၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစု ပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
မုံရွာ၊ ဒီဇင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှေက်ပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့၊ အရှေ့ ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင်ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မှဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များနှင့်သူနာပြုနှင့်သားဖွားသင် တန်းကျောင်းတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ၊ပြည်သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက် ကြသည်။
ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ် များ၊ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက် နေပြည်သူ အင်အား ၃၅၀၀ ကျော်မှ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စု ရင်ပြင်ရှိ သက်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံ ဝှေ့ရမ်း ကာ သက်မှတ်နေရာများမှစတင်၍ ပြင်ထောင်စုရင်ပြင်မှ အနောက်ဘက်ကန်သာယာ ကန်တစ်ပတ်အား ကန်ပတ်လမ်းတစ်လျှောက် တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ယင်းနောက် အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင် စု ရင်ပြင်သို့ ပြန်လည်ဝင် ရောက်ခဲ့ကြရာ အဆိုပါရင်ပြင်၌ စနစ်တကျနေရာယူကြပြီး တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ ၏ ကိုယ်ကာယလေ့ကျင့်ခန်း အမှတ် စဉ်(၁) အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့် Physical Fltness Dance တေးသီချင်းများဖြင့် သွေးပူ လေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်း လျှောက်ပွဲသို့ တက်ရောက် လာသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ဧည့်ခံကျွေးမွေးသည့် နံနက်စာများအား တစ်ပျော်တစ်ပါး စားသုံးနေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများအား ကံစမ်း မဲများဖွင့်ဖောက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ ဆုမဲပေါက်သူများအား တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ ကဆုမဲများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။










စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အီလက်ထရောနစ်မဲပေးစက် (MEVM) သရုပ်ပြရှင်းလင်းခြင်း အခမ်းအနား တက်ရောက်
မုံရွာ၊ ဒီဇင်ဘာ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း၊အမှုထမ်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်အနက် အမှတ်စဉ်(၅)ပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျမှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစိုက်မတ်မတ် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွေထွေရွေးကောက် ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနတို့ပူးပေါင်ပြီး မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေးများ ဆောင်ရွက် လျက်ရှိသကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခွင့်လျှောက်ထားလာမှုများအား ဥပဒေနှင့်အညီ စိစစ်ခွင့်ပေးခြင်း၊ မဲလက်မှတ်အစား မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine- MEVM) နှင့်မဲပေးနိုင်ရေးအတွက် ပြည်တွင်းရှိကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်း၍ တီထွင်ခဲ့ခြင်း များအား ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှင်းလင်းပြသခြင်းအခမ်းအနားသို့ တက်ရောက် လာသူ များအနေဖြင့် MEVM စက်နှင့် စမ်းသပ်သရုပ်ပြမဲပေး သည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်း မိမိတို့မိသားစုဝင်များထံ တစ်ဆင့်ပြန်လည်ဖြန့်ဝေရှင်း လင်းပေးသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်း ဒေသကြီးတာဝန်ခံ ဦးမြင့်သိန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ် လပ်၍တရားမျှတသည့် ရွေးကောက်ပွဲများကျင်းပနိုင်ရေး ကြိုတင်ပြင်ဆောင်ရွက်လျက်ရှိ မှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့်သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူလျင်မြန်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာအီလက် ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine- MEVM) ပြည်တွင်း ပညာရှင်များပူးပေါင်း တီထွင်ဆောင်ရွက်ထားမှုနှင့် ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးများသို့ MEVM စက်ဖြင့် စမ်းသပ်မဲပေးဆောင်ရွက်ပြီးစီးခဲ့သည့် အခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးကိုကိုမောင်က အီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများက အီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြု၍ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



