၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းများမှ လုပ်ငန်းထူ ထောင်လိုသည့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်
မုံရွာ၊ နိုဝင်ဘာ ၁၃
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေး လက်နေမိသားစု ဝင်ငွေတိုးရေးစီမံ ကိန်း”များမှ လုပ်ငန်းထူထောင်လိုသည့် ထူးချွန်သင်တန်းသူ များအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် ထူးချွန်သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းများသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်အနက် စီးပွားရေးဦးတည်ချက် တွင် ပါဝင်သည့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင် နိုင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီပွားရေးလုပ်ငန်း (MSME)များအား ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် ရေးအား များစွာအထောက်အကူပြုမည်ဖြစ်ပါ၍ မြို့ပြနှင့်ကျေးလက်နေလူငယ်များထဲမှ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခြင်းမရှိသည့် လူငယ်လူရွယ်များ၊ အမျိုးသမီး ငယ်များ အိုးမကွာအိမ်မကွာ မိသားစုဝင်ငွေတိုးပွားအောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊ ဒေသထွက်ကုန်ကြမ်းပေါ်မူတည်၍ အသက်မွေးဝမ်းကျောင်း သင်တန်းများပို့ချ ခြင်းဖြင့် သင်တန်းတွင်ထူးချွန်ပြီး လုပ်ငန်းထူထောင်လိုသူ(၅)ဦးအားရွေးချယ်ကာ လုပ်ငန်း ထူထောင်နိုင်သည်အထိ လိုအပ်သည့်နည်းပညာနှင့် စက်ပစ္စည်းများ ထောက်ပံ့ပေး ကာလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းဆင်းများမှ အိုးမကွာအိမ်မကွာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်သူများ ပေါ်ထွန်းလာခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားပြီး မိသားစုနှင့်သားသမီးများ ပညာရေး၊ လူမှု ရေးနှင့်စီးပွားရေးများ ကောင်းမွန်လာသည့်အပြင် သွင်းကုန်အစားထိုးခြင်းနှင့် အထည်ပို့ ကုန်ကဏ္ဍ မြင့်မားလာသည့်အတွက် အသေးစား၊ အလတ်စားနှင့် အကြီးစား စက်မှု လက်မှုလုပ်ငန်းများအတွက် အထောက်အကူပြု၍ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်လာစေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေ သကြီးဦးစီးမှူး ဦးအောင်မောင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက် နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ထူးချွန်သင်တန်းသူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ နှင့်ထူးချွန်ဆုများအား အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် ထူးချွန်သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ခြေနင်းမော်တာ စက်ချုပ်စက်၊ ဓါးစက်၊ စက်ချုပ်သင်တန်းတွင် အသုံးပြုသည့် သင်ထောက်ကူပစ္စည်းများနှင့် ထူးချွန်သင်တန်းသားများကိုယ်တိုင် ချုပ် လုပ်ထားသည့် အဝတ်အထည်များအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ e-government လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ e-government စနစ် အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည e-government လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး သင်တန်းဆင်းပွဲ အခမ်း အနားကို နိုဝင်ဘာလ ၁၃ ရက်၊ မွန်းလွဲပိုင်းတွင် ကွန်ပျူ တာတက္ကသိုလ်(မုံရွာ)ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသ ကြီး e-government စနစ် အကောင်အထည်ဖော်ရေးဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်းအုပ်ကြီးနှင့် နည်းပြ ဆရာ/ဆရာများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး e-government စနစ် အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံ တော်အနေဖြင့် e-Government လုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ဌာနများကိုလည်း e-Government လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် တွန်းအား ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းသည် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်တာများအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရန် ဦးတည်သည့် ခရီးစဉ်အတွက် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအတွင်းမှာရှိသည့် ပြည်သူ/ပြည်သားအားလုံးအတွက် ပိုမိုထိရောက်သည့် ပွင့်လင်းမြင်သာမှုနှင့် လက်လှမ်းမီနိုင်သော အစိုးရတစ်ရပ်အားတည်ဆောက်ရန်အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယခုသင်တန်းတစ်လျှောက်လုံးတွင် တစ်ဦးချင်းစီ ၏ ဌာနများအပေါ်မှာထားရှိသည့် စေတနာနှင့် ကြိုးစားအားထုတ်မှုများအတွက် တစ်ယောက်ချင်းစီအား ဂုဏ်ပြုပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းမှရရှိသည့် အသိပညာနှင့် ကျွမ်းကျင်မှုများအား နေ့စဉ်လုပ်ငန်းခွင်တွင် လက်တွေ့အသုံး ချသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် တုံ့ပြန်မှု၊ ထိရောက်မှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသည့် ဒစ်ဂျစ် တယ်နည်းပညာဖြင့် စွမ်းဆောင်နိုင်သော အစိုးရတစ်ရပ် တည်ဆောက်ရန်အတွက် မိမိတို့ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နည်းပညာ၏ စွမ်းအားကိုအသုံးချခြင်းဖြင့် မိမိတို့တိုင်းဒေသကြီးအတွက် ပိုမိုတောက်ပသည့် အနာဂတ်ကိုဖန်တီး နိုင်မှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ e-Government စနစ်ကိုအောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်ရန် တာဝန်ရှိသူအားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကသင်တန်းတွင်ထူးချွန် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားအသီးသီးပေးအပ် ချီးမြှင့်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သင်တန်းနည်းပြနှင့်လ/ထနည်းပြများအတွက် နည်းပြတစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊ တိုင်းဒေသကြီး e-government စနစ် အကောင်အထည် ဖော်ရေးဦးစီးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက သင်တန်းသား/သူများကိုယ်စား သင်တန်းသား ၁ ဦးထံ သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင် တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။







သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



