slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ -တရုတ်ချစ်ကြည်ရေးဈေးရုံ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ မတ် ၁၃

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် မြန်မာနိုင်ငံတရုတ်စက်မှု လုပ်ငန်းရှင်းများအသင်းတို့မှလှူဒါန်း၍ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်းမှ ကူ ညီဆောင်ရွက်သည့် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည် ရေးဈေးရုံ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဈေးရုံတွင် ကျင်းပပြုလုပ်ရာ ဖွင့် ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံမှူးကြီး Mr.Hou Yong ၊ မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း ဥက္ကဌ Mr.Liu Ming နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေပြည်သူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည် သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E Ms Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံမှူးကြီး Mr.Hou Yong ၊ မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း ဥက္ကဌ Mr.Liu Ming ၊ မြန်မာတရုတ်ပူးပေါင်းဆက်ဆံရေးအသင်း Senior President ဦးသစ္စာ(ခ)Mr.Li Bo Bo ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးသစ်ထူးမြင့်နှင့် စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဝင်းတို့က စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရေများ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးတို့က မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေး အပ်ခဲ့ကြပြီး အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ် တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်ဖွင့်ပွဲ ဒုတိယပိုင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုလို ဈေးရုံသစ်ဆောက်လုပ် ပေးခဲ့သည့်အတွက် ရပ်ကွက်အနီးတွင် လာရောက်ဈေးရောင်းချသည့် အခြေခံပျံကျဈေး သည်များနှင့် ရပ်ကွက်နေပြည်သူများအနေဖြင့် ဈေးရောင်းခြင်းနှင့်ဈေးဝယ်များကို အချိန် တိုအတွင်းဆောင်ရွက်နိုင်၍ ကုန်စည်သယ်ယူပို့ဆောင်ရာတွင် စရိတ်လျော့နည်းလာခြင်း၊ကုန်စည်စီးဆင်းမှုလွယ်ကူခြင်းကြောင့် စစ်ကိုင်းမြို့နေပြည်သူလူထု၏ စီးပွားရေး၊ လူမှု ရေးအခန်းကဏ္ဍများအား အထောက်အကူပြုပြီး ဒေသဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါ၍ မြန်မာ-တရုတ် ချစ်ကြည် ရေးဈေးရုံသစ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ တရုတ်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ Mr.Liu Ming တို့က ရွှေ မင်းဝံဈေးရုံသစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်ပက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမှ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန် ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းမြိုု့၊ ရွှေမင်းဝံဈေး မြန်မာ-တရုတ်ချစ်ကြည်ရေးဈေးရုံသစ်သည် အလျား – ၁၀၀ ပေ၊ အနံ – ၁၀၀ ပေ ၁ ထပ်ဈေးရုံဖြစ်ပြီး ၆ ပေပတ်လည် ဈေးဆိုင်ခန်း ပေါင်း – ၁၁၂ ခန်းပါဝင်ကာ အဆိုပါဈေးခန်းများတွင် စားဖိုဆောင်သုံး ဒေသထွက် ဟင်းသီးဟင်းရွက်နှင့် သီးနှံများကို ရောင်းချသွားမည်ဖြစ်ပါသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက် တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူများ ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်းသာစွာ ဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ဆောက် လုပ်ရေးဆိုင်ရာလုပ်ငန်း ရှင်များအသင်း နှစ်ပတ် လည် အသင်းစုံညီတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းအနေဖြင့် DICA စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက် သွားကြရန်နှင့် ယခုလိုအသင်းအဖွဲ့များသည် နိုင်ငံတော်၏ အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်တာနှင့်အညီ မိမိတို့၏ပုံရိပ်အား အထိခိုက်မခံဘဲ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် နိုင်ငံတော်အကျိုး၊ မိမိအကျိုးအား အတ္တပရ မျှတစွာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဝင်းခိုင်က ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားပြီး စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင် ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ တော်မြတ်ကြီး၊ မဟိယင်္ဂဏ စေတီတော်မြတ်ကြီး၊ မဟာစေတီလှစေတီတော်မြတ်ကြီးနှင့် ရတနာထွဠ်ခေါင်စေတီတော်များ ပြန်လည်ပြုပြင်မွန်းမံနေမှုများအား လိုက်လံကြည့်ရှု
ခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ် သက်၍ လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်ရှိ Motive Super Red Co.,Ltd မှ နှစ်ဘီး၊ သုံးဘီးဆိုင်ကယ် အပိုပစ္စည်းအမျိုးမျိုးထုတ်လုပ်ရေးစက်ရုံအား လည်းကောင်း၊ 747 ပေါင်း ဂျူံခေါက်ဆွဲနှင့် မုန့်တီခြောက်လုပ်ငန်း စက်ရုံသို့ လည်းကောင်း၊ ရွှေဆင် ကြည်ဥခေါက်ဆွဲ လုပ်ငန်း စက်ရုံသို့လည်းကောင်း သွားရောက်၍ စက်ရုံလည်ပတ်လုပ်ကိုင် ဆောင်ရွက်နေ မှုများအား စက်ရုံတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20261603 001

