slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ MSMEs စီးပွားရေးလုပ် ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုပြီး ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံအားပေး

မုံရွာ၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ နှင့်အတူ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ တစ်ရက်လျှင် လက်ဖက်ညွှန့်၊ လက်ဖက်ချဉ်စပ်နှင့်ပဲစုံနှစ်ပြန်ကြော်အထုပ် ၁၃၀ ပါ၊ ဂျပ်ဖာ ၁၀၀၀ ဝန်းကျင်ထုတ်လုပ် ရောင်းချနေသည့် “ပွဲတော်အုပ်” လက်ဖက်ညွှန့်၊လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော် လုပ်ငန်းခွင်သို့ရောက် ရှိရာလုပ်ငန်းတာဝန်ခံမှ လက်ဖက်ညွှန့်၊လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော် အမျိုး မျိုးထုတ်လုပ်နေမှု၊ ထုပ်ပိုးနေမှုများ၊ သိုလှောင်ထားရှိမှုများနှင့် ကုန်ကြမ်းစုဆောင်းထားရှိ မှုများအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ဖက်ညွှန့်၊လက်ဖက်ချဉ်စပ်နှင့် ပဲစုံနှစ်ပြန်ကြော်အမျိုးမျိုးအား နိုင်ငံခြား‌ ဈေးကွက်သို့ တင်ပို့ရောင်းချရေး၊ ထုတ်ပိုးမှုပုံစံ သစ်လွင်သပ်ရပ်ရေး၊ သန့်ရှင်းမှုရှိစေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးတို့အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရေး တို့အားမှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာစက်မှုဇုန်အတွင်း တစ်ရက်လျှင် ၁ တင်းခွဲဝင် အိတ် ၃၀၀ ထုတ်လုပ် ကြိတ်ခွဲနေသည့် “ငြိမ်းချမ်းရေး” ပဲခွဲစက်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကုလားပဲခြမ်း ကြိတ်ခွဲနေမှုများအား လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိတ်ခွဲပြီးကုလားပဲခြမ်းများအား သန့် ရှင်းသပ်ရပ်အောင်ထုတ်ပိုးရေး၊ ဈေးကွက်သို့ ဈေးနှုန်းသင့်တင့်စွာဖြင့် ရောင်းချသွားရေး တို့အား မှာကြားကာ လိုက်လံရှင်းလင်းပြသများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ မုံရွာစက်မှုဇုန်အတွင်း တစ်ရက်လျှင် ပိဿာ ၁၀၀ ဝင်၊ အိတ်ပေါင်း ၂၀၀ ကျော် ကြိတ်ခွဲနေသည့် “ပါဝါ” ဂျုံစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ခေတ်မီစက်ကြီး များဖြင့် ဂျုံကြိတ်ခွဲနေမှုများနှင့် ထုတ်ပိုးနေမှုများအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပြီး စက်ရုံ အတွင်း ဂျုံကြိတ်ခွဲနေမှုများနှင့် ထုတ်ပိုးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အောင်မင်္ဂ လာရပ်ကွက်ရှိ မုံရွာကုန်စည်ဒိုင်သို့ရောက်ရှိရာ တာဝန်ရှိသူများက မုံရွာမြို့နှင့်အခြား မြို့နယ်များမှထွက်ရှိသည့် သီးနှံမျိုးပေါင်း ၃၆ မျိုးကျော်အား ရောင်းဝယ်နေမှုများအား လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာကုန်စည်ဒိုင် အတွင်းရှိ အစည်း အဝေးခန်းမတွင် မုံရွာကုန်စည်ဒိုင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အားရင်းရင်းနှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ဆက်အမှာစကား ပြော ကြားသည်။

ယင်းနောက် မုံရွာကုန်စည်ဒိုင်ဥက္ကဋ္ဌ ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိမိတို့လုပ် ကိုင်ရောင်းဝယ်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးလိုသည်များအား ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250218 01

20250218 01

20250218 01

20250218 01

20250218 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်နေ မှုများနှင့် ပြည်ထောင်စု ဈေးကြီးအတွင်း ဈေးရောင်းဝယ်နေမှုများအား လိုက်လံကြည့်ရှု အားပေး

မုံရွာ၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး နှင့်ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ၊ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွား လာနိုင်ရေးစေရေးတို့အတွက် ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းနှင့် သာစည်လမ်းကြားရှိ မီးရထားသံလမ်းတစ် လျှောက်ရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက် ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာဘူတာရှိ မီးရထားဝန်ထမ်းများမှ စုပေါင်း၍ သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက် နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့် ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက် စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၅ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစု ပေါင်းအင်အား ၂၀၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စု ဈေးကြီးသို့ ရောက်ရှိရာ မုံရွာမြို့အနီးဝန်းကျင်ရှိ ကျေး ရွာများမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များနှင့် အသား၊ငါးများ လက်လီလက်ကား ရောင်းဝယ်နေမှုများ အားလိုက်လံကြည့်ရှုခဲ့ကြပြီး ဈေးရောင်းချနေသူများအား ရင်းရင်း နှီးနှီးလိုက်လံမိတ်ဆက် စကားများပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်ထောင်စု ကုန် စိမ်းပွဲရုံ ဈေးကြီးသို့ ရောက်ရှိရာ ကုန်စိမ်းသီးနှံများရောင်းချနေမှု၊ ထုတ်ပိုးနေမှုများနှင့် သို လှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ပြည်ထောင်စု ဈေးကြီးအတွင်း အမြဲ သန့်ရှင်းသပ်ရပ်စေရေး၊ စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ စေျးကြီးသို့လာရောက် ကြသည့်မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များ သတ်မှတ်နေရာတွင် ရပ်တန့် ထားရှိရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရေး တို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

20250217 09

20250217 09

20250217 09

20250217 09

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.