၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ဟုမ္မလင်းမြို့ရှိ ကျောင်းသား၊ကျောင်းသူ များအား တွေ့ဆုံအားပေး
မုံရွာ၊ မေ ၈
၂၀၂၅-ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကြီးအား စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၂၁ မြို့နယ်ဖြေဆိုခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အင်အားအလွန် ပြင်းထန် သည့်မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်း များဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၃) မြို့နယ် စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၈၂၀၂ ဦး၏ တက္ကသိုလ်ဝင်တန်း အဖြေ လွှာများ မီးလောင်ဆုံးရှုံးခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုကြမည့် ဟုမ္မလင်းမြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၁၃၇၃ ဦးကျော်အား ဟုမ္မလင်းမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်း၌ စခန်းသွင်းသင်ကြားပေးလျက်ရှိရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မေလ ၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘိုးရာဇာခန်းမတွင် ဆရာ/ဆရာမများ၊ ကျောင်သား၊ကျောင်းသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာ မေးပွဲ ပြန်လည်ဖြေဆိုရခြင်းနှင့် နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စခန်းသွင်းသင်ကြားနေစဉ်အတွင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ အတွက် ထောက်ပံ့ပေးအပ်မှု အခြေအနေအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိ သူများထံ စခန်းသွင်းသင်ကြားနေစဉ် ကာလအတွင်း စားသောက်စရိတ် ငွေကျပ်သိန်း- ၅၀၀ ကျပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ပညာရေးမှူးက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သတ်မှတ်ကျောင်းဆောင် စာသင်ခန်း များတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ကျောင်းသူများထံ စခန်းသွင်းသင်ကြား နေစဉ်ကာလအတွင်း စားသောက်စရိတ် ငွေကျပ်သိန်း- ၃၀၀ ကျပ်နှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ ခေါင်ခမ်းကျေးရွာ၊ ချင်းတွင်းမြစ်ကမ်းပြိုကာကွယ်ရေး သံခြင်းအခြေပြုကျောက်စီ မြေထိန်းတမံ အလျား – ၃၀၀ ပေ ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ တည် ဆောက်ရေးတာဝန်ခံမှ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင် ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီအရည် အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးနှင့် မြစ်ကမ်းဘေးနေပြည်သူများ အနေဖြင့် ချင်းတွင်းမြစ်အတွင်း ပလပ်စတစ်အမှိုက်များ စည်ကမ်းမဲ့မစွန့်ပစ်ကြရန် တာဝန်ရှိသူများအား မှာကြားကာ သံခြင်းအခြေပြု ကျောက်စီမြေထိန်းတမံ တည် ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရွှေတောင် တန်း လက်ဖက်စို၊ လက်ဖက် ခြောက်လုပ်ငန်းသို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ န၊မြို့နယ်ဦးစီးမှူးနှင့်လုပ်ငန်းရှင်မှ လက်ဖက်စို၊ လက်ဖက်ခြောက် ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့် ရှင်းလင်းပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တာဝန်ရှိသူများ နှင့်အတူ လက်ဖက်စိုက် ခင်း သုံး စက်ကိရိယာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့၊ နမ့်ပင အသေးစားရေအားလျှပ် စစ်စီမံကိန်းတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး
မုံရွာ၊ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန် ရှိသူများလိုက်ပါလျက် မေလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပင အသေး စားရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော် ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေးတာဝန်ခံမှ နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံ ကိန်းတည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းအခြေ အနေများ လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွန်းမီ ကောင်းမွန်စွာတည် ဆောက်သွားရေးတို့အား မှာကြားခဲ့သည်။
အဆိုပါ နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိ၍ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား – ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်ပင အသေးစား ရေအားလျှပ်စစ်စီမံကိန်းကြီးပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများသို့ လျှပ်စစ် ဓါတ်အားဖြန့်ဖြူးနိုင်ရန်အတွက် ခေါင်ခမ်းကျေးရွာအနီးတွင် တည်ဆောက်လျက်ရှိသည့် ၃၃/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ ဓါတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တည်ဆောက် ရေးတာဝန်ခံမှ တာဝါပွိုင့်လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဓါတ်အားခွဲရုံအဆောက်အဦ တည် ဆောက်နေမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြရာတိုင်းဒေသကြီးဝန်ကြီးချုပ် က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြောင်းသိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