20261603 001

20261603 001

20261603 001

20261603 001

20261603 001

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်အေးချမ်း သာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု၊ မုံရွာမြို့ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်နေမှု လိုက်လံကြည့်ရှု

မုံရွာ၊ မတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊မုံရွာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်မှ တာဝန်ရှိသူ များ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် မတ်လ ၁၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (အလုံ)သို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တက္ကသိုလ်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာ စွာဖြင့်ဖြေဆိုနိုင်ရေးအတွက် ပတ်ဝန်းကျင်ဆူညံမှုမရှိစေရေး၊ လျပ်စစ်မီးပြတ်တောက်မှု မရှိစေရေး၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှု များပေးထားရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ စီမံဆောင်ရွက် ထားရှိရေးတို့အား စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် တာဝန်ရှိသူ များအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စိတ်မေးချမ်းသာစွာဖြင ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)ရှိ ကျောင်းခန်းမအဆောင်နှင့် အလျား – ၁၄၀ ပေ၊ အနံ – ၃၀ ပေရှိ RCC ၂ ထပ်ကျောင်းဆောင် အဆောက်အဦသစ်များ တည် ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံ ညွှန်းမီအရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေးတို့ အား တာဝန်ရှိသူများအား မှာကြားခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် မုံရွာ-ရေဦးကား လမ်းမပေါ်ရှိ အနောက်ဘက်ကန်သာယာကန်မှ အောင်ချမ်းသာရပ်ကွက် မုံရွာဂေါက်ကွင်းအထိ အရှည် -၄၂၀၀ ပေအား အကျယ် ၄ ပေရှိ အုတ်စီရေမြောင်းနှင့် လမ်းဘေးဝဲ/ယာ ကွန်ကရစ်ခင်းခြင်း၊ ကပ်တုံးပြုလုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု များအား လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာပညာရေး ဒီဂရီကောလိပ်သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ပထမနှစ် ပထမနှစ်ဝက် ကျောင်းသား၊ကျောင်းသူ(၉၉)ဦး၊ ဒုတိယနှစ် ပထမနှစ်ဝက် ကျောင်းသား၊ ကျောင်းသူ(၈၅) တတိယနှစ် ပထမနှစ်ဝက် ကျောင်းသား၊ကျောင်းသူ(၆၅)ဦး၊ စတုတ္ထနှစ် ပထမနှစ်ဝက် ကျောင်းသား၊ကျောင်းသူ (၂၃၉)ဦး၊ စတုတ္ထနှစ် ဒုတိယနှစ်ဝက် ကျောင်းသား ကျောင်းသူ(၃၅၁)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၈၃၉)တို့ဖြင့် အတူတကွ အထူးနေ့လည်စာ သုံးဆောင်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20261603 01

20261603 01

20261603 01

20261603 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.