slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ကုန်စည်ဒိုင်အဖွဲ့ဝင်များ၊ ကုန်စိမ်းပွဲရုံ လုပ်ငန်းရှင်များနှင့်တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်း စည်းဝေးတက်‌ ရောက်

မုံရွာ၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာကုန် စည်ဒိုင်သို့ ရောက်ရှိရာ ကုန်စည်ဒိုင်အတွင်း မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်တို့မှ ထွက်ရှိ သည့် သီးနှံမျိုးစုံရောင်းဝယ်နေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မုံရွာကုန်စည် ဒိုင်ရှိ အစည်းအဝေးခန်းမတွင် မုံရွာကုန်စည်ဒိုင် နာယက၊ ဥက္ကဌ၊ အလုပ် အမှုဆောင်များ၊ အဖွဲ့ဝင်များနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေ သကြီးအစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့ရှိကုန်စည်များစီးဆင်းမှု မြန်ဆန်ကောင်းမွန်စေရေး အတွက် တိုင်းဒေသကြီးအတွင်းရှိလမ်းများအား အဆင့်မြှင့်တင်ပေးနေမှု၊ ပြည်သူများစာ ရေရိက္ခာဖူလုံစေရေးအတွက်တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးနေမှု၊ ကုန် ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြော ကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများမှ မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး မုံရွာကုန်စည်ဒိုင်မှ နာယက၊ ဥက္ကဌ၊ အလုပ်အမှုဆောင်များနှင့်အဖွဲ့ ဝင်များက ကုန်စည်ဒိုင်အတွင်း သီးနှံအမျိုးမျိုးရောင်းဝယ်နေမှု အခြအနေများနှင့် ဖြည့် ဆည်းပေါင်းစပ်ပေးရန် လိုအပ်မှုအခြေအနေများအား အသီးသီးဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အလယ်ရပ်ကွက်ရှိ ပီတိသီးနှံပွဲရုံ၊ ထန်းတောရပ်ကွက်ရှိ ပင်ရင်းကြက်သွန်ပွဲရုံ၊ ဆူးလေ ကုန်းရပ်ကွက်ရှိ ဒို့ဗမာ ဆန်/ဆီပွဲရုံများသို့ သွားရောက်၍ ကုန်စည်များ ထုတ်ပိုးရောင်း ချနေမှုများနှင့် ကုန်စည်စီးဆင်းမှုအခြေ အနေများအား ကုန်သည်များအားမေးမြန်ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကုန်စည်များ သိုလှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကုန်စိမ်းပွဲရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မုံရွာမြို့အား ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးနှင့် သန့်ရှင်းသပ်ရပ်သည့် မြို့တော်ဖြစ်စေရန် ရည်ရွယ်၍ မြို့သာယာလှပရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ မကြာမီကာလ၌ ဖွင့်လှစ်ရောင်းချမည့် ပြည်ထောင်စုစေျးကုန်စိမ်းပွဲရုံလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ မုံရွာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်ဖြစ် သည်နှင့်အညီ ပွဲရုံလုပ်ငန်းများအား တစ်နေရာတည်းတွင် ဝယ်ယူရောင်းဝယ်ဖောက် ကားနိုင်ရေးအတွက် ကုန်စိမ်းပွဲရုံအား တည်ဆောက်ပေးခဲ့ပါကြောင်း၊ မုံရွာမြို့ရှိ ကုန် ဈေးသည်များစနစ်တကျ ရောင်းဝယ်ဖောက်ကားနိုင်ပြီး မြို့နေပြည်သူများအနေဖြင့် ရာသီပေါ်သီးနှံများအား တစ်စုတစ်စည်းထဲဝယ်ယူရရှိနိုင်ကာ ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြည်ထောင်စု ကုန်စိမ်းပွဲရုံအား မြေဧက ၃.၈ ပေါ် တွင် အလျား – ၈၀ ပေ၊ အနံ – ၆၀ ပေ၊ ဈေးရုံ ၁၂ ရုံ၊ ဈေးရုံတစ်ရုံလျှင် အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အခန်းပေါင်း ၉၆ ခန်း တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆိုင်ခန်းများခွဲဝေချထား မည့်အခြေအနေများအား Power Point ဖြင့်ရှင်း လင်းတင်ပြသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မုံရွာမြို့ပေါ်ရှိ ကုန်စေျးပွဲရုံ လုပ် ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက မုံရွာမြို့အတွင်း လုံခြုံရေးတာဝန်များ ဆောင်ရွက်နေမှုအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

