများနှင့် ကလေး ငယ်များအား အမှတ်တရလက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။

20250317 34

20250317 34

20250317 34

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ MSMEs လုပ်ငန်းများဆောင်ရွက်နေမှုများ ကြည့်ရှု

မုံရွာ၊ မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ “မိုးမင်း” ဂစ်တာလုပ်ငန်းနှင့် မန်ကျီးစင်ရပ်ကွက်ရှိ ကြိမ်နှင့် ဗေဒါတို့ကို အသုံးပြု၍ ပရိဘောဂပစ္စည်း ထုတ်လုပ်ရောင်းချသည့်“သစ္စာရှင်”ဆိုင်သို့ ရောက်ရှိရာ လုပ်ငန်းတာဝန်ခံများမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား လိုက်လံ ရှင်းလင်းပြသကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ကောင်းမွန်စွာဖြင့် ထုတ်လုပ်သွားရေး၊ ကုန်ကြမ်းပစ္စည်းများ ပြည့်စုံလုံလောက်စွာရရှိရေး၊ နိုင်ငံခြား ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ အဆင့်အတန်းမီ အရည်အ‌သွေးမြှင့် ကုန်ပစ္စည်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရေးတို့အား မှာကြားကာ လိုက်လံရှင်း လင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းစက်မှုဇုန်ရှိ Dr CLEAN ဆပ်ပြာစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း လက် ဆေးဆပ်ပြာဆီ၊ ပန်ကန်ဆေးဆပ်ပြာဆီ ၅၀၀ မီလီမီတာ၊ ၁.၂ ကီလိုဂရမ် ၊ ၂ ကီလိုဂရမ် ထုတ်လုပ် ထုတ်ပိုးနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ကလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်း ရေစီးရေလာကောင်းမွန်စေ ရန်အတွက် အရှည် – ၇၀၀ ပေ၊ အကျယ် – ၆ ပေ၊ အမြင့် – ၅ ပေရှိ အုတ်စီရေဆိုးထုတ် မြောင်းဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်း ပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သက် မှတ်ကာလတွင် စံချိန်စံညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး တို့အားမှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250317 29

20250317 29

20250317 29

20250317 29

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.