၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့် စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း(အလုံ)ရှိ ကျောင်းသား/သူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေး
မုံရွာ၊ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်တန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ လ ၄ ရက်၊ မွန်းလွဲပိုင်တွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာနှင့်စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း(အလုံ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံကြသည်။
ဦးစွာ အမှတ်(၂)အခြေခံပညာနှင့်စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်း(အလုံ) မှ ကျောင်းအုပ်ကြီးက အတန်းလိုက်သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများ၊ ကျောင်းဆောင်အဆောက်အဦ လိုအပ်မှုအခြေအနေများနှင့် သင်ကြားရေး ပရိဘောဂပစ္စည်းများနှင့် သင်ထောက်ထောက်ကူပစ္စည်းများ လိုအပ်မှုအခြအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေး နွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းဝန်းအတွင်းအပြင် အမြဲသန့် ရှင်းသပ်ရပ်မှုရှိစေရေး၊ အဆောင်နေကျောင်းသား/သူများ ကျန်းမာရေးကောင်းမွန်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများမှ အလေးထားဆောင်ရွက်သွားရေးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၏ အိပ်ဆောင်များတွင် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ စားသောက်ရေးနှင့်နေထိုင်ရေးများ အဆင်ပြေစေ ရန်အတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းရှိ အတန်းလိုက်စာသင်ခန်းများအတွင်း အခြေခံပညာကျောင်းသား/သူများ စိတ် အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများနှင့် စိုက်ပျိုး၊မွေးမြူရေးအထက်တန်း ကျောင်း၊ ကျောင်းသား/သူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ ကြပြီး ကျောင်းသား/သူများ၏ ပညာသင်ကြားနေမှုလိုအပ်ချက်များအား လိုက်လံမေး မြန်းကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။



စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်း အမှတ် အခမ်းအနား တက်ရောက်
မုံရွာ၊ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ မသန် စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ မသန်စွမ်းကျောင်းများမှ တာဝန်ရှိသူများနှင့် မသန်စွမ်းပြိုင်ပွဲများတွင် ဆုရ ရှိကြသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အနေ ဖြင့် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဉပဒေအား ပြဌာန်းပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မှုဝါဒများချမှတ်နိုင်ရန်အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများအား ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နေရာဒေသအသီးသီးတွင် ရှိကြသည့် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး အတွက် မြှင့်တင်အားပေးဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်နေကြသည့် အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာတို့၏ မြတ်နိုးဖွယ်ရာဓလေ့ဖြစ်သည့် ဖေးမခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်နားလည်ခြင်း၊ စုစည်းဆောင်ရွက်ခြင်းတို့ဖြင့် မသန်စွမ်းသူများဘဝ ဖွံ့ဖြိုး တိုးတက်လာအောင် သင်တန်းကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းများ တိုးတက်များ ပြားလာစေရေး တာဝန်ရှိသူအားလုံမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင် ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်း အမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က မသန်စွမ်းသီချင်းဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ၏ဇနီးက မသန်စွမ်းအပ်ချီထိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က မသန်စွမ်းဘောလုံးပြိုင်ပွဲတွင် ပထမ ဆု ရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက မသန်စွမ်းဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ကိုယ်အင်္ဂါမသန်စွမ်းသံလုံးပစ်ပြိုင်ပွဲတွင် ပထမဆု ရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ကိုယ်အင်္ဂါမသန်စွမ်း သံလုံး ပစ်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသူ များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီးက ကိုယ်အင်္ဂါမသန်စွမ်းသံလုံးပစ်ပြိုင်ပွဲတွင် တတိယဆု ရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က အမြင်အာရုံမသန်စွမ်း သံလုံးပစ်ပြိုင်ပွဲတွင် ပထမဆု ရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက အမြင်အာရုံမသန်စွမ်း သံလုံးပစ်ပြိုင်ပွဲတွင် ဒုတိယဆု ရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးက အမြင်အာရုံမသန်စွမ်း သံလုံးပစ်ပြိုင် ပွဲတွင် တတိယဆု ရရှိသူများအား လည်းကောင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက မသန်စွမ်းသီချင်းဆိုပြိုင်ပွဲ၊ အပ်ချီထိုးပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲများတွင် နှစ်သိမ့်ဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေ များ လက်ရောက်ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမြင်အာရုံမသန် စွမ်းသီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူမှ တေးသီချင်းသီဆို၍ ပြန်လည်ဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



