၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်
မုံရွာ ဇန်နဝါရီ ၂၄
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ ဖေဖော်ဝါရီလ၌ နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင် ပွဲတွင် မိမိတို့တိုင်းဒေသကြီး ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်/ ပြသ/ ရောင်းချမည့် တာဝန်ရှိသူအားလုံးနေဖြင့် မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအား တာဝန်ခံမှု၊ တာဝန်ယူမှုစိတ်ဖြင့် ကျေပွန်စွာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ တိုင်းရင်းသားရိုး ရာအစားအစာများနှင့် အဝတ်အထည်များအား လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ စုံလင်စွာ ပြသ/ရောင်းချသွားကြရန် လိုအပ်ပါကြောင်း၊ လိုက်ပါဆောင်ရွက်ကြမည့် တာဝန်ရှိသူများ အနေဖြင့်လည်း ယခင်နှစ်များမှ အတွေ့အကြုံကောင်းများအားရယူကာ ယခုနှစ်ပြပွဲနှင့် ပြိုင်ပွဲများတွင်လည်း အောင်မြင်အောင် ပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသသွားမည့် တိုင်းဒေသကြီးအတွင်းမှ ဒေသအလိုက်ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများ၊ တိုင်းရင်းသားရိုးရာအစားအစာများ၊ ငွေထည်/ကြေးထည်နှင့် အဝတ်အထည်များ ပြသရောင်းချသွားမည့် အခြေအနေများနှင့်ပတ်သက်၍ မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းများအား အသီး သီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပါဝင်ပြသသွားမည့် အခြေအနေ များနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ဆိပ်ကမ်းသာယာလှပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ကမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ် ဆေး
မုံရွာ၊ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆိပ်ကမ်းသာယာလှပရေးနှင့် စနစ်တကျဖြစ် စေရေး လုပ်ငန်းညိှနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂၃ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာ နဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် ရေယာဉ်အသင်း ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် မုံရွာမြို့အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့များအား မြို့အင်္ဂါရပ်နှင့် အညီခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး အချိန်နှင့်တစ်ပြေးညီ စည်ပင်သာယာရေးအဖွဲ့၊ မြို့စီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည် သူများအပန်းဖြေစေရန်အတွက် အပန်းဖြေနေရာများ ဖော်ဆောင်ပေးခြင်း၊ မြို့တွင်းရှိ လမ်းများအား အဆင့်မြှင့်တင်ပေးခြင်းနှင့် အပတ်စဉ်စနေနေ့တိုင်း စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံများနှင့် မြို့တွင်းရှိလမ်းများအား ဌာနဆိုင်ရာများ၊ ရပ် ကွက်နေပြည်သူများနှင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဆိပ်ကမ်းများအဆင့်မီစေရန်အတွက် ရေယာဉ်များ ဆိုက်ကပ်ရာနေရာများအား သန့်ရှင်းသာယာလှပရေး၊စနစ်တကျ ရှိစေရေး၊ ဆိပ်ကမ်းတာ များမကျိုးပေါက်စေရေးနှင့် ရေတိုက်စားခြင်းမှ ကာကွယ်နိုင်ရန်အတွက် တာဝန်ရှိသူအား လုံးမှ မြေပြင်အထိကွင်းဆင်းကာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆိပ် ကမ်းနယ်မြေအတွင်း ရေထုညစ်ညမ်းမှုမဖြစ်စေရေးအတွက် ဆိပ်ကမ်းအနီးနေထိုင်ကြ သည့် ပြည်သူများအနေဖြင့်လည်း အမှိုက်များ၊ အညစ်အကြးများ၊ ဘေးအန္တရာယ်ဖြစ်စေ သည့်ပစ္စည်းများနှင့် စက်သုံးဆီများအား မစွန့်ပစ်စေရေးအတွက် ပညာပေးဟော ပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဆိုင်းဘုတ်များဆိုက်ထူရေးလုပ်ငန်း များအား ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မုံရွာမြို့၊ ဆိပ်ကမ်းသာယာ လှပရေးနှင့်စနစ်တကျဖြစ်စေရေး မိမိတို့ဌာနများအလိုက် တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများက ချင်းတွင်းမြစ်အတွင်း မြစ်သဲကျောက်ထုတ်လုပ်ရေး လုပ်ငန်းလိုင်စင်ထုတ် ပေးထားရှိမှု၊ ရေယာဉ်များစနစ်တကျပြေးဆွဲရေး၊ ဆိပ်ကမ်းသာယာလှပရေး လုပ်ငန်း များဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့က တိုင်းဒေသကြီးအတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေများအား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရေယာဉ်အသင်းကိုယ် စားလှယ်များက မိမိတို့လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းပေါင်းစပ်ပေးလိုမှု လုပ်ငန်းအခြေအနေများအား ဆွေး နွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့၊ ဆိပ်ကမ်းသာယာလှ ပရေးနှင့် စနစ်တကျဖြစ်စေရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ် သက်၍ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက်ရောက်လာသူ များ၏ အသီးသီး ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချင်းတွင်းမြစ် ကမ်းသန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် ရေကြောင်းရဲတပ်ဖွဲ့ခွဲရုံးမှ ချင်းတွင်း သင်္ဘောကျင်းဌာနခွဲ(မုံရွာ)ရုံးအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့များမှ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားကြပြီး ချင်းတွင်းမြစ်ကမ်း သန့်ရှင်းသာယာသပ်ရပ်စေရေး အတွက်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



