၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ
သတင်း အချက်အလက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မုံရွာမြို့၌ သီတင်းကျွတ် ဆီမီးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
မုံရွာ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဆီမီး၅၀၀၀ ပူဇော်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက မုံရွာမြို့၊ ရွှေစည်းခုံစေတီတော် ရင်ပြင်တော် ပရဝဏ်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သတင်းကျွတ် ဆီမီးပူဇော်ပွဲ အခမ်းအနားကို သာသနာ့ဗိမ္မာန်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့် ဇနီး ဒေါ်မြင့်မြင့်အောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ၎င်းတို့၏ ဇနီးများ တိုင်းဒေသကြီး ၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ပင့်သံဃာ (၂၇)ပါးထံသို့ သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူးဒါန်းခဲ့ကြပြီးနောက် ရွှေစည်းခုံစေတီတော် ရင်ပြင်တော်ပေါ်တွင် တိုင်းဒေကြီးဝန်ကြီးချုပ် နှင့်ဇနီး တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့သည် သီတင်းကျွတ် ဆီမီးပူဇော်ပွဲကို တက်ရောက်လာသော ဒေသခံပြည်သူများနှင့်အတူ တပြိုင်တည်း ဆီမီးထွန်းညှိပူဇော်ခဲ့ကြပြီး ရွှေစည်းခုံစေတီတော် ရင်ပြင် ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများမှဆီမီးထွန်းညှိပူဇော် နေမှုများနှင့် ဧည့်ပရိသတ်များအား စတုဒီသာကျွေးမွေးလှူဒါန်းနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သီတင်းကျွတ် ဆီမီးပူဇော်ပွဲအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မုံရွာမြို့တွင် ပထမအကြိမ်မြောက် ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆီမီးပူဇော်ပွဲကို မုံရွာမြို့ ဆုတောင်းပြည့် ဘုရားကြီးတွင်လည်း အလားတူ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ကန်သာယာ မြို့ရာပြည့်ကပ်ကျော်စေတီတွင် ဆီမီးပူဇော်ခြင်း နှင့် မီးပုံပျံလွှတ်တင်ပူဇော်ခြင်းတို့အပြင် ဌာနဆိုင်ရာများ၏ စတုဒီသာကျွေးမွေးလှူဒါန်းမှုတို့ ဖြင့် အထူးစည်ကား ခဲ့ကြောင်းသိရှိရပါသည်။





















မုံရွာတက္ကသိုလ်ကျောင်းရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်း အနားကျင်းပ
မုံရွာ၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီ တော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို အောက်တိုဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းဝန်း အတွင်းရှိ စေတီတော်ကြီး ပရဝုဏ်အတွင်းကျင်းပရာ အခမ်းအနားသို့ ပင့်သံဃာ ဆရာတော်ကြီး များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ မုံရွာမြို့ပေါ်ရှိတက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာန မှူးများ၊ ဆရာ/ဆရာမများနှင့်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ကြ ပြီး မုံရွာမြို့၊ အုတ်ကန်တောရပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တ မာနိက ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိသတ်များ ငါးပါးသီလခံ ယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာ တင်ပူဇော်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူ သည့် ပရိတ်တရားတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက နာယူ ကြည်ညိုကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက လှူဖွယ် ပစ္စည်းများနှင့် ဆွမ်း၊ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအတွက် အလှူငွေကျပ်- ၈၅၉၈၀၀၀ (ရှစ်ဆယ်ငါးသိန်းကိုး သောင်းရှစ်ထောင်ကျပ်)အား မုံရွာတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ထံ ပေးအပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များထံ ခေတ္တပါမောက္ခချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်သည်။
ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိတ်သတ် များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြပြီး ရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်ရန်အတွက် ရင်ပြင်တော်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။






သတင်း အချက်အလက်
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်စုံစမ်းစစ်ဆေးတွေ့ရှိချက်
ဒေသန္တရ အချက်အလက်များ
ခရိုင်နှင့် မြို့နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ
ပညာရေးကဏ္ဍ
ကျန်းမာရေးကဏ္ဍ
ဘာသာရေးကဏ္ဍ
ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ
၂၀၂၀ ရွေးကောက်ပွဲ စစ်ဆေးတွေ့ရှိချက်
တိုင်းရင်းသား လူမျိုးများ
ပွဲတော်များ
ကြေညာချက်များ
No Results Found
The page you requested could not be found. Try refining your search, or use the navigation above to locate the post.



