slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

(၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ စုပေါင်းသွေးလှူဒါန်း

မုံရွာ၊ မတ် ၂၆

(၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး /ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာ ထမ်း/အမှုထမ်းများ စုပေါင်းသွေး လှူဒါန်းပွဲ အခမ်း အနားကို မတ်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၄) တပ်မတော် ဆေးရုံ ခုတင်(၃၀၀)ဆံ့ ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ရာ သွေးလှူဒါန်းပွဲအခမ်းအနားသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ တပ်မတော်အရာရှိကြီးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူး၊ တိုင်းအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး/ခရိုင်/ မြို့ နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်း စေတနာရှင် သွေးအလှူရှင် (၃၇) ဦးမှ စုပေါင်းသွေးလှူဒါန်းနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အဟာရဖြည့်စား သောက်ဖွယ်ရာများအား တာဝန်ရှိသူများနှင့်အတူ လိုက်လံပေးအပ်ခဲ့ကြပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။

ယင်းနောက် တိုင်းမှူး၊ တိုင်းအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါဆေးရုံကြီးဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား ရင်း ရင်းနှီးနှီးလိုက်လံ အားပေးစကားများ ပြောကြားခဲ့ကြပြီး အဟာရဖြည့် စားသောက်ဖွယ်ရာများအား လိုက်လံပေးအပ်ခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်ကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20260326 01

20260326 01

20260326 01

စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၇-ခုနှစ်၊ ၂၀၂၆-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပ

မုံရွာ၊ ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၇-ခုနှစ်၊ ၂၀၂၆-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဧပြီလ ၂ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာအစည်းအဝေးသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုတို့က ၁၃၈၇-ခုနှစ်၊ ၂၀၂၆-ခုနှစ်၊ မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားမည့် လုပ်ငန်းအခြေအနေများအား ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၁၃၈၇-ခုနှစ်၊ ၂၀၂၆-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင် စွာကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်သွားမည့် လုပ်ငန်းကော်မတီများ အလိုက် ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၁၃၈၇-ခုနှစ်၊ ၂၀၂၆-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အစည်း အဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20260403 01

20260403 01

20260403 01

20260403 01

20260403 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.