slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနား တက်ရောက်

မုံရွာ၊ နိုဝင်ဘာ ၇

(၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအရာထမ်း/အမှုထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန် ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားတွင် အခြေခံကျသည့် ဌာနတစ်ခုဖြစ်အားလျော်စွာ ဌာနမှ အဆင့်ဆင့်သော အရာထမ်း/အမှုထမ်းများသည် အုပ်ချုပ်ရေးခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ယနေ့တိုင်နိုင်ငံတော်အစိုးရ၏ ချမှတ်ထားမှုဝါဒများအား ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး လိုအပ်ချက်များအရ ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသ၍ ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ကြရာ၌ တိုင်း/ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်ဆင့်မှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများသည် ဆက်စပ်ဌာနဆိုင်ရာများ၊ ဒေသခံမြို့မိမြို့ဖများ၊ တပ်ဖွဲ့ဝင်များ၊ အစိုးရမဟုတ်သော လူမူရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမူရေး လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါနှစ်ကာ ပြည်သူ့အကျိုးပြုအတွက် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏ ထမ်းဆောင်ရ မည့်တာဝန်များ၊ စောင့်ထိန်းရမည့်ကျင့်ဝတ်စည်းကမ်းများအား လိုက်နာစောင့်ထိန်းပြီး နိုင်ငံ တော်နှင့် ပြည်သူတစ်ရပ်လုံးက အားထားရသည့် အုပ်ချုပ်ရေးဝန်ထမ်းကောင်းများ ဖြစ်လာကြ စေရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) မှပေးပို့သည့် Video Clip အား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အငြိမ်းစားဝန်ထမ်းများထံ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးမှ လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၏ ဇနီးများထံ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး၏ဇနီးက အမှတ်တရလက်ဆောင်ပစ္စည်းများအား လက်ရောက်အသီးသီးပေးအပ်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်/အောင်မြန်မာပြည်)တို့တွင် သင်တန်းထူးချွန်ဆုရရှိကြသည့် ဝန်ထမ်းများနှင့်ဌာနစုအလိုက် ရုံးလုပ်ငန်းဆောင်ရွက်မှုထူးချွန်ဆု၊ ဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်းရေး ဆောင်ရွက်မှုဆုရွေးချယ်ရေး မှတ်တမ်း Video Clip အား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်/အောင်မြန်မာပြည်)သင်တန်းများတွင် ထူးချွန်ဆုရရှိကြသည့် ဝန်ထမ်း ၂ ဦး နှင့်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဌာနစုများအလိုက် ရုံးလုပ်ငန်းဆောင်ရွက်မှု ပထမဆု ရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု ဆုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်က လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဝန်ထမ်းအိမ်ရာသန့်ရှင်းရေးဆောင်ရွက်မှု ပထမဆုရရှိသည့် ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးထံ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဌာနစုအလိုက် ရုံးလုပ်ငန်းဆောင် ရွက်မှု ဒုတိယဆုရရှိသည့် ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးထံ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက ဝန်ထမ်းအိမ်ရာသန့်ရှင်းရေးဆောင်ရွက်မှု ဒုတိယဆုရရှိသည့် ဝန်ထမ်း တစ်ဦးထံ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက ဌာနစုအလိုက် ရုံးလုပ်ငန်း ဆောင်ရွက်မှု တတိယဆုရရှိသည့် ဝန်ထမ်းများကိုယ်စား ဝန်ထမ်းတစ်ဦးထံ ဂုဏ်ပြုချီးမြှင့်ငွေ နှင့်ဂုဏ်ပြုဆုလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၏ဇနီးက ဝန်ထမ်းအိမ်ရာသန့်ရှင်းရေး ဆောင်ရွက်မှု တတိယဆုရရှိသည့် ဝန်ထမ်းတစ်ဦးထံ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစားဝန်ထမ်းများနှင့် အရာထမ်း/အမှုထမ်းဝန်ထမ်းများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20241108 01

20241108 01

20241108 01

20241108 01

20241108 01

20241108 01

20241108 01

20241108 01

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁၀/၂၀၂၄) အစည်းအဝေး တက်ရောက်

မုံရွာ၊ နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ (၁၀/၂၀၂၄) အစည်းအဝေးကို နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးခရီးသွားလုပ်ငန်း ကော်မတီများအနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဘိုးဘွားအမွေအနှစ်ရှေးဟောင်းယဉ် ကျေးမှုဆိုင်ရာ အရင်းအမြစ်များအား ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် ဒေသခံပြည်သူလူထု အကျိုးရှိစေမည့် လုပ်ငန်းများအားလုပ်ဆောင်ရင်း ခရီးသွားလုပ်ငန်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုလို အစည်းအဝေးပြုလုပ်ရသည့် အတွက် ဟိုတယ်၊တည်းခိုရိပ်သာများ၏ အခြေအနေမှန်အားသိရှိရပြီး လိုအပ်ချက်များအား အချိန်နှင့်တပြေးညီ ပေါင်းစပ်ဖြည့်ဆည်း ညှိနှိုင်းပေးနိုင်ခြင်းတို့ကြောင့် လက်တွေ့ကျသည့် တိုးတက်မှုများနှင့် အကျိုး ကျေးဇူးများ ရရှိနေပြီဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာ ယာလှပရေး၊ ခရီးစဉ်ဒေသများအလိုက် ခရီးသွားများအတွက် လိုအပ်သည့်အထောက်အကူပြု ပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ လမ်းတံတား၊ ပလက်ဖောင်းများကအစ လှပအောင်ဆေးသုတ် ခြင်း၊စားသောက်ဆိုင်၊ အမှတ် တရပစ္စည်းအရောင်းဆိုင်စသည်များ စည်းကမ်းတကျ ဖြစ်စေရေးတို့ အတွက် ခရီးသွားလုပ်ငန်းနယ်ပယ်မှ တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွား လုပ်ငန်းဆိုင်ရာများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၉/၂၀၂၄ ၏ အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများ၊ ယခု အစည်း အဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီး သွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်း ကျင်များတွင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဟိုတယ်/တည်းခိုရိပ်သာ ဆိုင် ရာသင်တန်းများဖွင့်လှစ်သွားမည့် အခြေအနေများ၊ လုံခြုံရေးအခြေအနေများနှင့် ပတ်သတ်၍ အသီး သီး အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ် ငန်းကော်မတီဥက္ကဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20241107 01

20241107 01

20241107 01

20241107 01

20241107 01

20241107 01

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ဒေသန္တရ အချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.