၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပနိုင်ရေး ညှိနိုင်းအစည်းအဝေး တက်ရောက်
မုံရွာ၊ ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၅-ခုနှစ်၊ (၇၈)နှစ် မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး ညှိနိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အခမ်းအနားကျင်းပနိုင်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က (၇၈)နှစ်မြောက်၊ ပြည်ထောင်စု နေ့အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် အခမ်းအနားကြီးအား တိုင်းဒေသကြီးအဆင့်နှင့်လျှော်ညီအောင် ခမ်းခမ်းနားနား ပြင်ဆင်ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာ ဝန်များအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြမှသာ သက်မှတ်အချိန်တွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လုံခြုံရေးကိုလည်း စနစ်တကျစီမံကာ အလေးထားကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများအောင်မြင်အောင်ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို မိမိ တို့တိုင်းဒေသကြီး အစိုးရအဖွဲ့သို့အချိန်နှင့်တပြေးညီတင်ပြသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်ထားရှိမှုနှင့် ကြိုတင်စီမံ ဆောင်ရွက်သွားမည့်လုပ်ငန်း အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အခမ်းအနားပြင်ဆင်ရေးကော်မတီ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့မှ လည်းကောင်း၊ ဖိတ်ကြားရေး၊ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ကော်မတီ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လည်းကောင်း၊ ပို့ဆာင်ရေးကော်မတီ တိုင်းဒေ သကြီး ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန လည်းကောင်း၊ ပြန်ကြားရေးကော်မတီ တိုင်းဒေသ ကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လည်းကောင်း၊ ကျန်းမာရေးကော်မတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်းကောင်း၊ လုံခြုံရေးကော်မတီ မုံရွာ ခရိုင်ရဲတပ်ဖွဲ့မှူးမှ လည်းကောင်း ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်း အနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုဆင်ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ် ငန်းအခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက် ရောက်လာသူများက ၂၀၂၅-ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင် မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အထွေထွေအကြံ ပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူ များ၏ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တက်ရောက်
မုံရွာ၊ ဇန်နဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင် အထည်ဖော်ဆောင် ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅)ကို ဇန်နဝါရီလ ၂၇ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်နှင့်ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဒေသများလုံခြုံတည်ငြိမ်ပြီး တရားဉပဒေစိုးမိုးမှုရှိမှသာ နေထိုင်သည့်ပတ်ဝန်းကျင်နှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်း ချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာပေါများရေးသည် အလွန်အရေးပါသည့် အချက်များဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပါက နိုင်ငံ့စီးပွားနှင့်ပြည်သူတို့၏ လူမှု စီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ မြို့ရွာများဖွံ့ဖြိုးတိုး တက်အောင် တာဝန်ရှိသူအားလုံးမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်ကြီးများဘေးတွင်တည်ရှိသည့် မြို့/ရွာများရှိ ဆိပ်ကမ်းများသာယာလှပရေး၊ ပြည်သူများအပန်းဖြေနိုင်ရေး သန့်ရှင်းသပ် ရပ်ရေးနှင့်အမှိုက်စွန့်ပစ်မှုစနစ်တကျရှိရန် လိုအပ်ပါကြောင်း၊ အသေးစား၊အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်သည့်ပို့ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ပေးနိုင်ရေး၊ ထုတ်ကုန်များဈေးကွက် ခိုင်မာမှုရှိစေရေး၊ မိမိတို့နိုင်ငံမှထုတ်လုပ် သည့်ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်ရန်နှင့် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့်ထုတ်ကုန်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကုန်ဆုံးတော့မည်ဖြစ်ပါသဖြင့် ဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းများအား အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် မိမိတို့လုပ်ငန်းများအား စိစစ်ကြပ်မတ်၍ အလေးထားဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိဒေသအတွင်း အကျိုးဖြစ်ထွန်း သည့်လုပ်ငန်းများအား စိစစ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာအားလုံးနှင့် ခရိုင်/မြို့နယ်အားလုံး သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချမှတ်ထား သည့်အမျိုးသား ရေးရည်မှန်းချက်၊ နိုင်ငံရေးရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်များ နှင့်အညီအောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ကာ တိုင်းပြည်အေးချမ်းသာယာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်အောင် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင် မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး(၈/၂၀၂၄) လမ်းညွှန်ချက်များအပေါ် ဌာန ဆိုင်ရာများမှ လိုက်နာဆောင်ရွက်မှု အခြေအနေများအား ဖတ်ကြားရှင်းလင်း ပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည် ဖော် ဆောင်ရွက်နေ သည့်လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့်စီမံရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် မြို့နယ်များအတွင်း အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs လုပ်ငန်းများဆောင်ရွက်နေမှု၊ အထွေထွေရွေးကောက်ပွဲ ကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များက Video Conferencing စနစ်ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ခရိုင်များအတွင်းရှိမြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူများ၏ အသီးသီး ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်းသိရသည်။




သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



