slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ ရသင့်ရထိုက်သည့်အခွန်အခများနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)တက်ရောက်

မုံရွာ၊ ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် ရသင့်ရထိုက်သည့်အခွန် အခများနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ ညှိ နှိုင်းအစည်းအဝေး (၃/၂၀၂၄)ကို ဒီဇင်ဘာလ ၂ ရက်၊ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် ရငွေရရှိမှ သာသုံးစွဲငွေများအား သုံးစွဲနိုင်မည်ဖြစ်သဖြင့် အခွန်ငွေများတိုးတက်ကောက်ခံရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ သက်ဆိုင်ရာဌာနအချင်း ချင်းညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့လည်း အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ တင်ပြကြရန်လိုအပ်ပါကြောင်း၊ အခွန်ကောက် ခံနေသည့်ဌာနများအနေဖြင့် မိမိအားပေးအပ်ထားသော ကောက်ခံရန်လျာထားချက်များ အားပြည့်မီကျော်လွန်အောင် ကောက်ခံရန်လိုအပ်သကဲ့သို့ မိမိတို့ကောက်ခံသောအခွန် သည်အခွန်နှုန်းထား သင့်လျော်မှန်ကန်မျှတမှု ရှိ/မရှိ စီစစ်သွားကြရန် လိုအပ်ပါကြောင်း နှင့်အခွန်ထမ်းပြည်သူများအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်ကိုလည်း ဂရုစိုက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ကောက်ခံရန်သတ်မှတ် ပေးထားသည့် လျာထားချက်များအား ပြည့်မီကျော်လွန်စွာကောက်ခံရရှိနိုင်ရန်၊ ရသင့်ရ ထိုက်သောအခွန်ငွေများအား တိမ်းရှောင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှုရယူသူများအနေဖြင့် အခွန်အခလွတ်ကင်းလျော့နည်းမှုမရှိဘဲ ပြည့်ပြည့်ဝဝ ကောက်ခံရရှိနိုင်ရေး အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြပါရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မိမိတို့ဌာနများအလိုက် ရသင့်ရထိုက်သည့် အခွန်အခများနှင့်ချေး ငွေများ အပြည့်အဝကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေး နွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌတို့က မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ရသင့်ရထိုက်သည့် အခွန်အခ များနှင့်ချေးငွေများအပြည့်အ၀ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့တက် ရောက် လာသူများက တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်အခများနှင့် ချေးငွေများ အပြည့်အဝ ကောက်ခံရရှိရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အထွေထွေ ဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့တက် ရောက်လာသူ များ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20241201 01

20241201 01

20241201 01

20241201 01

20241201 01

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ကျောင်း တိုက်ကြီးများမှ ဆရာတော်၊သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်း လှူပွဲကျင်းပ

မုံရွာ၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ကြီး ၄ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်းလှူပွဲနှင့် သီလရှင်ကျောင်း ၆ ကျောင်းမှ သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ဆွမ်းဟင်းနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်း များနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်း၊ဆွမ်းဟင်းနှင့်ဆွမ်းဆန် စိမ်းလောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့် မိသားစုဝင်များမှ ဆွမ်း၊ဆွမ်းဟင်းနှင့်ဆွမ်းဆန်စိမ်းများ စနစ်တကျနေရာချထားမှုများအား လိုက်လံကြည့်ရှု အားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများနှင့်မိသားစုဝင်များက ပင့်သံဃာ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းများ၊ သစ်သီးနှင့်အချိုပွဲများ လောင်း လှူခြင်းနှင့်သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်းများနှင့်ဝတ္ထုငွေများ လောင်းလှူကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်ဆရာကြီး၊ဆရာလေးများအား ဆွမ်းနှင့်ဆွမ်း ဟင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရှိ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များမှ လစဉ် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

20241202 26

20241202 26

20241202 26

20241202 26

20241202 26

20241202 26

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.