၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ဈေးများအဆင့်မြှင့်တင်နေမှုလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ၊ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာ ရပ်ကွက်ရှိ အောင်ချမ်းသာ ဈေးသို့ ရောက်ရှိရာ မုံရွာမြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ဈေး ဆိုင်ခန်းများ၌ ဈေးသည်များ ဈေးရောင်းချနေမှု အခြေ အနေများနှင့် ကာလကြာမြင့်ပြီဖြစ်သည့် သံဖရိမ် ဈေးရုံ အလျား – ၁၀၂ ပေ၊ အနံ – ၅၁ ပေ ရှိ ဈေးရုံ၊ သစ် သား ဈေးရုံ – ၆ ရုံ၊ သားငါးတန်း၊ သစ်သီးတန်း ဈေးရုံများ ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ဈေးအတွင်းရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းများ ပြန် လည်တူးဖော်နေမှုနှင့် ဈေးကြီးအားခြံစည်းရိုးကာရံနေမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးအတွင်းရှိ ဆိုင်ခန်းများသန့် ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ဈေးရုံအဆောက် အဦများအား သတ်မှတ်အရည် အသွေးများနှင့်အညီ ရေရှည်ကြံ့ခိုင်မှုရှိအောင်တည်ဆောက်သွားရေးနှင့် မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးနှင့် တည် ဆောက်ပြီးစီးခဲ့သည့် ဆိုင်ခန်းများအား ယခင်မူလ ဈေး ရောင်းခဲ့ချသူများထံ စနစ် တကျပြန်လည်ခွဲဝေ နေချထားသွားရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်ချမ်းသာ ဈေးအတွင်း ဈေးရုံအဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု၊ ရေနုတ် မြောင်းများတူးဖော်နေမှုနှင့် ခြံစည်းရိုးကာရံနေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးကာ ဈေးရောင်းချသူများအား ဈေး၏လိုအပ်ချက်များကို ရင်းရင်းနှီးနှီးလိုက်လံ မေးမြန်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသူ မုံရွာမြို့၊ ဘုရား ကြီးရပ်ကွက်ရှိ သီရိရတနာ ဈေးသို့ ရောက်ရှိရာ မုံရွာမြို့နယ်အမှုဆောင်အရာရှိက သီရိ ရတနာ ဈေးအတွင်း ဈေးရောင်းချနေမှု အခြေအနေများ နှင့်ကာလကြာမြင့် နေပြီဖြစ်သည့် ဈေးရုံအဆောက်အဦများနှင့် ဆိုင်ခန်းများ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီရိရတနာ ဈေးကြီးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဈေးကြီးအတွင်းရှိ ဈေးရုံအဆောက်အဦများနှင့် ဆိုင် ခန်းများပျက်စီးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးသစ်ကြီး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ)အတွင်း စုပေါင်းသန့်ရှင်းရေးလုပ် ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
မုံရွာ၊ နိုဝင်ဘာ ၃၀
မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ပညာသင်ကြားနေ သည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာသန်စွမ်းစွာ ပညာသင်နိုင် ရေးအတွက် နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝန်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းခြင်း၊ ခြင်များပေါက်ပွားနိုင်သည့် ရေနုတ် မြောင်းများရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန် ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ် ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ များ၊လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူ များမှ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူ များ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများအား တန်ဖိုးသင့် စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာ ဖြင့်ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၉ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင် ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ဖြင့် အခြေခံ ပညာကျောင်းများနှင့် မြို့သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။










သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



