၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
မုံရွာ၊ မတ် ၂၀
၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ ၂၀ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သစ်တောများသည် မြန်မာနိုင်ငံ၏စီပွားရေး အပါအဝင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှူ၏ အဓိက မောင်းနှင်အားတစ်ခုပင် ဖြစ်ပါကြောင်း၊ ဒေသတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်အ လျောက် ရာသီဥတု မျှတမှု၊ လူမှုအဖွဲ့အစည်း အတွက် အသက်ရှည် ကျန်းမာ စေ မှာများသည် သစ်တော သစ်ပင်များ အနေဖြင့် အဓိက အခန်ူကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း အမှာစကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အပြည်ပြည် ဆိုင်ရာ သစ်တောများနေ့အကြောင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း သစ်တောဧရိယာများနှင့် နိုင်ငံအကျိုးပြု သစ်တောထွက်ပစ္စည်းများ ထွက်ရှိမှု အ ခြေအနေ တို့အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် မုံရွာတက္ကသိုလ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုုးရေးဦးစီးဌာနနှင့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ထံ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ပြဘုတ်များအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ နှင့်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
မုံရွာ၊ မတ် ၁၈
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင် တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က သင်တန်းဆင်းအမှာ စကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး တရားသူကြီးချုပ်က သင်တန်းကြီးကြပ်သင်ပြပေး သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဆရာမကြီးအား ဂုဏ်ပြုချီးမြှင့်ငွေ အား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အကနည်းပြ ဆရာမထံ ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ခြင်းတောင်းယက် သင်တန်းနည်းပြ ဆရာမထံ ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း၊ တိုင်း ဒေသကြီး ဥပဒေချုပ်က Eco print နှင့် Try Dry သင်တန်းနည်းပြ ဆရာမထံ ဂုဏ်ပြုချီး မြှင့်ငွေအား လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းသူ များကိုယ်စား သင်တန်း ၂ ဦးထံ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သင် တန်းဆင်း အစီရင်ခံစာအား ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ သင်တန်းသူများ၏ တေးသီချင်းများ၊ ပုံပြင်များ၊ ပြဇာတ်များဖြင့် ကပြသရုပ်ပြသဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက် ကူးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထားသည့် လက်မှုပစ္စည်းများ ခင်းကျင်းပြသ ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် မတ်လ ၁၇ ရက်၊ မွန်းလွဲပိုင်း တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၁၃၈၇-ခုနှစ်၊ ၂၀၂၆-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က အမှာစကားပြော ကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၁၃၈၇-ခုနှစ်၊ ၂၀၂၆-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင် စွာကျင်းပနိုင်ရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းကော်မတီများ အလိုက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၁၃၈၇-ခုနှစ်၊ ၂၀၂၆-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင် ရွက်သွားမည့် အခြေအနေများအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြ သည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အစည်းအဝေးသို့ တက်ရောက် လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။









သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



