၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်)မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ပဉ္စဗလဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသား/သူမောင်မယ် များအား ယခုလိုသင်တန်းများဖွင့်လှစ်ပြီး သင်ကြားပို့ချပေးရသည့် ရည်ရွယ်ချက်အနေ ဖြင့်ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများအား ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် ဆရာလုပ်ငန်းတာဝန်များအား တန်ဖိုးထား၍ ဘာသာရပ်ကျွမ်းကျင်ပြီး ဆရာအတတ် ပညာအရည်အသွေးမြင့်မားသည့် အခြေခံပညာဆရာ/ဆရာမများ ဖြစ်လာစေရေး လေ့ကျင့်သင်တန်းပေးနိုင်ရန်အတွက် ဖြစ်ပါကြောင်း၊ အခြေခံပညာဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းသား/သူများ အရည်အသွေးအာမခံချက်အပြည့်ရှိသည့် အခြေခံပညာရရှိရေး အတွက်ဆရာများသည် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ နိုင်ငံတော်မှအားကိုးအားထားပြုရသည့် အရည် အချင်းပြည့်ဝသော လူငယ်များအား မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ၊ဆရာမများ၏ သင်ကြားပြသမှု သွန်သင်ဆုံးမမှု ကောင်းမွန်ခြင်း အပေါ်တွင်မူတည်ပါကြောင်း၊ ကျောင်းသား/သူများ၏ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာအား မှန်ကန်အောင်တည့်မတ်ပေးရေးသည် ဆရာ/ဆရာမ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ခုတည်ထောင်ရာတွင် ပညာရေးကဏ္ဍသည် အလွန်ပင်အရေးကြီးသည့်အတွက် အရည်အသွေးပြည့်ဝသည့် ဆရာ/ဆရာမကောင်း များဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာပညာရေးဒီဂရီကောလိပ် ပထမ နှစ်(ပထမနှစ်ဝက်) ကျောင်းသား/သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် – ၅၇၅၀၀၀၀ (ငါးဆယ်ခုနှစ်သိန်းငါးသောင်းကျပ်)အား လည်းကောင်း၊ မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းသား/သူများအတွက် ကျောင်းအုပ်ကြီးထံ ငွေကျပ် – ၁၀ သိန်းတို့အား ပေးအပ်ချီးမြှင့် သည်။
ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြကာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင်စိုးက ကပြဖျော်ဖြေပေးသွားကြသည့် ကျောင်းသား/သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း (အဌမ) အကြိမ်မြောက် သူနာပြု-သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း (အဌမ)အကြိမ် မြောက် သူနာပြု -သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ လ ၂၆ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ၅ ထပ်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မုံရွာဆေးရုံအုပ်ကြီး၊ သူနာပြုသားဖွားသင်တန်းကျောင်း မှ ကျောင်းအုပ်ကြီးနှင့်ဆရာ/ဆရာမများ၊ သင်တန်း သား/သူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သူနာပြုသားဖွားသင်တန်း ကျောင်းမုံရွာသည် မိမိတို့တိုင်းဒေသကြီးအတွက် အရည်အသွေးပြည့်မီသည့် သူနာပြု ဆရာ/ဆရာမများအား မွေးထုတ် ပေးနေပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် သင်တန်း ကျောင်းကြီးတစ်ခု ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ပြည်သူလူထု၏ ကျန်း မာရေးစောင့်ရှောက်မှုပေးရာတွင် သူနာပြုဆရာ/ဆရာမများ၏ အရည်အသွေးမြင့်မား ရေး၊ကျင့်ဝတ်နှင့်အညီပြုစုစောင့်ရှောက်မှု ပေးနိုင်ရေးကိုလည်း အလေးထားဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ အောင်လက်မှတ်များ အပ်နှင်းခံရပြီးနောက် လုပ်ငန်းခွင် သို့ဝင်ရောက်သည့်အခါ သူနာပြုဆရာ/ဆရာမများအားလုံး အပြန်အလှန်လေးစားမှုဖြင့် အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မုံရွာ-သူနာပြု သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံ ချီးမြှင့်ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် မုံရွာ-သူနာပြု သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက သင်ကြားရေးတာဝန်ခံ ဆရာမကြီးထံ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများမှ သင်တန်သား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



