slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မုံရွာ၊ နိုဝင်ဘာ ၂၅

(၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခန္တီးမြို့ပေါ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ဦးစွာ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” တေးသီချင်း သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လိူင်ထံမှ ပေးပို့သော (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား/သူများ အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးက အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား/သူများ အားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား/သူများ အားလည်းကောင်း၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများက မူလတန်းအဆင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသူ များနှင့် Grade- 5 / 6 / 7 အင်္ဂလိပ်၊ သင်္ချာ ဘာသာရပ်များတွင် ထူးချွန်များရရှိကြသည့် ကျောင်း သား/သူများ အားလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီး ပေး အပ်ကြသည်။

ဆက်လက်၍ ခန္တီးမြို့၊ အခြေခံ ပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” တေးသီချင်းသီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ မြသိန်းတန် စေတီတော်ကြီးသို့ရောက်ရှိရာ စေတီတော်ကြီး ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ကမ်း ထိန်းနံရံများ တည်ဆောက်ပြီးစီးတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ခန္တီးမြိုအား ချင်းတွင်းမြစ် ရေကြီးမှုမှကာကွယ်နိုင်ရန်အတွက် မြသိန်းတန်စေတီတော်အနီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဒေသ(၆)တိုင်းဒေသကြီးရုံးမှ တာဝန်ယူ တည် ဆောက်ခဲ့သည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း သံကူကွန်ကရစ်မြေထိန်းတမံ အလျား -၁၅၀ ပေ တည်ဆောက်ပြီးစီးမှုနှင့် အဆိုပါစေတီကြီးအနီး၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကမ်းပြိုကာကွယ် ရေးလုပ်ငန်း သံကူကွန်ကရစ်မြေထိန်းတမံ အလျား -၁၅၀ ပေ တည်ဆောက် နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ကာလတွင် စံချိန် စံညွှန်းမီအရည်အသွေးကောင်းမွန်စွာ တည်ဆောက်သွားရေးသွားရေးနှင့် ချင်းတွင်းမြစ်ကြောင်း အတွင်း ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့် မြစ်ကမ်းများရေတိုက်စားမှုမှကာ ကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်တို့အား တာဝန်ရှိသူများကိုမှာကြားကာ လိုအပ်သည်များ ကိုဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20241126 12

20241126 12

20241126 12

20241126 12

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြိးချုပ် ဦးမြတ်ကျော် ခန္တီးမြို့နယ်၊ ဒေသခံတောင်သူများအား ဆောင်းနေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်

မုံရွာ၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေ ပိုင်းတွင် ခန္တီးမြို့နယ်၊ အောင်သာကျေးရွာရှိ ဒေသခံတောင်သူများအား ဆောင်းနေကြာမျိုး စေ့များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများစာရေရိက္ခာဖူလုံစေရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများမှ အလေးထားပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုကာလသည် မိုးသီးနှံများ ရိတ်သိမ်းဆဲအချိန်ဖြစ်ပြီး ဆောင်သီးနှံများစတင် စိုက်ပျိုးရန်ပြင်ဆင် နေချိန်လည်း ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စစ်မှန်သည့်အထွက်ကောင်းစပ်မျိုးများအား အသုံးပြုစိုက်ပျိုးမှသာ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဆောင်းနေကြာ မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် အထောက်အပံ့ပြုကာ ဒေသတွင်း ဆီဖူလုံမှု ပြည့်ဝလာမည်ဖြစ်ပါ၍ တောင်သူများမှလည်းစိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီ စိုက်ပျိုးနည်းစနစ်များအတိုင်း စနစ်တကျလိုက်နာစိုက်ပျိုးခြင်းဖြင့် ပန်းတိုင်းအထွက်နှုန်းများရရှိပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ခန္တီးမြို့နယ်၊ အောင်သာကျေးရွာရှိ ဆောင်းနေကြာစိုက်ဧက ၅၀ အတွက် တောင်သူ ၃၀ ဦးထံ မျိုးစေ့များနှင့်ရွတ်ဖျန်းမြေသြဇာများအား ဒေသခံတာင်သူများထံ ထောက်ပံ့ပေးအပ် ကြသည်။

ဆက်လက်ပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတာင်သူများအားထောက်ပံ့ပေးအပ်မည့် ရေဆင်း(၁)စပ်မျိုးနေကြာ မျိုးစေ့များနှင့် ရွတ်ဖြန်းမြေသြဇာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီး-ဖားလမုန်း-တာမခံ-ညောင်ပင်လမ်းပေါ်ရှိ မိုင်တိုင်- ၂/၀ မှ ၃/၀ ကြားအား လမ်းအနိမ့်အမြင့်ဖြေညှိခြင်းနှင့် ကျောက်ရောမြေခင်းခြင်း လုပ်ငန်းခွင့်သို့ရောက်ရှိရာ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ခန္တီးခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ လုပ်ငန်းများဆောင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

20241126 07

20241126 07

20241126 07

20241126 07

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.