slide-02
စစ်ကိုင်းတောင်
previous arrow
next arrow

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သတင်း အချက်အလက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

မုံရွာ၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ၂၀၂၄-ခုနှစ်၊ ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန် သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မုံရွာမြို့ပေါ် ရှိတက္ကသိုလ်/ဒီဂရီကောလိပ်များ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့မှ ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ၊ မြို့နေ ပြည်သူများနှင့် အား ကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်ရပ်ကွက်နေပြည်သူ အင်အား ၄၀၀၀ ကျော်မှ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်ရှိ သက်မှတ်နေရာများတွင် အသီးသီးနေရာယူကြပြီး အချက်ပြအလံ ဝှေ့ရမ်းကာ သက်မှတ်နေရာများမှစတင်၍ ပြင်ထောင်စုရင်ပြင်မှ အနောက်ဘက်ကန် သာယာကန်တစ်ပတ်အား ကန်ပတ်လမ်းတစ်လျှောက် တစ်ပျော်တစ်ပါး စုပေါင်းလမ်း လျှောက်ခဲ့ကြသည်။

ယင်းနောက် အရှေ့ဘက်ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်သို့ ပြန်လည်ဝင် ရောက်ခဲ့ကြပြီး အဆိုပါရင်ပြင်၌ ၆ ပေခြား စနစ်တကျနေရာယူကြကာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့် ခန်း အမှတ် စဉ်(၁)အမှတ်စဉ်(၂)သရုပ်ပြသမှုနှင့် Physical Fltness Dance တေးသီချင်းများဖြင့် သွေးပူ လေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်း လျှောက်ပွဲသို့ တက်ရောက် လာသူများအား လူမှုရေးရာဝန်ကြီးဌာနမှ ဧည့်ခံကျွေးမွေးသည့်နံနက်စာများအား တစ်ပျော်တစ်ပါး စားသုံးနေမှုများနှင့် ကံစမ်းမဲများဖွင့် ဖောက်ပေး နေမှုများအား လိုက်လံကြည့်ရှုအားပေးကာဆုမဲပေါက် သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

20241228 01
20241228 02
 
20241228 03
20241228 04

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်

မုံရွာ၊ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်(ပထမနှစ်ဝက်)မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ပဉ္စဗလဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသား/သူမောင်မယ် များအား ယခုလိုသင်တန်းများဖွင့်လှစ်ပြီး သင်ကြားပို့ချပေးရသည့် ရည်ရွယ်ချက်အနေ ဖြင့်ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများအား ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် ဆရာလုပ်ငန်းတာဝန်များအား တန်ဖိုးထား၍ ဘာသာရပ်ကျွမ်းကျင်ပြီး ဆရာအတတ် ပညာအရည်အသွေးမြင့်မားသည့် အခြေခံပညာဆရာ/ဆရာမများ ဖြစ်လာစေရေး လေ့ကျင့်သင်တန်းပေးနိုင်ရန်အတွက် ဖြစ်ပါကြောင်း၊ အခြေခံပညာဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းသား/သူများ အရည်အသွေးအာမခံချက်အပြည့်ရှိသည့် အခြေခံပညာရရှိရေး အတွက်ဆရာများသည် အဓိကကျသည့် အခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ နိုင်ငံတော်မှအားကိုးအားထားပြုရသည့် အရည် အချင်းပြည့်ဝသော လူငယ်များအား မွေးထုတ်ပေးနိုင်ရန်အတွက် ဆရာ၊ဆရာမများ၏ သင်ကြားပြသမှု သွန်သင်ဆုံးမမှု ကောင်းမွန်ခြင်း အပေါ်တွင်မူတည်ပါကြောင်း၊ ကျောင်းသား/သူများ၏ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာအား မှန်ကန်အောင်တည့်မတ်ပေးရေးသည် ဆရာ/ဆရာမ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တစ်ခုတည်ထောင်ရာတွင် ပညာရေးကဏ္ဍသည် အလွန်ပင်အရေးကြီးသည့်အတွက် အရည်အသွေးပြည့်ဝသည့် ဆရာ/ဆရာမကောင်း များဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာပညာရေးဒီဂရီကောလိပ် ပထမ နှစ်(ပထမနှစ်ဝက်) ကျောင်းသား/သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် – ၅၇၅၀၀၀၀ (ငါးဆယ်ခုနှစ်သိန်းငါးသောင်းကျပ်)အား လည်းကောင်း၊ မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းသား/သူများအတွက် ကျောင်းအုပ်ကြီးထံ ငွေကျပ် – ၁၀ သိန်းတို့အား ပေးအပ်ချီးမြှင့် သည်။

ဆက်လက်ပြီး မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြကာ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင်စိုးက ကပြဖျော်ဖြေပေးသွားကြသည့် ကျောင်းသား/သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

20241227 001
20241227 002
20241227 003

သတင်း အချက်အလက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေး‌​တွေ့ရှိချက်

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

ကြေညာချက်များ

No Results Found

The page you requested could not be found. Try refining your search, or use the navigation above to locate the post.