၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့နယ်မှပြည်သူများအား အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများ အထူးကုကွင်းဆင်းကုသပေးနေမှု ဒုတိယနေ့ သွားရောက်ကြည့် ရှုအားပေး
မုံရွာ၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ပိုင်းတွင် ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆောင်ရွက်လျက်ရှိသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါ အထူးကု ကွင်းဆင်းကုသပေးခြင်း ဒုတိယရက် စစ်ဆေး၊ ကုသပေးနေမှုများအား သွားရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လာရာက်ဆေးကုသမှု ခံယူကြသည့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ရင်းရင်းနှီး နှီးလိုက်လံနှုတ်ဆက် စကားများပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ နေ့လည်စာ ထမင်း၊ဟင်းနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့တော်ခန်းမ အတွင်း မျက်စိလူနာ၊ သားဖွားမီးယပ်လူနာ၊ ကလေးလူနာနှင့် အထွေထွေရောဂါ သက် ဆိုင်ရာရောဂါများအလိုက် စာရင်းများပေးသွင်းနေမှုများနှင့် ရောဂါများအလိုက် စစ်ဆေး၊ စမ်းသပ်၊ကုသပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကြပြီး ကုသရေးလုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ကန့်ဘလူမြို့နှင့် အနီး ဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား မျက်စိအခမဲ့ခွဲစိတ်ပေးနေမှုများအား လိုက်လံ ကြည့်ရှုအားပေးပြီး ခွဲစိတ်ပြီးမျက်စိဝေဒနာရှင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားစကားများပြောကြားကာ တာဝန်ရှိသူများနှင့်အတူ နေ့လည်စာထမင်း၊ဟင်းနှင့် စားသောက်ဖွယ်ရာများ ဝေငှပေးခဲ့ကြသည်။
အဆိုပါ ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား ဖေဖော်ဝါ ရီလ ၂၃ ရက်နေ့မှ ၂၇ နေ့အထိ ၅ ရက်ကြာ အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်း၊ သား ဖွားမီးယပ်၊ ကလေးနှင့် အထွေ ထွေရောဂါများအား အထူးကုကွင်းဆင်းကုသပေးသွား မည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် မျက်စိစမ်းသပ်လူနာ – ၅၁၆ ဦး၊ မျက်စိခွဲ စိတ်ကုသ ၅၃ ဦး၊ သားဖွားမီးယပ်လူနာ ၆၁ ဦး၊ ကလေးလူနာ ၄၇ ဦးနှင့် အထွေထွေရောဂါလူနာ ၁၈၆ ဦး စုစုပေါင်းလူနာ ၈၁၀ ဦးတို့အား စစ်ဆေး၊ စမ်းသပ်၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်
မုံရွာ၊ ဖေဖော်ဝါရီ ၂၃
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူ ခရိုင်၊ကောလင်းခရိုင်နှင့် ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုး သားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်ရာ
အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်မှ ကန့်ဘလူခရိုင်၊ ကောလင်းခရိုင် နှင့်ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့် အဖွဲ့ဝင်များက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ကန့်ဘလူမြို့သို့ရောက်ရှိနေကြသည့် ကန့်ဘလူခရိုင်၊ ကောလင်းခရိုင်နှင့်ရေဦးခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူ ၃၉၁၂ ဦး အား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်း ဖြင့်တစ်လစာ ထောက်ပံ့ချီးမြှင့်ငွေကျပ် – ၇၈၂၄၀၀၀၀ (သိန်းခုနှစ်ရာ ရှစ်ဆယ်နှစ်သိန်း လေးသောင်းကျပ်)အား အသီးသီး ပေးအပ် ကြသည်။
ယင်းနောက် ကန်ဘလူခရိုင်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် စကားများပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးများထံ သာသနာရေးဆိုင် ရာများလျှောက်ထားကာ တာဝန်ရှိသူများနှင့်အတူ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



