၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
မုံရွာ၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော် မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ပုညရှင်သာသ နာ့ဗိမာန်တော် ကြီးတွင်ကျင်းပရာ အခမ်း အနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးနှင့် ပင့်သံဃာဆရာတော် ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ပင့်သံဃာဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်များက “နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြင့်တော် မူသော ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိက်သတ်များက နာ ယူကြည်ညိုကြပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက် ကပ်လှူဒါန်းကြသည်။
ထို့နောက် စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များက စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌထံ အလှူငွေကျပ်စုစုပေါင်း (၃၇၈,၀၆၈,၀၀၀) သိန်းပေါင်းသုံးထောင် ခုနှစ်ရာရှစ်ဆယ် ခြောက်သောင်းရှစ်ထောင်ကျပ်)အား ပေးအပ်လှူဒါန်းကြရာ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက သောဠသမရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် သတ်များက နိဂုံး ချုပ်သြဝါဒကထာ နာယူကြည်ညိုကြပြီး “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နင့် တာဝန်ရှိ သူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် သီတဂူဆရာတော်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဆွမ်း ဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် စေတီတော်ကြီး ပတ်လည်အား လိုက်လံကြည့်ရှုခဲ့ကြပြီး စေတီတော်ကြီးအားလာရောက်ဖူးမျှော်ကြမည့် ရပ်ဝေး ရပ်နီးမှဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ရေးတို့အတွက် လိုအပ်သည်များကို ဆရာတော်ကြီးမှ တာဝန်ရှိသူများအား မိန့်ကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆွမ်းဦးပုညရှင်စေတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ငှက်ပျောဖူးတော်မှ ပထမ ပဥ္စယံအထိ ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကြီး လုံးတော် ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ရန်အတွက် ငှက်ပျောဖူးတော်မှ ပထမပဥ္စယံအထိ ၉” ပတ်လည် ကြေးပြားအချပ်ရေပေါင်း ၂၂၇၀၀ ချပ်ခန့်နှင့် ၂” ပတ်လည်ရွှေဆိုင်း ၆၀၀၀ ကျော် အသုံးပြုကာ ငွေကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော်ကုန်ကျခံကာ ဆောင်ရွက်သွားမည်ဖြစ်ရာ ရပ်နီးရပ်ဝေးမှ ကုသိုလ်ရှင်အလှူရှင်များအနေဖြင့် ရွှေသင်္ကန်းကပ်လှူပူဇော်၍ ကုသိုလ်ယူလိုသူများအတွက် ဂေါပကအဖွဲ့ထံသို့ဆက်သွယ်ကာ ရွှေစင်ရွှေဆိုင်းများ ကုသိုလ်ယူလှူဒါန်းနိုင် ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းစက်မှုဇုန်ရှိ မဟာနီလာ ကုမ္ပဏီ နီဖန်း EV ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် တပ်ဆင်နေမှုများ၊ တပ်ဆင်ပြီးစီးမှုဆိုင် ကယ်များနှင့် ဆိုင်ကယ်ဘရိတ်ရှူးထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ထုတ်လုပ်တပ်ဆင် ပြီးဆိုင်ကယ်များအား ပြည်တွင်းရှိပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး တို့အားမှာကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျှင် ပီနံအိတ်မျိုးစုံ ၉၀၀၀၀ အိတ်ဝန်းကျင်နှင့် ချည်လုံး ၁၀၅ လုံးပါ ၆၀ ဖာ ထုတ်လုပ် လုပ်နေသည့် မန္တလေးငွေတောင် ပီနံအိတ်နှင့်ချည်လုံးထုတ်လုပ်ရေး စက်ရုံသို့ရောက်ရှိရာ စက်ရုံ တာဝန်ခံမှ ပီနံအိတ်အမျိုးမျိုးနှင့်ချည်လုံးထုတ်လုပ်နေမှုအဆင့်ဆင့်တို့အား လိုက်လံရှင်းလင်း ပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကုန်းကြမ်းသိုလှောင်ထားရှိမှုများနှင့် ကုန် ချောထုပ်ပိုးထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ စစ် ကိုင်းမြို့နယ်အနီးဝန်းကျင်ရှိ ပြည်သူ ၁၂၀၀ ဦးအား အလုပ် အကိုင် အခွင့်အလမ်းများဖန်တီးပေး နေသည့် တစ်ရက်လျှင် ကွန်ပျူတာဆက်စပ်ဝါယာကြိုးနှင့် ဖုန်းအားသွင်းကြိုး ၉၀၀၀၀ ကြိုး ထုတ်လုပ်နေသည့် ကျင်းရှင်း နည်းပညာစစ်ကိုင်းကုမ္ပဏီ လုပ်ငန်းခွင်သို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ဝါယာကြိုးအမျိုးမျိုးထုတ်လုပ်နေမှုများနှင့် ထုတ်ပိုးနေမှုအခြေအနေများအား လိုက်လံ ရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ စက်ရုံအတွင်း ကုန်ကြမ်းသိုလှောင် ထားရှိမှုနှင့် ကုန်ချောထုတ်ပိုးထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



