slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များအား လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ၊ မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရိပ်သာရှိ ဧည့်ခန်းမတွင် စစ်ကိုင်းမြို့၊ တရားမဝင် ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားပြည်သူများ လုံခြုံ အေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးတို့အတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်များတွင် ခရီးသည်တင်မော် တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင်ငွေကြေးကောက်ခံမှုများ မရှိစေ ရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများမရှိစေရေးနှင့် လုပ်ငန်းများဆောင် ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများနှင့်ထိတွေ့ရသည့် လုပ်ငန်းများအပေါ်တွင် နွေးထွေးပျုငှာစွာဖြင့် ဝန်ထမ်း ကောင်းစိတ်ဓါတ်ဖြင့် ပြောဆိုဆက်ဆံသွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင် ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် နေထိုင်သွားလာဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာ ဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ်တို့ ရှိစုပေါင်းလုံခြုံရေးအဖွဲ့ များမှတာဝန်ရှိသူများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေး နွေးတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တာ ဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ဝင် ဧရာဝတီတတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ဂိတ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးကိစ္စရပ်များနှင့် ပတ် သက်၍လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တံတားကြီးပေါ်၌ ဖြတ်သန်းသွားလာနေကြသည့် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ဧရာဝတီတံတား(ရတနာပုံ)တံတားကြီးပေါ် ဖြတ်သန်းသွားလာနေသည့် ယာဉ်များမှ ယာဉ်မောင်းများနှင့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ခရီးသွားလာမှု၊ ကုန်စည်စီး ဆင်းမှုနှင့် တရားမဝင်ငွေကြေးတောင်းခံမှု အခြေအနေများအားမေးမြန်းကာ ရင်းရင်းနှီး နှီးနှုတ်ဆက်ခဲ့ကြသည်။

20250317 24

20250317 24

20250317 24

20250317 24

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မုံရွာ၊ မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော၂၀၂၅-ခုနှစ်၊သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ချီးမြှင့်အပ်နှင်းပွဲမင်္ဂလာအခမ်း အနားကို မတ်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင် သာသနာ့ဗိမာန်တော်၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊တိုင်း ဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊အလှူရှင်များနှင့် ဖတ်ကြားထားသူ များ တက်ရောက်ကြသည်။

ဦးစွာ နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန့်တော့ ၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး တိုင်းဒေသကြီး သာသနာရေးမှူး ဦးသန်းအေးအောင်ကအခမ်းအနား ဖွင့်စာတမ်းအား ဖတ်ကြားလျှောက်ထားသည်။

ယင်းနောက် စစ်ကိုင်းမြို့၊ ရွှေဘုန်းရံသီကျောင်း တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တပဏ္ဍဝံသ (အဂ္ဂမဟာပဏ္ဍတ) ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက် တည်ကြသည်။

ဆက်လက်ပြီး မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ မုံရွာမြို့၊ မဟာလယ်တီကျောင်းတိုက်၊ ဘဒ္ဒန္တဉဇ္ဇောတ ဆရာတော်မှ သာရဏီယ ဩဝါဒကထာမြွက်ကြားချီးမြှင့် တော်မူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၃ ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီး ၁ ပါးတို့အား လှူဖွယ်ပစ္စည်းများနှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံ ဆိပ်တော်ရ သီလရှင်ဆရာကြီး ၁ ပါးနှင့် ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၁ ပါးတို့အား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ၏ဇနီးများမှ ဘွဲ့တံဆိပ်တော်ရ သီလရှင် ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ချီးမြှင့် အပ်နှင်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အကြည်ညိုခံဆရာတော်ကြီး များအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ဆက်လက်ပြီး စစ်ကိုင်းမြို့၊ ခေမာသီဝံကျောင်း တိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါ စရိယ ဘဒ္ဒန္တပညာသီရီ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစု စုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ”သုံးကြိမ်ရွတ်ဆို ဆုတောင်း ကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက ဆွမ်း ဆန်စိမ်းများနှင့်ဝတ္ထုငွေများ လောင်းလှူခဲ့ကြသည်။

အဆိုပါ ၂၀၂၅-ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံ ဆိပ်တော်များ ဆက်ကပ်ချီးမြှင့် အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားတွင် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ၃ ပါး၊ မဟာသဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ၉ ပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ၃ ပါး၊ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ၅ ပါး၊ ကမ္မဌာနာစရိယ ၁ ပါး၊ ဘွဲ့တံဆိပ် တော်ရ သီလရှင်ဆရာကြီး ၄ ပါး၊ မဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံ ဆိပ်တော်ရ လူပုဂ္ဂိုလ် အမျိုးသား ၁ ဦးတို့အား ဆက်ကပ်ချီးမြှင့်အပ်နှင်းခဲ့သည်။

အလားတူ စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်း ၌ ၂၀၂၅-ခုနှစ်၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး နေ့ဆွမ်းများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။

20250317 19

20250317 19

20250317 19

20250317 19

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.