slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်း (၅/၂၀၂၄) သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပ

မုံရွာ၊ ဒီဇင်ဘာ ၂၀

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဦးစီးဌာနရုံးရှိ Incubation Center ၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့ရသည့် ပညာရပ်များအား အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်သွားပါက နိုင်ငံတော်၏ MSME လုပ် ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးကိုလည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ သင်တန်း သူများအနေဖြင့် ယခုသင်တန်းမှပို့ချပေးလိုက်သည့် သင်ခန်းစာများအား လက်တွေ့ပြန် လည်အသုံးချပြီး အောင်မြင်သည့်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းထံ သင်တန်းသူ တစ်ဦးထံ သင်တန်း ဆင်းလက်မှတ်များပေးအပ်ပြီး တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းသူများကိုယ်တိုင် ပြုလုပ် ထားသည့် လူသုံးကုန်ပစ္စည်းများအား အမှတ်တရလက်ဆောင်ပေးအပ်ကာ သင်တန်းသူ များကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းသူများနှင့်အတူစုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသူများကိုယ်တိုင် ပြုလုပ် ထားသည့် လူသုံးကုန်ပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးရှိ စား သောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများအား သုံးစွဲသူများအရည်အသွေးပြည့် ဝပြီး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ကျန်းမာရေးနှင့်အညီ ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ရန် အတွက် ဓာတ်ခွဲစမ်းသပ်ပေးသည့် ဓာတ်ခွဲစမ်းသပ်ခန်းအတွင်းရှိ ဓာတ်ခွဲပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20241223 07

20241223 07

20241223 07

20241223 07

20241223 07

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဓာတုဗေဒပစ္စည်းများကြောင့် မီး လောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်မှုသရုပ်ပြသခြင်း ကြည့်ရှုအားပေး

မုံရွာ၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့ နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဠများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၂၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်သည့် ဓာတုဗေဒ ပစ္စည်းများကြောင့် မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်မှုသရုပ်ပြသခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနရုံးမှ အရာရှိ/တပ်ဖွဲ့ဝင်များ၏ ဓာတုဗေဒပစ္စည်းများကြောင့် မီးလောင်မှုဖြစ်ပွား လာပါက ခေတ်မီမီးငြိမ်းသတ်ရေးဝတ်စုံ/ပစ္စည်းများဖြင့် မီးငြိမ်းသတ်မှုသရုပ်ပြသခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအဆင့်ဆင့် သရုပ်ပြသမှုများအား ကြည့်ရှု အားပေးကြပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မီးလောင်မှုမဖြစ်ပွားရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်စစ်ဆေးသွားကြရန် လို အပ်မှု၊ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက အမြန်ဆုံးမီးငြိမ်းသတ်နိုင်ရေးအတွက် မပြတ် လေ့ကျင့်သွားကြရန်နှင့် မီးငြိမ်းသတ်ရေးမော်တော်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်များ၊ အရေးပေါ်သုံးပစ္စည်းများ အမြဲကြံ့ခိုင်မှုရှိစေရေးနှင့် အသင့်ဖြစ် စေရေးတို့အား မှာကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မီးငြိမ်းသတ်ရေးမော်တော် ယာဉ်များနှင့် ရေသယ်ယာဉ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါရုံးဝန်းအတွင်း ဝန်ထမ်းများနှင့်မိသားစုဝင်များ စားဖိုချောင်သီးနှံစားသုံးမှု ဖူလုံစေ ရန်အတွက် ရာသီသီးနှံစိုက်ခင်း စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

20241223 01

20241223 01

20241223 01

20241223 01

20241223 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.