၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံအတွက် အနာဂတ်လူငယ် များဖြစ်သည့် မောင်တို့မယ်တို့အနေဖြင့် အသိပညာပြည့်စုံမှသာ နိုင်ငံ့အကျိုးအား သယ် ပိုးနိုင်မည့် စစ်မှန်သည့်အင်အားတစ်ရပ်ကို ထူထောင်နိုင်မည် ဖြစ်ပါကြောင်း၊ ဘဝတွင် အောင်မြင်တိုးတက်ရန်အတွက် စည်းကမ်းရှိရန်ချမှတ်ထားသည့် ဉပဒေများကိုလည်း လေးစားလိုက်နာသွားကြရန် လိုအပ်ပါကြောင်း၊ ယနေ့အချိန်အခါသည် ပညာရေးအား အရှိန်အဟုတ်ဖြင့် အားပေးမြှင့်တင်နေသည်ဖြစ်သည့်အတွက် ဗလငါးတန်ဖြင့်ပြည့်စုံ သည့် လူငယ်များမွေးထုတ်ရန် ဆရာ/ဆရာမများနှင့် မိဘအုပ်ထိန်းသူများမှ အဓိကဦး ဆောင်သူများ ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့်လည်း ဆရာ/ဆရာမများ၏ သွန်သင်ဆုံးမလမ်းညွှန်မှုများအား ကောင်းစွာနာခံမှတ်သား နာယူမှသာ အနာဂတ်နိုင်ငံ တော်မှ အားကိုးအားထားပြုရသည့် အရည်အချင်းပြည့်ဝသော လူငယ်လူရွယ်များ ပေါ် ထွက်လာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မုံရွာတက္ကသိုလ်ပါမောက္ခချုပ်ထံ ကျောင်းအတွက် ငွေကျပ်- ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာတက္ကသိုလ်မှ အနုပညာအသင်းမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေး ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေး တက္ကသိုလ် ဘွဲ့နှင်း သဘင်ရှိ အစည်းအဝေးခန်းမတွင် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံရာ ပါမောက္ခချုပ်က ပညာသင်နှစ်အလိုက်ကျောင်း ၏ စီမံသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင် ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကကျောင်း ၏လိုအပ်ချက်များနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းအတွက် ပါမောက္ခချုပ်ထံ ငွေကျပ်- ၁၀ သိန်း ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ ၂ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ နန္ဒဝန် ဝန်ထမ်းအိမ်ရာ၌ နေထိုင်ကြသည့် အရာထမ်း/အမှုထမ်းများနှင့် မိသားစုဝင်များ စားသောက်ရေးအတွက် အဆင်ပြေစွာဝယ်ယူနိုင်စေရန် ဝန်ထမ်းအိမ်ရာဝန်းအတွင်း ဈေးဆိုင်ခန်းပေါင်း ၂၀ ခန်းပါ ဝင်မည့် သံဖရိမ်ဈေးရုံ အလျား – ၆၀ ပေ၊ အနံ ၄၀ ပေ တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိကြသည်။
ဦးစွာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့် က သံဖရိမ်ဈေးရုံ တည်ဆောက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ အလျား -၁၃၀ ပေ၊ အနံ – ၉၀ ပေ ဖူဆယ်ဘောလုံးကွင်း ဆောင်ရွက်မည့် မြေနေရာသို့ရောက်ရှိရာ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောင် ရွက်သွားမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။



သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



