၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းမဟာဘုံကထိန် ပဒေသာပင်စုစုပေါင်းတန်ဖိုးငွေ ၆၅၉ သိန်းကျော်လှူဒါန်းနိုင်
မုံရွာ နိုဝင်ဘာ ၁၀
စစ်ကိုင်တိုင်းဒေသကြီး အဖွဲ့ကကြီးမှူးပြီး တိုင်းဒေ သကြီး ၊ ခရိုင် နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် (၁၃၈၆ခုနှစ်) စုပေါင်းမဟာဘုံက ထိန်အလှူတော်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပဒေသာပင် စုစုပေါင်း တန်ဖိုးငွေကျပ် ၆၅၉၁၇၇၀၅( သိန်းခြောက်ရာငါးဆယ်ကိုးသိန်းတစ်သောင်းခုနစ်ထောင် ခုနစ်ရာငါးကျပ်) တိတိ တန်ဖိုး လှူဒါန်းနိုင်ခဲ့ကြောင်းသိရှိရပါသည် ။
စုပေါင်းမဟာဘုံက ထိန်အလှူတော်မင်္ဂလာအခမ်း အနားအား ရှေးဦးစွာ ပင့်သံဃာဆရာတော်ကြီးများနှင့်အတူ တက်ရောက်လာကြသည့် ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်အပေါင်းတို့က နမော တဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့် လှစ်ခဲ့ပြီးနောက် မုံရွာမြို့ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက်ပဓာန နာယက သက်တော်ရှည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက် တည်ခဲ့ကြပြီးနောက် ဆရာတော်ကြီးများ ရွတ်ဆိုချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများနှင့်ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ်ဦးမြတ် ကျော်နှင့်ဇနီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တပ်ရောက်လာကြသည့်ဧည့်ပရိသတ်များမှ တာဝန်ရှိသူများက ပင့်သံဃာ ဆရာတော် ၂၇ ပါးထံ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြပြီးနောက် လှူဒါန်းမှူ အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်း အနားအားရုပ်သိမ်းခဲ့ကြပြီး ပင့်သံဃာတော်ဆရာကြီးများအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် စုပေါင်းမဟာဘုံကထိန်တွင် ပဒေသာပင်စုစု ပေါင်း ၅၈ ခုအနက် ပင့်သံဃာ တော် ၂၇ ပါးအားလှူဒန်းသည့် ပဒေသာပင် ၂၇ ပင် ၊တန်ဖိုးငွေ ကျပ် (၃၆၂၇၈၃၀၀) ၊ ကထိန်ခံကျောင်းဖြစ်သော မုံရွာမြို့ တိပိဋကလက်ာရသာမဏေကျောင်းတိုက်သို့ ပဒေသာပင်လှူဒါန်းမှု တန်ဖိုးငွေ ကျပ် (၂၉၆၃၉၄၀၅)စုစုပေါင်းတန်ဖိုးငွေ ကျပ် ( ၆၅၉၁၇၇၀၅) လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။









စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်း အဝေးအမှတ်စဉ် (၁၀/၂၀၂၄) တက်ရောက်
မုံရွာ၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၂၄)ကို နိုဝင်ဘာ လ ၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှု ကော် မတီ အဖွဲ့ဝင်များ၊ ခေတ္တအတွင်းရေးမှူးနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေဖြင့် ကော်မတီမှ ခွင့်ပြုပေးပြီးနောက်ပိုင်း စက်ရုံတည်ဆောက်ရေး များစတင်ပြီး လုပ်ငန်းအမြန်ဆုံး လည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအနေဖြင့် ကုမ္ပဏီ၏ ပြောင်းလဲပြင်ဆင်လိုသည့် အစီအစဉ် များအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း မူဘောင်များနှင့် သွေဖီမှုမရှိပါက လုပ်ငန်းလုပ်ကိုင်ခွင့်များအားစီစစ်ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်များအား စည်းမျဉ်း၊စည်းကမ်းနှင့်အညီ ခွင့်ပြုပေးသွားနိုင်ရန်နှင့် ခွင့်ပြုပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး လုပ်ငန်များတိုးတက်အောင်မြင်အောင်တာဝန်ရှိသူများနှင့် ဆက်လက်ကြိုးပမ်း အားပေးကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော် မတီ ခေတ္တအတွင်းရေးမှူး၊ တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မဉ္ဇူကျော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများနှင့် စစ်ကိုင်းမြို့တွင် ဆောက်လုပ်ရေးသုံးပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ရွှေငွေအေးတိုး ကုမ္ပဏီလီမိတက်မှ အဆို ပြုချက်ပါ ရင်းနှီးမြှပ်နှံမှုအစီအစဉ် ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