20241220 01

20241220 01

20241220 01

20241220 01

20241220 01

20241220 01

20241220 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့် စက်သုံးဆီ သယ်ယူရောင်းချမှု ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ၊ ဒီဇင်ဘာ ၁၈

တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီ သယ်ယူရောင်းချမှု ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ နှင့်မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် စားသုံးဆီ၊စက်သုံးဆီ လုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီများ သယ်ယူရောင်းချမှုနှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်ရေး၊ ရောက် ရှိလာသည့် စားသုံးဆီ၊စက်သုံးဆီများအား မြန်ဆန်စွာဖြန့်ခွဲမှု စနစ်တကျရှိစေရေး၊ ကော လဟာလသတင်းများနှင့် ဖြစ်ပေါ်နေသည့်အခြေအနေအရပ်ရပ်တွင် ပြည်သူများယုံမှား ကာအခက်အခဲအကျပ်အတည်းများ မဖြစ်ပေါ်စေရေးနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တာဝန်ကျေပွန်လိုစိတ်ဖြင့် လုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ အကောင်းဆုံး ဖြည့်ဆည်းစီမံ ဆောင်ရွက်ပေးလိုသည့်အတွက် ယခုအစည်းအဝေးအား ကျင်းပရခြင်း ဖြစ်ပါကြောင်း၊စားသုံးဆီနှင့်စက်သုံးဆီများအား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီ တင်သွင်းစေခြင်း၊ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ် ထိုက်သည့် ဈေးနှုန်းဖြစ်စေရေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ အခွန်အခများ၊ ငွေလဲနှုန်းများပါမကျန် စနစ်တကျထည့်သွင်းတွက်ချက်ပြီး အခြေခံရည်ညွှန်းဈေးများ ထုတ်ပြန်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့များအလိုက် ဒေသအရောက်အရင်းဈေးနှုန်း များထုတ်ပြန်ပေးပြီး သင့်တင့်သည့်အမြတ်ရာခိုင်နှုန်း သတ်မှတ်ပေးထားပြီးဖြစ်သည့် အတွက်လုပ်ငန်းရှင်များမှ ပြည်သူများအား အရေအတွက်၊ အရည်အသွေး၊ ဈေးနှုန်းမှန် မှန်ကန်ကန် ရောင်းချပေးသွားကြရန်နှင့် တာဝန်ရှိသူများမှလည်း မြေပြင်အထိကွင်းဆင်း ကြီးကြပ် စီမံဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များ၌ စားသုံးဆီ သယ်ယူဖြန့်ဝေပေးနေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ စက်သုံးဆီသယ်ယူဖြန့်ဝေပေးနေမှု အခြေအနေများ အားလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း စားသုံးဆီခွဲဝေဖြန့်ဖြူးရောင်းချပေးနေမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ဒုတိယညွှန် ကြားရေး မှူးက တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ခွဲဝေဖြန့်ဖြူးရောင်းချပေးနေမှုများအား လည်း ကောင်းရှင်းလင်း တင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် စားသုံးဆီ၊စက်သုံးဆီ လုပ်ငန်းရှင်များနှင့်တာဝန်ခံများမှ စားသုံးဆီ၊စက်သုံးဆီများ ခွဲဝေရရှိမှုနှင့်ပြည်သူများသို့ ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချပေးနေမှုများနှင့် ဖြည့်ဆည်းပေါင်းစပ်ပေးရန် လိုအပ်မှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၌ စားသုံးဆီ၊စက်သုံးဆီ ခွဲဝေရောက်ရှိမှု အခြေအနေများနှင့် ပြည်သူများသို့ရောင်းချပေးနေမှု အခြေအနေများ အသီးသီး ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက် ရောက်လာသူများက တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်စက်သုံးဆီ သယ်ယူရောင်းချမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20241219 03

20241219 03

20241219 03

20241219 03

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.