၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၅) တက်ရောက်
မုံရွာ၊ မတ် ၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော် ဆောင် ရွက် နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၅)ကို မတ်လ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီး ခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လုံခြုံရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဉပဒေစိုးမိုးရေးသည် အများပြည်သူများ၏အခြေခံ လူ့အခွင့် အရေးများအား ကာကွယ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် အရေးပါသည့် အချက်များ ဖြစ်ပါကြောင်း၊ မိမိတို့နေထိုင်သည့် အရပ်ဒေသများတွင် လုံခြုံမှုရှိမှသာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်ကောင်း မွန် လာနိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား သက်ဆိုင်ရာဌာနဆိုင်ရာများမှ အနီး ကပ်ကြီးကြပ် ဆောင်ရွက်သွားကြရန်နှင့် အောင်ချက်မြင့်မားရေးကိုလည်း အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ယခုအချိန်အခါ သည် နွေစပါးစိုက်ပျိုးရာသီဖြစ်သည့်အတွက် ပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ ဒေသနှင့် ကိုက်ညီသည့် ဈေးကွက်ဝင် အထွက်နှုန်းကောင်းသည့်မျိုးများ ပြောင်းလဲသုံးစွဲရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်နိုင်စေရေး၊ သဘာဝမြေဩ ဇာအသုံးပြုမှုမှန်ကန်စေရေး၊ ရိတ်သိမ်းချိန်လွန် အလေအလွင့်မရှိစေရေး၊ သိုလှောင်ထားချိန်တွင်မျိုးရောစပ်မှု မရှိစေရေးတို့အား တာဝန်ရှိသူများမှ အလေးထားကြပ်မတ် ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကုန်ဆုံးတော့မည်ဖြစ်ပါ၍ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများအား သက်မှတ်အရည်အသွေးများနှင့် စံချိန်စံညွှန်းမီစွာဖြင့် အမြန်ဆုံးပြီးစီးအောင် တာဝန်ရှိသူများမှ မြေပြင်အထိကွင်းဆင်းကာ စိစစ်ကြပ် မတ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခွန်ကောက်ခံနေသည့် ဌာနများအနေ ဖြင့်မိမိတို့အားပေးအပ်ထားသည့် ကောက်ခံရန်လျာထားချက် အခွန်အခများနှင့်ချေးငွေများအား ပြည့်မီကျော်လွန်အောင် ကောက်ခံသွားကြရန်နှင့် လုပ်ငန်းများအပေါ် စေတနာ ထားကာ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည် ဖော် ဆောင်ရွက်နေ သည့်လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့်စီမံရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့ နယ်များအတွင်း အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs လုပ်ငန်းများဆောင်ရွက်နေမှု၊ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ခရိုင်များအတွင်းရှိမြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် အကောင်အထည်ဖော် ဆောင် ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင် ရွက်နေမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နေမှု လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ်အတွက် (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
မုံရွာ၊ မတ် ၅
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ်အတွက် (၂၁)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား ကို ယနေ့ နံနက် (၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့၊ နာယက ဒေါ်မြင့်မြင့်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ နှင့်အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြိုနယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌများနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နာယက က တိုင်းဒေသကြီး အတွင်း အမျိုးသမီးရေးရာအဖွဲ့ လုပ်ငန်းများ (၁)နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များနဲ့ အားသာချက် ၊ အားနည်းချက်များကို သုံးသပ်ပြီး အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် နှင့် “အမျိုး သမီးများဘဝဖွံ့ဖြိုးဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့”ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အမျိုးသမီးများရဲ့ဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျရာကဏ္ဍအသီးသီးမှဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ က မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးအတွေ့အကြုံနှင့် တိုင်း/ခရိုင်/မြိုနယ် အမျိုးသမီးရေးရာအဖွဲ့များ၏ ၂ဝ၂၄ ခုနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ အတွင်းရေးမှူးက၂၀၂၅ ခုနှစ်အတွက် ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ် (၉)ရပ်အားလည်းကောင်း အသီးသီး ဖတ်ကြား ရှင်းလင်းခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြင့်မြင့်အောင်နှင့် အဖွဲ့က တိုင်းဒေသကြီး အတွင်းရှိ ခရိုင်အလိုက် အမျိုးသမီးရေးရာအဖွဲ့များ၏ လုပ်ငန်းများလှုပ်ရှားဆောင်ရွက် ခဲ့မှုတို့နှင့်ပတ်သက်၍ ပညာရေးလုပ်ငန်းဆောင်ရွက်မှု ၊ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှု ၊ ဥပဒေရေးရာလုပ်ငန်းဆောင်ရွက်မှု၊ ဝင်ငွေတိုးသင်တန်းဖွင့်လှစ်မှု စသည့် ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီး အတွင်း ခရိုင်အလိုက် အမျိုးသမီးရေးရာအဖွဲ့များ၏ ပြည်သူ့အကျိုးပြု ဆောင်ရွက်ခဲ့မှု မှတ်တမ်းဓါတ်ပုံပြဘုတ်များ နှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေ မှု တို့အား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



