၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်း ၅ လမ်း ဖွင့်
မုံရွာ၊ မတ် ၂၅
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသ ကြီး၊မုံရွာမြို့၊ ဒေါနခြံရပ်ရပ်ကွက်၊ ကျောင်းလမ်း၊ ကွေ့ကြီးရပ်ကွက်၊ ပါရမီလမ်း၊ ဇေယျာ လမ်း၊ ရုံးကြီးရပ်ကွက်၊ ရေမိန်လမ်းနှင့် သလ္လာရပ်ကွက်၊ ဗိုလ်တစ်ထောင်လမ်း စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၅ လမ်း ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ ကျောင်းလမ်းမုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်း အနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများအပြင် ပြည်သူများ လမ်းပန်းဆက်သွယ်မှု လုံခြုံချေမွေ့စေရေးကိုလည်း အဓိကတာဝန်တစ်ရပ်အဖြစ် ခံယူ ကာယခုလိုလမ်းသစ်များ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးအတွင်း နိုင်လွန် ကတ္တရာလမ်းပေါင်း ၂၀၀ လမ်း၊ အရှည် – ၇၂ မိုင်၊ ၅.၆၃ ဖာလုံ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ မုံရွာမြို့ပေါ်ရှိ ဈေး၅ ဈေးအားပြုပြင်မွမ်းမံ အကောင် အထည်ဖော်ဆောင် ရွက်ပေးနိုင်ခဲ့သည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီဖွံ့ဖြိုးတိုးတက်၍ မြို့နေပြည်သူများအနေဖြင့်စနစ်တကျ အဆင့်မြင့်မြင့် ဈေး ရောင်း/ဝယ် ဖောက်ကားနိုင်သည့်အပြင် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ၁၈၀၀ ကျော် ဖော်ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်သူလူထု အနေဖြင့်လည်း စည်ပင်သာယာရေးအဖွဲ့၏ ကောင်းမွန်သည့် စေတနာများအား သိရှိနားလည်ပြီး မုံရွာမြို့၏ ဖွံ့ဖြိုးတိုးတက်သာယာလှပရေးလုပ်ငန်းများအား မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ကျောင်းလမ်း၊ ကွေ့ကြီးရပ်ကွက်၊ ပါရမီလမ်း၊ ဇေယျာလမ်း၊ ရုံးကြီးရပ်ကွက်၊ ရေမိန်လမ်းနှင့် သလ္လာရပ်ကွက်၊ ဗိုလ်တစ်ထောင်လမ်း စုစု ပေါင်း နိုင်လွန်ကတ္တရာလမ်း ၅ လမ်းနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင်ရာများ ဆောင် ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုလွင် တို့က မုံရွာမြို့၊ ဒေါနခြံရပ်ရပ်ကွက်၊ ကျောင်းလမ်း၊ ကွေ့ကြီးရပ်ကွက်၊ ပါရမီလမ်း၊ ဇေယျာ လမ်း၊ရုံးကြီးရပ်ကွက်၊ ရေမိန်လမ်းနှင့် သလ္လာရပ်ကွက်၊ ဗိုလ်တစ်ထောင် လမ်းစုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၅ လမ်း ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဘင်ခရာ/ပန်းပွား အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့် အဆိုပါမုဒ်ဦးရှေ့ တွင်စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ မုံရွာမြို့၊ ဒေါနခြံရပ်ရပ်ကွက်ရှိ ကျောင်းလမ်းသည် အရှည် -၉၀၀ ပေ၊ အကျယ် – ၁၈ ပေ၊ ၃ လက်မထုဖြစ်ပြီး ကွေ့ကြီးရပ်ကွက်၊ ပါရမီလမ်းသည် အရှည် – ၁၁၅၀ ပေ၊ အကျယ်- ၁၈ ပေ၊ ၃ လက်မထု၊ ဇေယျာလမ်းသည် အရှည်- ၂၈၆၀ ပေ၊ အကျယ်- ၁၈ ပေ၊ ၃ လက်မထုနှင့် ရုံးကြီးရပ်ကွက်၊ ရေမိန်လမ်းသည် အရှည်- ၉၅၀ ပေ၊ အကျယ်- ၁၆ ပေ၊ ၃ လက်မထုနှင့် သလ္လာရပ်ကွက်၊ ဗိုလ်တစ်ထောင်လမ်းသည် အရှည်- ၃၀၀၀ ပေ၊ အကျယ်- ၁၄ ပေ၊ ၃ လက်မထု နိုင်လွန်ကတ္တရာလမ်းများဖြစ်ပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။








စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဆေးကုသမှုခံယူနေကြသည့်ပြည်သူများအား စားသောက်ဖွယ်ရာပေးအပ်ခြင်း နှင့်စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားများ ကျင်းပ
မုံရွာ၊ မတ် ၂၅
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးကုသမှုခံယူနေ ကြသည့်ပြည်သူများအား စားသောက်ဖွယ်ရာပေးအပ်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အမှတ် ၄ ကုတင် ၃၀၀ ဆံ့၊ တပ်မ တော်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ သွေးလှူဒါန်းကြမည့်ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ အဟာရဖြည့်စွက်စာများအား လိုက်လံဝေငှပေးခဲ့ကြပြီး အဆိုပါဆေးရုံကြီးရှိ သက်မှတ်ကုသအဆောင်များတွင် ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး အဟာရဖြည့်စွက်စာများ လိုက်လံဝေငှပေးခဲ့ကြပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးရှိ ၅ ထပ်အဆောင်၌ ကျင်းပပြုလုပ် သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးကုသမှုခံယူနေ ကြသည့်ပြည်သူများအား စားသောက်ဖွယ်ရာပေးအပ်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းနေမှုများအား လိုက်လံကြည့်ရှုအားပေး ကာအဟာရဖြည့်စွက်စာများအား လိုက်လံဝေငှပေးခဲ့ကြပြီး အဆိုပါဆေးရုံကြီးရှိ သက် မှတ်ကုသအဆောင်များတွင် ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား ရင်း ရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး အဟာရဖြည့်စွက်စာများ လိုက်လံဝေငှပေးကာ ဆရာ /သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ကုသ ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



