၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့တွင် နိုင်လွန်ကတ္တရာလမ်း ၈ လမ်း ဖွင့်လှစ်
မုံရွာ၊ ဇန်နဝါရီ ၁
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်း၊ ရတနာပုံရပ်ကွက်ရှိ အမှတ် ၁၊ အမှတ် ၂ ၊ အမှတ် ၃ ၊ အမှတ် ၄ ၊ အမှတ် ၅ လမ်းနှင့် မြသီတာလမ်း၊ လယ်တီရပ်ကွက် ဓမ္မာရုံလမ်း စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၈ လမ်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁ ရက်၊ နံနက် ပိုင်းတွင် မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်းသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် မုံရွာမြို့တွင်းလမ်းများအားလုံး ခေတ်မီနိုင်လွန်ကတ္တရာလမ်း များဖြစ်ပေါ် စေရေးအတွက် နိုင်လွန်ကတ္တရာစက်ရုံနှင့် ဆက်စပ်ယန္တရားအပြည့်အစုံအား စီစဉ်ဆောင် ရွက်ပေးခဲ့ရာ ယခုဆိုလျင် တစ်မြို့လုံးအနေဖြင့် နိုင်လွန်ကတ္တရာလမ်းပေါင်း ၁၅၅ လမ်း အရှည်မိုင်အားဖြင့် ၆၁ မိုင်၊ ၀.၇၁ ဖာလုံ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ မြို့ပေါ်ရှိလမ်း များအားအဆင့်မြှင့်တင် ဆောင်ရွက်ပေးသကဲ့သို့ စေျးအသစ်များအကာင် အထည်ဖော် ခြင်း၊ ဈေးဟောင်းများပြုပြင်မွမ်းမံအဆင့်မြှင်တင်ဆောင်ရွက်ပေးခြင်း၊ လူထုအပန်းဖြေ နားနေရန် နေရာများဆောင်ရွက်ပေးခြင်းနှင့် မြို့သာယာလှပရေးလုပ်ငန်းများအား အသစ်ဖန်တီးဖော်ဆောင်၍ ပြည်သူများ၏လိုအပ်ချက်အား အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်း၊ ရတနာပုံရပ်ကွက်၊ အမှတ် ၁၊ အမှတ် ၂ ၊အမှတ် ၃ ၊ အမှတ် ၄ ၊ အမှတ် ၅ လမ်းနှင့် မြသီတာလမ်း၊ လယ်တီရပ်ကွက် ဓမ္မာရုံလမ်း စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၈ လမ်းနှင့် ပတ်သက်သည့် လုပ်ငန်းဆိုင် ရာများဆောင်ရွက်ခဲ့မှု အခြေအနေအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကိုကိုလွင် တို့က မုံရွာမြို့၊ အလုံရပ်ကွက်၊ ဗန္ဓုလလမ်း၊ ရတနာပုံရပ်ကွက်၊ အမှတ် ၁၊ အမှတ် ၂ ၊အမှတ် ၃ ၊ အမှတ် ၄ ၊ အမှတ် ၅ လမ်းနှင့် မြသီတာလမ်း၊ လယ်တီရပ်ကွက် ဓမ္မာရုံလမ်း စုစုပေါင်း နိုင်လွန်ကတ္တရာလမ်း ၈ လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဘင်ခရာ/ပန်းပွားအဖွဲ့များ အားဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့် အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာ မြို့၊အလုံရပ်ကွက်၊ ဗန္ဓုလလမ်းသည် အရှည် ၂၅၃၅ ပေ၊ အကျယ် ၁၈ ပေ၊ ရတနာပုံ ရပ်ကွက်အမှတ်(၁)လမ်းသည် အရှည် ၈၀၀ ပေ၊ အမှတ်(၂)လမ်းသည် အရှည် ၉၁၀ ပေ၊ အမှတ်(၃)လမ်းသည် ၁၀၀၀ ပေ၊ အမှတ်(၄)လမ်းသည် အရှည် ၁၁၂၀ ပေ၊ အမှတ်(၅) လမ်းသည် အရှည် ၁၂၅၀ ပေ၊ မြသီတာလမ်းသည် အရှည် ၅၃၀ ပေ၊ လယ်တီရပ်ကွက် ဓမ္မာရုံလမ်းသည် အရှည် ၈၀၀ ပေဖြစ်ကာ နိုင်လွန်ကတ္တရာလမ်း ၈ လမ်း၏ စုစုပေါင်း အရှည် ၈၉၄၅ ပေအား မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့ သစ်ရပ်ကွက်ရှိ ဗန္ဓုလ ဈေး၌ အလျား – ၁၂ ပေ၊ အနံ – ၁၀ ပေရှိ ဈေးဆိုင်ခန်းပေါင်း ၄၄ ခန်းပါဝင်သည့် အလျား – ၂၇၉ ပေ၊ အနံ – ၂၄ ပေ RC ၂ ထပ်အဆောက်အဦသစ် တည် ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။




စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစား သမားများ/အုပ်ချုပ်/ နည်းပြများအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
မုံရွာ၊ ဒီဇင်ဘာ ၂၈
၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန် အားကစားသမားများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများ/ အုပ်ချုပ်/နည်းပြများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆုရအားကစားသမားများ၊ အုပ်ချုပ်/နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုကျင်းပပြီးသွားသည့် ပဉ္စမ အကြိမ်အမျိုးသားအားကစားပွဲတော်သည် ပြည်တွင်း၌ကျင်းပသည့် အားကစားပြိုင်ပွဲများ အနက်အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုလည်းဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်တာဝန်ရှိသူများ အုပ်ချုပ်/နည်းပြများ အားကစားသမားများ အားလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်ပြီး အစွမ်းကုန်ကြိုးစားအားထုတ် ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲကြီးတစ်ပွဲ ဖြစ်ခဲ့ပါကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှ မိမိတို့တိုင်းဒေသကြီး အနေဖြင့် မြန်မာ့လက်ရွေးစင်ပဏာမအဖြစ် ဘတ်စကက်ဘော အမျိုးသား(၅)ဦး၊ ကာယ ကြံ့ခိုင်မှု အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁)ဦး ရွေးချယ်ခံခဲ့ရပြီး အလေးမပြိုင်ပွဲတွင်လည်း အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးသည် တိုင်းဒေသကြီးနှင့်ပြည်နယ် စံချိန်ချိုးပြီး ရွှေတံဆိပ်ဆုအား ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါကြောင်း၊ယခုပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရွှေ/ငွေ/ကြေး ဆုတံဆိပ်များ ရရှိအောင် ကြိုးစားအားထုတ်ပေးခဲ့ကြသည့် အုပ်ချုပ်/နည်းပြများနှင့် အားကစားသမား များအား ယခုလိုထပ်မံဂုဏ်ပြု ချီးမြှင့်ပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အသင်းအောင်မြင်ရန်အတွက် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ ဇွဲ၊ စိတ်ဓါတ်အားအခြေခံ၍ အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် အကောင်းဆုံးကြိုးစားယှဉ် ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးအတွက် ဆုတံဆိပ်များရယူပေးနိုင်ခဲ့ကြသလို နောင်လာမည့် အားကစားပြိုင်ပွဲများတွင်လည်း ယခုလိုအောင်မြင်မှုထက်ပိုမြင့်သည့် အောင်မြင်မှုများ ရရှိနိုင်အောင် လေ့ကျင့်အားထုတ်ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပြည်နယ်နှင့်တိုင်းဒေသကြီး အားက စားပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက်ဆုဖလား ရရှိခဲ့ကြ သည့်ပြေးခုန်ပစ်အသင်းမှ အသင်းအုပ်ချုပ်သူနှင့် အသင်းခေါင်းဆောင်များမှ တံခွန်စိုက် ဆုဖလားများ အပ်နှံကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် နှင့်တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်း ဆောင်ပေးခဲ့ကြသည့် အုပ်ချုပ်/နည်းပြများနှင့် ရွှေတံဆိပ်ဆုရ ထူးချွန်အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများက ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ် ဆောင်ထူးချွန်အားကစားသမားများ၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်နှင့်တိုင်း ဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ငွေတံဆိပ်/ကြေးတံဆိပ်ဆုများ ရရှိခဲ့ကြသည့် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီး မြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများ မှပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဆုများရရှိခဲ့သည့် အားကစားနည်းများ နှင့်ပြည်ပပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော အားကစားနည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်နေမှု Video Clip အား ကြည့်ရှုအားပေးကြကာ ဆုများရရှိခဲ့ကြသည့် အုပ်ချုပ်/နည်းပြ/ အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အဆိုပါ ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားစားပြိုင်ပွဲကြီးအား အားကစား နည်း ၂၃ နည်းဖြင့်ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အားကစားနည်း ၂၁ နည်း၌ ပြိုင်ပွဲဝင်အားကစားသမား ကျား/မစုစုပေါင်း – ၃၄၁ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ ရွှေတံဆိပ်- ၂၁ ဆု၊ ငွေတံဆိပ်- ၂၀ ခု၊ ကြေးတံဆိပ်- ၂၁ ဆုရရှိခဲ့ပြီး တိုင်းဒေသ ကြီးနှင့်ပြည်နယ် ၁၅ ခု၌ အဆင့် ၄ ရရှိခဲ့ကြောင်း သိရသည်။





သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



