slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံစာကြည့်တိုက် ပညာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ တက်ရောက်

မုံရွာ၊ မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက် ပညာသင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်း ပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်း ပြများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာကြည့်တိုက်တစ်တိုက် ဖွင့်လှစ်ထူထောင်ရန်အတွက် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များသည် များပြားသိမ် မွေ့ပြီးအခက်အခဲများရှိသကဲ့သို့ ဖွင့်လှစ်ပြီးစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲ အောင်လုပ်ဆောင်ရခြင်းမှလည်း ပိုမိုခက်ခဲလှပါကြောင်း၊ အချိန်ကာလရှည်လျားစွာ ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပြီး ပါဝင်ပူးပေါင်းဆောင်ရွက်သူများ၏ စည်းလုံးညီ ညွတ်မှု၊ စိတ်အားထက်သန်မှု၊ တက်ကြွမှုများကလည်း အရေးကြီးပါကြောင်း၊ စာကြည့် တိုက်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်အတွက် ဒေသဆိုင်ရာအာဏာပိုင် များ၏အား၊ စာကြည့်တိုက်ကော်မတီဝင်များ၏အား၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ ၏အားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏အားဆိုသည့် အားလေးအားကလည်း အဓိကကျသလို ဗဟုသုတများစွာပေးစွမ်းနိုင်သည့် စာကြည့် တိုက်များ စနစ်တကျလည်ပတ်ရန်အတွက် စာကြည့်တိုက်မှူးများသည် အရေးပါလှပါ ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာအောင် ပူး ပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကအခြေခံ စာကြည့်တိုက်ပညာ သင် တန်းအတွက် ငွေကျပ် ၃၇၅၀၀၀ (သုံးသိန်းခုနှစ်သောင်းငါးထောင်)ကျပ်အား တိုင်းဒေသ ကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံ ပေးအပ်ချီးမြှင့် သည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးရှိ စာ ကြည့်တိုက်အတွင်း စာအုပ်/စာစောင်များ စနစ်တကျသိမ်းဆည်းထားရှိမှုနှင့် ကလေးစာ ဖတ်ခန်းအတွင်း ဒေသခံပြည်သူများနှင့် ကလေးသူငယ်များ စာပေဖတ်ရှုလေ့လာနေမှု များအား လိုက်လံကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနှင့် ကလေးငယ်များ အမှတ်တရလက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်များအတွင်း လုံခြုံတည်ငြိမ်ရေး လုပ်ငန်းများဆောင်ရွက် နေမှုနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေမြူရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းခရိုင်အတွင်း လုံခြုံတည်ငြိမ် ရေး၊တရားဉပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများနှင့် MSMEs လုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်း လင်းပြောကြားခဲ့ကြောင်း သိရသည်။

20250310 05

20250310 05

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အခြေခံစာကြည့်တိုက်ပညာ သင် တန်းဖွင့်ပွဲ တက်ရောက်

မုံရွာ၊ မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာ သင် တန်း(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို မတ်လ ၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စာကြည့်တိုက်ဆိုသည် အကြောင်းအရာပေါင်းများစွာ၊ ပညာရပ်ပေါင်းများစွာပါရှိသည့် စာအုပ်စာစောင်များ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့သာမက စာအုပ်မဟုတ်သည့် အခြားလေ့လာစရာများအား စနစ်တကျစုစည်းထားရှိသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ စာကြည့်တိုက်များ ရေရှည် တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်အတွက် ဒေသဆိုင်ရာအာဏာပိုင်များ၏အား၊ စာကြည့်တိုက်ကော်မတီဝင်များ၏အား၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏အားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏အားဆိုသည့် အားလေး အားသည်လည်း အဓိကကျသကဲ့သို့ ဗဟုသုတများစွာ ပေးစွမ်းနိုင်သည့် စာကြည့်တိုက် များစနစ်တကျ လည်ပတ်နိုင်ရန်အတွက် စာကြည့်တိုက်မှူးများသည် အရေးကြီးပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပထမဆုံးအကြိမ်အဖြစ် အခြေခံစာ ကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲအား မုံရွာမြို့တွင်ကျင်းပနေခြင်းဖြစ်ပြီး စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ကလေး၊ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့များတွင်လည်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ အခြေခံစာကြည့်တိုက်ပညာသင်တန်းသို့ တက်ရောက်ကြမည့် ဌာန၊ ကျောင်း၊ ရပ်ကွက်နှင့်ကျေးရွာ စာကြည့်တိုက်မှူးများသည်စာကြည့်တိုက် ၏ အဓိကအခန်းကဏ္ဍ ကနေဆောင်ရွက်ရမည့်သူများ ဖြစ်သည့်အတွက် သင်တန်းမှသင်ကြားပို့ချမည့် ဘာသာ ရပ်များအား စိတ်ပါဝင်စားစွာ သင်ယူမှတ်သားသွားကြရန်နှင့် မိမိတို့စာကြည့်တိုက်များ အတွက် လက်တွေ့အသုံးချသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်မည့် အခြေခံစာကြည့်တိုက်ပညာ သင် တန်းများ အတွက် ငွေကျပ်- ၃၃၆၂၅၀၀ (သုံးဆယ့်သုံးသိန်း ခြောက်သောင်း နှစ်ထောင့်ငါးရာ ) အား တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးထံ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်း ရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ အခြေခံစာကြည့်တိုက်ပညာ သင်တန်း (၁/၂၀၂၅)သို့ ဌာနဆိုင်ရာ၊ ကျောင်း၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူး ၂၀ ဦး တက်ရောက်သွားမည်ဖြစ်ပြီး မတ်လ ၆ ရက် နေ့မှ ၁၀ ရက်နေ့အထိ သင်တန်းကာလ ၅ ရက်ကြာ စာတွေ့လက် တွေ့သင်ကြား ပို့ချပေးသွားမည် ဖြစ်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းတို့ရှိ သတ်မှတ်ကျောင်းဆောင်များတွင် Grade-5 သိပ္ပံဘာသာရပ်၊ Grade-9 ပထဝီဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲ
ဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး စာမေးပွဲများဖြေဆိုနေချိန် ကာ လအတွင်း လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ ပတ်ဝန်းကျင်ဆူညံမှုမရှိစေရေး၊ အဖြေ လွှာများစနစ်တကျသိမ်းဆည်းရေး၊ ကျောင်းသား၊ကျောင်းသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများပေးထားရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး အသိ၊သတိတို့ဖြင့် လုပ်ငန်းများဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြား ကာလိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

20250310 01

20250310 01

20250310 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.