၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လဟယ်မြို့ နယ် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၄)ဖွင့်ပွဲတက်ရောက်
မုံရွာ၊ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၂၃ ရက်၊ မွန်းလွဲပိုင်းတွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ တိုက်ရံကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး ကော်မတီနှင့်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ်(၅/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် နာဂဒေသလဟယ်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စားရေ ရိက္ခာ ဖူလုံစေရေးအတွက် စနစ်ကျ လယ်ယာများဖော်ထုတ်ပေးနေမှု အခြေအနေများနင့် လယ်ယာသုံးစက်ကိရိယာများ၊ မျိုးစေ့ချ ကိရိယာများအား ပြည့်စုံလုံလောက်မှုရှိစေရေးတို့အတွက် ထောက်ပံ့ပေးအပ်လျှက် ရှိပါကြောင်း၊ နာဂဒေသအတွင်း ရာသီဥတုကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် စနစ်ကျ ကုန်းမြင့်လယ်ယာများ ဖော်ထုတ်စိုက်ပျိုးခြင်းဖြင့် ရွေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုစနစ်ပပျောက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသား သင်တန်းသားများအနေဖြင့်လည်း ယခုသင်တန်းမှပို့ချပေးမည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု စာတွေ့၊လက်တွေ့ နည်းပညာများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာ သင်ကြားသွားကြပြီး လက်တွေ့အသုံးချခြင်းဖြင့် ဒေသအကျိုးကိုဖော်ဆောင်သူများ ဖြစ်ကြပါ စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း အမှတ်စဉ်(၅/၂၀၂၄) ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင်အသုံးပြုသွားမည့် လယ်ယာသုံး လက်တွန်းထွန်စက်များနှင့် မြေဖွစက်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၄)တွင် လဟယ်မြို့နယ်အတွင်းရှိ တိုက်ရံကျေးရွာ၊ အံ့ပေါ်ကျေးရွာ၊ ဝုန်ညူးနောင်ကျေးရွာ နှင့်လကျန်းကျေးရွာတို့မှ သင်တန်းသား ၂၀ ဦး တက်ရောက်ကာ သင်တန်းကာလ ရက်သတ္တ ၂ ပတ်ကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာရှိ ဒေသခံတောင်သူများ စားရေရိက္ခာဖူလုံစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရမှ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လယ်ယာအမြေ ၁၉၀ ဧကအတွင်းရှိ စိုက်ပျိုးထားသည့် မိုးစပါးများရိတ်သိမ်းနေမှု အခြေအနေများနှင့် စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပြီးစီးမှုနှင့် ဆောင်သီးနှံစိုက်ပျိုးရန်အတွက် ပြင်ဆင်ရန်လိုအပ်မှုများအား ကြည့်ရှုစ်စစ်ဆေးပြီး ရေရရှိသည့်နေရာများတွင် နှစ်သီးစိုက်ပျိုးရေးနှင့် ရာသီအလိုက်စိုက်ပျိုးသည့် သီးနှံများအား ပန်းတိုင် အထွက်နှုန်းရရှိစေရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း အသေးစိတ် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာရှိ ကုန်းမြင့်လယ်ယာဘက်စုံသုံးခန်းမ အလျား – ၆၀ ပေ၊ အနံ ၊ ၃၀ ပေ၊ အမြင့် – ၁၂ ပေ RC တစ်ထပ် တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး ပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် လဟယ်-လောင်ကျန်း၊ နောက်ကုန်း- တိုက်ရံ-လန်ထိန်လမ်းရှိ အရှည် – ၂၀ ပေရှိ ကွန်ကရစ်တံတား တည်ဆောက် ပြီးစီးမှုအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့ နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လဟယ်မြို့နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်နှင့် အပန်းဖြေနိုင်စေရန်အတွက် တစ်ရက်လျှင် ရေဂါလံ ၁၅၀၀၀၀ ခန့် ထွက်ရှိသည့်စိမ့်စမ်းရေအား ဆည်ပိတ်ကာ ပြန်လည်တူးဖော်ခဲ့သည့် အကျယ် ၃ ဧကကျော်နှင့် အနက် ၁၂ ပေရှိ ရေဂါလံ ၉၈ သိန်းကျော် သိုလှောင်ထားနိုင်သည့် မိုးဒါန်းကန်အား မြို့နေပြည်သူများ အပန်းဖြေအနားယူနိုင်သည့် သာယာလှပသော အနားယူလည်ပတ်ရန်နေရာအဖြစ် တိုးမြှင့်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။





စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း မြို့နှင့် ဒုံဟီးမြို့ရှိ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများ၊ ဌာန ဆိုင်ရာများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မုံရွာ၊ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့
ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် နာဂဒေသအတွင်းရှိ ဒေသခံပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေး၊ MSMEs လုပ်ငန်းများနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင်ဆောင်ရွက်ပေးနေမှုနှင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥ ပဒေစိုးမိုးရေးလုပ်ငန်းများအတွက် အလေးအနက်ထားကာ ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ကမြို့၏ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ စားရေရိက္ခာဖူလုံရေးဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် နန်းယွန်းမြို့ရှိ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက