၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစား ပြိုင်ပွဲများ ဆုချီးမြှင
မုံရွာ၊ နိုဝင်ဘာ ၂၇
၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင် ဘာလ ၂၇ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်ကိုယ်စားပြု ဆုရအားကစားအသင်းများမှ အုပ်ချုပ်/နည်းပြ/ အားကစား သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်/ခရိုင် အားကစားပြိုင်ပွဲများအား အားကစားနှင့်ကာယ ပညာဦးစီးဌာနရုံးချုပ်၏ အားကစားပြက္ခဒိန်ကိုအခြေခံပြီး ကျင်းပပေးခဲ့သည့်အပြင် ယခုဝန်ကြီး ဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ အားကစား ပြိုင်ပွဲများကိုလည်း အခါအားလျော်စွာ ကျင်းပပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုလို အားက စားပြိုင်ပွဲများကျင်းပပေးရခြင်းအားဖြင့်အားကစား နည်းအလိုက် လူငယ်မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ်ပေးနိုင်မှာဖြစ်ပြီး နိုင်ငံတော်၏ အားကစားအဆင့် အတန်းတိုးတက်မြင့်မားလာစေကာ ပြည်သူလူထုအတွင်း ဆေးလိပ်၊ အရက်၊ ကွမ်းယာ နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုများ တစ်ဖက်တစ်လမ်းမှ လျော့နည်းကင်းဝေးနိုင်မည်ဖြစ်ကာ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံတော်မှ အားထားရသော လူငယ်လူရွယ်အင်အားစုတစ်ရပ်အား မွေးထုတ်ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုကျင်းပခဲ့သည့် ဝန်ကြီးဌာနများနှင့်တက္ကသိုလ်/ ဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကြီးအား တိုင်းဒေသကြီးအဆင့်နှင့်လျှော်ညီစွာ အောင်အောင် မြင်မြင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် အားကစားနည်းအလိုက် ပြိုင်ပွဲဝင် အသင်းတိုင်းမှ တာဝန်ရှိသူများ အုပ်ချုပ်/နည်းပြ/အား ကစားသမားများနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူအားလုံးအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄- ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစား ပြိုင်ပွဲများတွင် စုပေါင်းတံခွန်စိုက်ဆု ပထမဆုရရှိသည့် လူမှုရေးရာဝန်ကြီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် စည်ပင်သာယာရေးအဖွဲ့နှင့် တတိယဆုရရှိသည့် မုံရွာပညာရေးဒီဂရီ ကောလိပ်တို့မှ အသင်းအုပ်ချုပ်သူများထံ တံခွန်စိုက်ဆုနှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ၏ဇနီးက စုပေါင်းနှစ်သိမ့် တံခွန်စိုက်ရရှိသည့် ကွန်ပျူ တာ/နည်းပညာ/စက်မှုလက်မှုအသင်းအားဆုတံဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္က သိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက ဝန်ကြီးဌာန များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်းမှ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိကြသော ပြိုင်ပွဲဝင်အသင်းများအား ဆုတံဆိပ်၊ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စုပေါင်းနှစ်သိမ့် တံခွန်စိုက်ဆုများအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီအဆင့် ဌာနဆိုင်ရာများ ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်အနားတွင် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသည့် ဘင်ခရာ/ ပန်းပွား၊ Fitness Dance နှင့် အလံကိုင်/ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာသူများ၊ ဝန်ကြီးဌာန များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ကိုယ်စားပြု ဆုရအားကစားအသင်းများမှ အုပ်ချုပ်/ နည်းပြ/အားကစားသမားများနှင့် နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရ သည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလားဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး
မုံရွာ၊ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်ဌာနဆိုင်ရာရုံးအသီးသီး၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ ဒီဂရီ ကောလိပ်များမှ ကျောင်းသား/သူများ ချစ်ကြည်ရင်းနှီးမှုများရရှိပြီး လုပ်ငန်းခွင်အတွင်း ကျန်းမာသန်စွမ်းကာစိတ်ပျော်ရွှင်စွာဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများအား မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ရှိ သက်မှတ်အားကစားရုံများတွင် နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ အားကစားနည်း ၁၁ မျိုးအား ပြိုင်ပွဲဝင်အသင်း ၁၄ သင်းဖြင့် ယှဉ်ပြိုင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား နိုဝင်ဘာလ ၂၆ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားတွင် ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲစဉ်အဖြစ် စည်ပင် သာယာရေးအသင်းနှင့် လူမူရေးရာအသင်းတို့ ယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက တခဲနက်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘောလုံးပြိုင်ပွဲ ပထမပိုင်းပြီးချိန်တွင် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများက Fitness Dance အကတို့ ဖြင့်ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ထို့နောက် ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၌ လူမှုရေးရာအသင်းမှ စည်ပင် သာယာရေးအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



