slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ၊ မတ် ၁၁

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်း နားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်း ဖွင့်ပွဲအခမ်း အနားကို မတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အဆိုပါလမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးမျိုးအောင်တို့က စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန် ကတ္တရာလမ်း ၃ လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဘင်ခရာ/ပန်းပွားအဖွဲ့များ အားဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့် အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန် ကတ္တရာလမ်း ၃ လမ်းဖွင့်ပွဲ ဒုတိယပိုင်းအခမ်းအနားသို့ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့များဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းများကောင်းမွန် ရေး၊ မြို့နေပြည်သူများ လုံခြုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လုပ်ငန်းများအား အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့များခေတ်နှင့်အညီ အဆင့်မြှင်တင် ဆောင်ရွက်စေရန်ရည်ရွယ်၍ နိုင်လွန်ကတ္တရာစက်ရုံအမှတ်(၂)အား စစ်ကိုင်းမြို့တွင်တည် ထောင်ထားရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ မြို့တွင်းလမ်းများအား အဆင့်မြှင့် တင်ဆောင်ရွက်လျက်ရာယနေ့အထိ စစ်ကိုင်းမြို့တွင် နိုင်လွန်ကတ္တရာလမ်းပေါင်း ၄၇ လမ်း၊ လမ်းအရှည် – ၂၃ မိုင်၊ ၀.၂၈ ဖာလုံအား ခင်းကျင်းဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ရပ်ကွက်နေပြည်သူများမှလည်း မိမိတို့ကျရာအခန်းကဏ္ဍမှစည်ပင်သာယာရေး အဖွဲ့နှင့်အတူတကွပူးပေါင်းလက်တွဲ၍ ဆောင်ရွက်ပေးသွားကြရန်နှင့် ဆောင်ရွက်ပြီးလမ်း တံတားများ ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် ဝိုင်းဝန်းထိန်းသိမ်းပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က စစ်ကိုင်းမြို့ပေါ်ရှိ နိုင်လွန်ကတ္တရာလမ်းများ ခင်းကျင်းဆောင်ရွက်ပြီးစီး မှုအခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်းသည် အရှည် – ၁ မိုင်၊ ၁.၀၅ ဖာလုံ၊ အကျယ် – ၂၆ ပေ၊ ၃ လက်မခွဲထု၊ တာရိုးကြီးလမ်းသည် အရှည် – ၁ မိုင်၊ ၂.၂၇ ဖာလုံ၊ အကျယ် – ၂၀ ပေ၊ ၃ လက်မခွဲထုနှင့် ရုံးကြီးလမ်းသည် အရှည် – ၂.၄၁ ဖာလုံ၊ အကျယ် – ၁၈ ပေ၊ ၃ လက်မခွဲထု နိုင်လွန် ကတ္တရာလမ်း ၃ လမ်းအား စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

20250317 01

20250317 01

20250317 01

20250317 01

စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ၂၀၂၅ ခုနှစ်၊ “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”အထိမ်း အမှတ်အခမ်းအနား ကျင်းပ

မုံရွာ၊ မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ၂၀၂၅ ခုနှစ်၊ မတ်လ(၈)ရက် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့”အထိမ်းအမှတ်အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုး ရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက နိုင်ငံတကာ အနေနဲ့ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်အမှတ်(၅)မှာ ဖော်ပြပါဝင်တဲ့ ကျား၊မ တန်းတူညီမျှမှုနှင့် အမျိုးသမီးငယ်များအားလုံး စွမ်းပကား မြင့်မားရေး ပန်းတိုင်ဟာ အမျိုးသမီးများရဲ့ ပါဝင်မှု ရာခိုင်နှုန်း မြှင့်တင်ရေးအတွက် တိကျခိုင်မာတဲ့ ရည်ရွယ်ချက် တစ်ခုဖြစ်သောကြောင့် မိမိတို့ တိုင်းဒေသကြီး အနေဖြင့် ခေတ်သစ်ဒီမိုကရေစီ နိုင်ငံတော်အသွင်ကူးပြောင်း ကာလအတွင်းမှာ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တစ်ဆင့်ထက် တစ်ဆင့် မြင့်မားတိုးတက်စေဖို့ တန်းတူအခွင့်အရေး ရရှိစေဖို့အတွက် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ကြဖို့ တိုက်တွန်း အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူးချုပ်မှပေးပို့သည့် သဝဏ်လွှာ Video Clip နှင့် မြန်မာနိုင်ငံ၏ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သမိုင်းမှတ်တိုင်များ အား VideoClip ဖြင့်ပြသမှုနှင့် အမျိုးသမီးငယ်လေးများ၏ ဗိုလ်ရှုသဘင် သီချင်း၊ ရွှေဘိုသနပ်ခါး၊ လောကအားမာန်သီချင်းတို့ဖြင့် ကပြဖျော်ဖြေမှုတို့အားတက်ရောက်လာကြသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ကပြဖျော်ဖြေသည့်အမျိုးသမီးငယ်လေးများအား ဆုချီးမြှင့်ပွဲကျင်းပရာဗိုလ်ရှုသဘင် သီးချင်းဖြင့် ကပြဖျော်ဖြေပေး ပါသော မဆုရတီမောင်အား စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးက လည်းကောင်း၊ရွှေဘိုသနပ်ခါးသီချင်းဖြင့် ကပြဖျော်ဖြေပေး ပါသော သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်း သူလေးများအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းကလည်းကောင်း၊လောကအားမာန်သီချင်းဖြင့် ကပြဖျော်ဖြေပေး ပါသော သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သင်တန်း သူလေးများအား တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း တို့က အသီးသီးဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

20250310 14

20250310 14

20250310 14

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.