မြို့ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလိုမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့် ဆည်းပေးရန် လိုအပ်သည်များကို ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နန်းယွန်းမြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် – ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နန်းယွန်းမြို့ရှိ ဌာနဆိုင်ရာများ ဝန်ထမ်းများအတွက် ငွေကျပ်သိန်း – ၁၀ အားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးက နန်းယွန်းမြို့ရှိ နာဂရိုးရာစာပေနှင့်ယဉ်ကျေး မှုအဖွဲ့အား ငွေကျပ် – ၁၀ သိန်း အားလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ဒေသခံတောင်သူများအတွက် ကိုယ်စားလှယ်တစ်ဦးထံ ကော်ဖီ၊လိမ္မော်ပျိုး ပင်များနှင့် ရွက်ဖျန်းအားဆေးများအား ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာ ကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများ၏ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန်းယွန်းမြို့၊ အ ထွေ အထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ နန်းယွန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ထားသည့် လက်တွန်းထွန်စက်များနှင့် မျိုးစေ့ချကိရိယာများ ရောက်ရှိနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန်းယွန်းမြို့၊ ပြည်သူ့ ဆေးရုံသို့ရောက်ရှိရှာ ဆေးရုံအုပ်ကြီးထံ ဆရာဝန်/သူနာပြများအတွက် ထောက်ပံ့ငွေများပေး အပ်ပြီး ဒေသခံတိုင်းရင်းသားများ ဆေးကုသနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအား ပေးပြီး တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မိုးတွင်းကာလ အတွင်းမိုးရေကြီးမှုကြောင့် နန်းယွန်း-ရှင်ဘွေယန်ကားလမ်းမ တိုင်းယောင်းချောင်းပေါ်ရှိ အလျား – ၃၀၀ ပေ၊ အနံ – ၁၈ ပေရှိ သံဘောင်ဘေလီတံတား ပျက်စီးမှုအခြေအနေများကို လည်းကောင်း၊ နန်းယွန်းမြို့၊ တိုင်းယောင်းချောင်းပေါ်ရှိ မြို့မရပ်ကွက်နှင့် ရောကော့ရပ်ကွက် ကြားရှိ အရှည်ပေ – ၂၂၀ ပေ၊ အကျယ် – ၆ ပေရှိ ကြိုးတံတားပျက်းစီးမှုများကို လည်းကောင်း၊ နန်းယွန်းမြို့နယ်၊ မြို့ဖွံ့ဖြိုးမှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့သည့် အရှည်ပေ- ၁၆၀ ပေ၊ အကျယ်- ၁၇ ပေရှိ သံဘောင်ဘေလီတံတား ပျက်စီးနေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံတိုင်းရင်းသားပြည်သူများ သွားလာမှုအဆင်ပြေစေရေး တို့အတွက် တည်ဆောက်ရေးလုပ်ငန်းများအား အချီန်မီပြီးစီးရေးတို့အား တာဝန်ရှိသူများနှင့် ဖြည်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မိုးရေရွာသွန်းကြောင့် ပျက်စီးခဲ့သည့် လဟယ်-ရောင်ကွန်-ဒုံဟီး-နန်းယွန်းလမ်းပေါ်ရှိ အရှည်ပေ – ၂၀ ပေ၊ အကျယ် -၁၂ ပေရှိ သစ်သားတံတားနှင့် အရှည်ပေ – ၃၀ ပေ၊ အကျယ် – ၁၄ ပေရှိ သံဘောင်ဘေလီပျက်စီးနေမှုများနှင့် တောင်ပြိုကျမှုကြောင့် ကားလမ်းအရှည်ပေ ၅၀၀ ခန့် ပျက် စီးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြန်လည် တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ဒုံဟီး မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနား သို့တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နာဂဒေသတိုင်းရင်းသားပြည်သူများအတွက် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တောင်ပေါ်ဒေသ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌက မြို့၏ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများအတွက် ဒေသဖွံ့ဖြိုး ရေးနှင့်စားရေရိက္ခာဖူလုံရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး နန်းယွန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌက ဖြည်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုံဟီးမြို့ရှိ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက မြို့ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစေလိုမှုအခြေအနေများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်သည်များကို ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တိုင်းဒေ သကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နန်းယွန်းမြို့ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တာ ဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒုံဟီးမြို့ စီမံအုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ငွေ ကျပ် သိန်း – ၃၀ အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် – ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးက ဒုံဟီးမြို့ရှိ ဌာနဆိုင်ရာဝန်များအတွက် ငွေကျပ် – ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက ဒုံဟီးမြို့၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား ငွေကျပ် – ၁၀ သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည့် မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားများ၏ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။











သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



