၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဆင်းပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ နိုဝင်ဘာ ၂၉
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင် တန်းဆင်းပွဲ အခမ်းအနားကို နိုဝင် ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသ ကြီး၊မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဥပဒေဆိုင်ရာနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား/သူများအနေဖြင့် မိမိတို့သင်ကြားတက်မြောက်ထားသည့် ဥပဒေအသိပညာများအား မိမိတို့ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများကို ပြန်လည်ပို့ချရာတွင် သိရှိနားလည် သဘောပေါက်အောင် ထိထိရောက်ရောက် သင်ကြားပို့ချသွားကြရန်လိုအပ်ပါကြောင်း၊ ဥပဒေအသိပညာသည် လူတိုင်းလေ့လာသင့်သည့် ပညာရပ်ဖြစ်သည့်အတွက် မိမိတို့လေ့လာသိရှိထားသည့် အသိပညာများအား ကျောင်းသား/သူများသာမက မိမိတို့မိသားစု၊ မိမိတို့နေထိုင်ရာပတ်ဝန်း ကျင် ၊ မိတ်ဆွေအပေါင်းအသင်းများထံ ထပ်ဆင့်မျှဝေပေးသွားကြရန်လိုအပ်ပါကြောင်း၊ ဥပဒေအသိပညာများ ပြန့်ပွားလာခြင်းဖြင့် နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှ တမှုဖော်ဆောင်ရေးတို့အား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေအသိပညာပြန့် ပွားရေး ဆရာဖြစ်သင်တန်းတွင် စံပြဆုရရှိသူအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က သင်တန်းတွင် ပထမဆုရရှိသူအား လည်ကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးကသင်တန်းတွင် ဒုတိယဆုရရှိသူအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာ
ဝန်ကြီးနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က သင်တန်းတွင် တတိယ ဆုရရှိကြသူ များအား ဂုဏ်ပြုဆုလက်မှတ်များ အသီးသီး ပေး အပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး ဥပဒေချုပ်က သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
ဆက်လက်၍ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၄-ခုနှစ်၊ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းသို့ မုံရွာမြို့ နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ/ဆရာမ ၁၄၉ ဦးအား ဥပဒေပညာ ဘာသာရပ် ၇ ရပ်ဖြင့် သင်တန်းကာလ ရက်သတ္တပတ် ၂ ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ ချခဲ့ကြောင်း သိရသည်။






စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခြင်းနှင့် အောင်န
မုံရွာ၊ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်း အတွင်းရှိ ဘောလုံးကွင်းနှင့် သတ်မှတ်အားကစားရုံများတွင် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်၊ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ခရာတေး၊ အလေးမ နှင့်လက်ဝှေ့ အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှု အား ပေးကြသည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့်ရင်းရင်း နှီးနှီးတွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အားကစားနည်းများအလိုက် ဆုတံဆိပ်နှင့် စံချိန်သစ်များရရှိအောင် အစွမ်းကုန်လေ့ကျင့်ကြိုးစား ယှဉ်ပြိုင် သွားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးဂုဏ်အား အားကစားဖြင့်မြှင့်တင် နိုင်ရေးအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချလေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်း ပပြုလုပ်သည့် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အားက စားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအားကစားအသင်းများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားအနေဖြင့် အားကစားနည်းများအလိုက် အနိုင်မခံအရှုံးမပေးစိတ်ဓာတ် မလျှော့သောဇွဲ၊လုံ့လ၊ကြိုးစားမှုများဖြင့် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်သွားကြ ရန်လိုအပ်ပါကြောင်း၊ အုပ်ချုပ်/နည်းပြ/ကစားသမားများအားလုံးအနေ ဖြင့်လည်း မိမိတာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းကဏ္ဍများအလိုက် ကိုယ်စွမ်းဉာဏ် စွမ်းရှိသရွေ့ တာဝန်ကျေပွန်အောင် အလေးထားကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲကြီးသည် အားကစားမောင်မယ်များနှင့် မိမိတို့တိုင်းဒေသကြီး အတွက် အားကစားလူချွန်လူကောင်းများဖြစ်ကြောင်း ပြသနိုင်မည့် အခွင့်အလမ်း ကောင်းတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံ့လက်ရွေးစင်အဆင့် ရွေးချယ်ခံရမည့် အခွင့်အ လမ်းလည်းဖြစ်ပါ၍ ရရှိလာသည့်အခြေအနေအချိန်အခါတွင် ရေကုန်ရေခမ်း အားထုတ်ကြိုး ပမ်းသွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲကြီးသို့ သွား ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအားလုံး အနေဖြင့် မိမိတို့တိုင်းဒေသကြီး၏ဂုဏ်ကို မိမိတို့စွမ်းဆောင်ချက်ဖြင့် မြှင့်တင်နိုင်ရမည်ဆိုသည့် အမျိုးသားရေးစိတ်ဓာတ်နှင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြရန်နှင့် မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် ဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ယှဉ်ပြိုင်ရင်း အားကစားနည်းတိုင်း ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄ -ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်း တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအတွက် စခန်းသွင်းလေ့ကျင့်စရိတ် ဂုဏ်ပြုထောက်ပံ့ငွေကျပ် သိန်း – ၁၂၉၄၅၀၀၀၀ (သိန်းတစ်ထောင်နှစ်ရာ့ကိုးဆယ်လေး သိန်းငါးသောင်းကျပ်)အား တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူး နှင့် အသင်းအုပ်ချုပ်သူထံအားလည်းကောင်း၊ အောင်နိုင်ရေးအလံအား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့ထံ ပေးအပ် သည်။
ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေး မှူး ဦးအောင်ဇော်လွင်က အားကစားနည်းများအလိုက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး အားကစားနည်းများအလိုက် တာဝန်ခံ တစ်ဦးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါအားကစားရုံအတွင်း ခင်း ကျင်း ပြသထားသည့် အားကစားလေ့ကျင့်ရေးပစ္စည်းများနှင့် ပြိုင်ပွဲဝင် အားကစားသမားအား ထောက်ပံ့ပေးအပ်သွားမည့် အားကစားပစ္စည်များအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ အား ကစားကွင်းအတွင်း ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အား ကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘောလုံး၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု၊ ဖူဆယ် အားကစားသမားများ၏ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုး သားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အား ကစားနည်း(၂၁)နည်းတွင် အုပ်ချုပ်၊ နည်းပြ၊ ဒိုင်၊ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း – ၄၄၃ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။










သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



